၂၀၂၃ စက်တင်ဘာ ၃
တရုတ်နိုင်ငံ ဟန်ကျိုးမြို့တွင် ကျင်းပလျက်ရှိသည့် (၁၉)ကြိမ်မြောက် အာရှအားကစား ပြိုင်ပွဲတွင် ရိုးရာလှေ(နဂါးလှေ)ပြိုင်ပွဲအား သုံးရက်ကြာ ကျင်းပမည်ဖြစ်ပြီး အဆိုပါပြိုင်ပွဲတွင် မြန်မာ့ရိုးရာလှေအဖွဲ့မှ ပြိုင်ပွဲအမျိုးအစား ခြောက်မျိုးအား ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်ကြောင်း သိရသည်။
ရိုးရာလှေ(နဂါးလှေ) အားကစားနည်းတွင် ပြိုင်ပွဲအမျိုးအစား ခြောက်မျိုး ထည့်သွင်းကျင်းပ မည်ဖြစ်ပြီး အောက်တိုဘာ ၄ ရက်မှ ၆ ရက်ထိ သုံးရက်ကြာ ကျင်းပမည် ဖြစ်သည်။
မြန်မာ့ရိုးရာ လှေအဖွဲ့သည် ပြိုင် ပွဲအမျိုးအစား ခြောက်မျိုးအား ဝင်ရောက် ယှဉ်ပြိုင်မည်ဖြစ်ပြီး အမျိုးသား ၁၄ ဦး၊ အမျိုးသမီး ၁၄ ဦး စုစုပေါင်း ၂၈ ဦးဖြင့် ဝင်ရောက် ယှဉ်ပြိုင်သွားမည်ဖြစ်ကြောင်း၊ ပွဲစဉ်ရေးဆွဲထားမှုအရ အောက်တိုဘာ ၄ ရက်တွင် မီတာ ၂၀၀ အမျိုးသား ၁၂ တက် လှော်ပြိုင်ပွဲ၊ မီတာ ၂၀၀ အမျိုးသမီး ၁၂ တက်လှော်ပြိုင်ပွဲ၊ အောက်တိုဘာ ၅ ရက် တွင် မီတာ ၅၀၀ အမျိုးသား ၁၂ တက်လှော် ပြိုင်ပွဲ၊ မီတာ ၂၀၀ အမျိုးသမီး ၁၂ တက် လှော်ပြိုင်ပွဲ၊ အောက်တိုဘာ ၆ ရက်တွင် မီ တာ ၁၀၀၀ အမျိုးသား ၁၂ တက်လှော်ပြိုင်ပွဲ၊ မီတာ ၂၀၀ အမျိုးသမီး ၁၂ တက်လှော်ပြိုင်ပွဲ များ ကျင်းပမည်ဖြစ်သည်။
အာရှအားကစားပြိုင်ပွဲတွင် ရိုးရာ လှေ(နဂါးလှေ)အားကစားနည်းကို တတိယအကြိမ် ထည့်သွင်းကျင်းပခြင်းဖြစ်ပြီး ၂၀၁၀ ပြည့်နှစ် ကွမ်ကျိုး အာရှအားကစားပြိုင်ပွဲ တွင် ပထမအကြိမ်၊ ၂၀၁၈ ခုနှစ် အင်ဒိုနီး ရှား အာရှအားကစားပြိုင်ပွဲတွင် ဒုတိယအ ကြိမ်ကျင်းပခဲ့ကြောင်း သိရသည်။