Madagascar တွင်အကျဉ်းကျခံနေရသည့် သင်္ဘောသား (၂) ဦး အမိန့်ချမှတ်ရက် ရွေ့ဆိုင်း

ရန်ကုန်၊ဇန်နဝါရီ ၁၈
Madagascar တွင်အကျဉ်းကျခံနေရသည့် သင်္ဘောသား (၂) ဦးအား ဇန်နဝါရီလ ၁၆ ရက်နေ့တွင် မိန့်ချ ဒဏ်ငွေဆောင်ရွက်ရမည်ဖြစ်သော်လည်း အမိန့်ချရက်ကို ရွေ့ဆိုင်းလိုက်ကြောင်း မြန်မာနိုင်ငံ ပင်လယ်ကူးသင်္ဘောသားအလုပ်သမားများအဖွဲ့ချုပ်မှ ဥက္ကဌ ကပ္ပတိန် ဦးစိုးမင်းအောင်က ပြောကြားခဲ့သည်။
"ပထမအကြိမ်အမိန့်ချတာက ၂၀၁၉ ခုနှစ် နှစ်ဆန်းမှာ ငါးနှစ်အမိန့်ချလိုက်တယ်။ သို့သော် ပြီးခဲ့တဲ့ ဇန်နဝါရီလ ၁၆ ရက်နေ့မှာ ဒုတိယအကြိမ်မြောက်အမိန့်ချမှတ်မယ်လို့သိရတယ်။ အဲ့ဒီမှာ ဒဏ်ငွေဆောင်ပေးဖို့ပါလာတယ်။ဒဏ်ငွေ ဆောင်ရမှာက တစ်ယောက်ကို ဒေါ်လာ ၂၀၀၀၀ စီဆောင်ရမယ်။မိသားစုကိုခေါ် ပြီးစကားပြောတယ်။ ကျွန်တော်တို့ဘက်ကတော့ အလှူခံပေးမယ့် ၊ အခုဆိုရင် အလှူခံထားတာ သိန်း ၃၀၀ နီးပါရပြီး။ ၁၆ ရက်နေ့မှာ အမိန်ကို မချဘူး။ အနောက်ကို ရွေ့ပေးလိုက်တယ်။ဒါကြောင့် မိသားစု၀င်တွေကို သင်္ဘောသား ၂ ဦး အမိန်ချတာရွေ့ဆိုင်းတဲ့ကိစ္စနဲ့အခုလို အလှူခံတာနဲ့ ပတ်သက်ပြီး ၀န်းရံပေးဖို့ မိသားစုဝင်တွေက်ိုတွေ့ဆုံခြင်းဖြစ်ပါတယ်။"ဟု ၎င်း ကပြောကြားခဲ့သည်။
Madagascar တွင်အကျဉ်းကျခံနေရသည့် သင်္ဘောသား (၂) ဦးလွတ်မြောက်ရေးနှင့် ပြန်လည်ခေါ်ဆောင်နိုင်ရေးကို မြန်မာနိုင်ငံ ပင်လယ်ကူးသင်္ဘောသားအလုပ်သမားများ အဖွဲ့ချုပ်မှ ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ နိုင်ငံခြားရေး ၀န်ကြီးဌာန အနေဖြင့်လည်း အဆိုပါကလေး၂ ယောက်ကိစ္စကို သံတမန် လမ်းကြောင်းမှ ဆောင်ရွက်ပေးပါရန်အတွက် မေတ္တာရပ်ခံထားကြောင်း၊ ဒဏ်ငွေဆောင်မည့် ကိစ္စများနှင့်ပတ်သက်၍လည်း မိသာစု၀င်များက အသနားခံစာ တင်ထားကြောင်းစသည်တို့သိရသည်။
အကျဉ်းကျခံ သင်္ဘောသား တစ်ဦးဖြစ်သူAB မောင်ရန်နောင်ဖြိုး၏ မိခင် ဒေါ်ပပ၀င်းက"သားဖြစ်သူကတော့ ၂၀၁၈ ခုနှစ် ဒီဇင်ဘာလမှာ ဖမ်းစီးချင်းခံရတာဖြစ်ပါတယ်။ ကျွန်မတို့ကတော့ အဖွဲ့ချုပ်ကနေ တ်ဆင့် စာရွက်စာတမ်းတွေလုပ်ပေးတယ်။ အခု တရာစရုံးမှာ ဒေါ်လာ ၄၀၀၀၀ ပေးဆောင်ရမယ့် ကျွန်မတို့အနေနဲ့ဘဒေါ်လာ ၂၀၀၀၀ ဆိုတာ မလွယ်ကူပါဘူး။ရာထူးက AB ရာထူးဆိုတော့ မလွယ်ကူပါဘူး။အခုလို ကိစ္စက မိသားစု တစ်စုအနေနဲ့ မလုပ်ကိုင်နိုင်ပါဘူး။ဒါကို အဖွဲ့ချုပ်က ကူးညီပေးတာပါ။ ဘာတွေလုပ်ထားပေးတယ်ဆိုတာကို အဖွဲ့ချုပ်က အမြဲတမ်းပြောပြပေးပါတယ်။အခုဒ်ကြေးဆောင်ရင်လည်း မြန်မာပြညအကို ပြန်ရောက်လာမယ်လို့ သိထားပါတယ်။ အခုလို ကူညီ လှူဒါန်းပေးတဲ့ သူတွေကိုလည်း ကျေးဇူတင်ပါတယ်။ ဟု ပြောကြားခဲ့သည်။
သင်္ဘောသား ၂ဦး၏ ဒဏ်ကြေးမှာ ဒေါ်လာပေါက်စျေးအတိုင်း ၀ယ်ယူမည်ဖြစ်ပါက မြန်မာငွေ သိန်း တစ်ကျော် ကုန်ကျမည်ဖြစ်ကြောင်း၊ လက်ရှိတွင်လည်း သင်ဆိုင်ရာ အဖွဲ့အစည်းမျာသို့ အကူအညီ တောင်းခံစာများတင်ပြထားပြီဖြစမကြောင်း၊ Madagascar တွင်အကျဉ်းကျခံနေရသည့် သင်္ဘောသား (၂)ဦးဖြစ်သည့် သူ AB မောင်ရန်နောင်ဖြိုးနှင့် Oiler မောင်ထွန်းနောင် တို့၏ပြစ်ဒဏ်မှာ ဒုတိယအကြိမ် ပြစ်ဒဏ်ချမှတ်ခြင်ဖြစ်ကြောင်း ၊ ပထမအကြိမ်မှာပြစ်ဒဏ် ၅ နှစ်ချမှတ်ခဲ့ကြောင်းသိရသည်။

Total Views ~ 184

ဆက်စပ်အကြောင်းအရာများ

စုစုပေါင်းကြည့်ရှုသူများ

43230

© 2022 - 2025 News. All Rights Reserved.