၂၀၂၃ ဇန်နဝါရီ ၂၃
လျှပ်စစ်စွမ်းအားဝန်ကြီးဌာနသည် ပြည်သူလူထု၏ လိုအပ်လျက်ရှိသော လျှပ်စစ်ဓာတ်အားကို နည်းမျိုးစုံဖြင့် တိုးမြှင့်ထုတ်လုပ်နိုင်ရန် စီမံဆောင်ရွက်လျက်ရှိပါသည်။ ထိုသို စီမံဆောင်ရွက်နေသော်လည်း ယခုကာလများတွင် ပြည်သူလူထု၏လိုအပ်ချက်ကို လုံလောက်အောင် ဖြည့်ဆည်းပေးနိုင်မှုမရှိသဖြင့် ထုတ်လုပ်ပေးနိုင်မှုကိုအခြေခံ၍ မျှတစွာခွဲဝေခံစားရရှိနိုင်ရန် စီမံဆောင်ရွက်ဖြန့်ဖြူးလျက်ရှိပါသည်။
ထိုသို ဆောင်ရွက်နေသည့်ကာလတွင် NUG လက်ဝေခံ PDF အမည်ခံအကြမ်းဖက်သမားများမှ ပြည်သူများ၏ လျှပ်စစ်ဓာတ်အားလိုအပ်ချက်ကို ထုတ်လုပ်၊ ပိုလွှတ်၊ ဖြန့်ဖြူး ပေးလျက်ရှိသော လျှပ်စစ်ပိုင်းဆိုင်ရာ အခြေခံအဆောက်အအုံများအား ဖောက်ခွဲဖျက်ဆီးမှုများ ရည်ရွယ်ချက်ရှိရှိဖြင့် ပြုလုပ်လျက်ရှိရာ ၂၂-၁-၂၀၂၃ ရက်နေ့တွင် ဘီလူးချောင်းရေအားလျှပ်စစ်ဓာတ်အားပေးစက်ရုံများမှ ထွက်ရှိသည့် လျှပ်စစ်ဓာတ်အားကို နိုင်ငံတော်ဓာတ်အားစနစ်သို ပိုလွှတ်ပေးလျက်ရှိသည့် ၁၃၂ ကေဗွီ ဘီလူးချောင်း(၂)- တီကျစ်နှစ်ထပ်ဓာတ်အားလိုင်း၏ ကယားပြည်နယ်၊ လွိင်ကော်မြိုနယ်အတွင်းရှိ တာဝါတိုင်(၁)တိုင်ကို ထပ်မံဖောက်ခွဲဖျက်ဆီးခဲ့သဖြင့် တာဝါတိုင်(၁)တိုင် ပြိုလဲပျက်စီးခဲ့ပါသည်။ အဆိုပါ ဓာတ်အားလိုင်းမှာ ယခုအကြိမ်အပါအဝင် စုစုပေါင်း (၈) ကြိမ်နှင့် တာဝါတိုင်ပေါင်း(၂၃) တိုင် ဖျက်ဆီးခံခဲ့ရသော်လည်း လျှပ်စစ်စွမ်းအားဝန်ကြီးဌာနအနေဖြင့် အမြန်ဆုံးပြင်ဆင်နိုင်ရေးကို စီမံဆောင်ရွက်လျက်ရှိပါသည်။
NUG လက်ဝေခံ PDF အမည်ခံအကြမ်းဖက်သမားများမှ ရည်ရွယ်ချက်ရှိရှိဖြင့် အများပြည်သူသို လျှပ်စစ်ဓာတ်အားဖြည့်ဆည်းပေးလျက်ရှိသည့် လျှပ်စစ်ဓာတ်အားပေးစက်ရုံများ၊ လျှပ်စစ်ဓာတ်အားလိုင်းများနှင့် ဓာတ်အားခွဲရုံများအား ဖောက်ခွဲဖျက်ဆီးခဲ့သည့် အကြိမ်ပေါင်း(၂၁၈)ကြိမ် ဖောက်ခွဲဖျက်ဆီးခဲ့ရာ လျှပ်စစ်စွမ်းအားဝန်ကြီးဌာနအနေဖြင့်လည်း လုံခြုံရေးအဖွဲများနှင့်ပူးပေါင်းကာ ပြင်ဆင်ခြင်းလုပ်ငန်းများအား ဆောင်ရွက်လျက်ရှိပါကြောင်း သတင်းထုတ်ပြန်အပ်ပါသည်။