Breaking

အမျိုးသားဒီမိုကရေစီပါတီသစ် ပါတီပြည်သူ့လွှတ်တော် ၊ မင်္ဂလာဒုံမြို့နယ် မဲဆန္ဒနယ် ကိုယ်စားလှယ်လောင်း ဦးဇော်ဇော် နှင့် မြန်မာနိုင်ငံ တောင်သူလယ်သမားဖွံ့ဖြိုးတိုးတက်ရေးပါတီ တိုင်းဒေသကြီးလွှတ်တော် မင်္ဂလာဒုံမြို့နယ် မဲဆန္ဒနယ် မှ ဦးညီညီထွန်းတို့မှ ပြည်သူများနှင့် ထိတွေ့၍ လက်ကမ်းစာစောင်များဝေ

ရန်ကုန်၊ ဒီဇင်ဘာ ၁၉
    အမျိုးသားဒီမိုကရေစီပါတီသစ် ပါတီပြည်သူ့လွှတ်တော် မင်္ဂလာဒုံမြို့နယ် မဲဆန္ဒနယ် ကိုယ်စားလှယ်လောင်း ဦးဇော်ဇော် နှင့် မြန်မာနိုင်ငံ တောင်သူလယ်သမားဖွံ့ဖြိုးတိုးတက်ရေးပါတီ တိုင်းဒေသကြီးလွှတ်တော်၊မင်္ဂလာဒုံမြို့နယ်  မဲဆန္ဒနယ်  ကိုယ်စားလှယ်လောင် ဦးညီညီထွန်းတို့မှ ပြည်သူများနှင့် ထိတွေ့၍ လက်ကမ်းစာစောင်များဖြန့်ဝေခြင်းကို ဒီဇင်ဘာ(၁၉) ရက်နေ့တွင် ပြုလုပ်ခဲ့သည်။ 
   အမျိုးသားဒီမိုကရေစီပါတီသစ် ပါတီပြည်သူ့လွှတ်တော် မင်္ဂလာဒုံမြို့နယ် မဲဆန္ဒနယ် ကိုယ်စားလှယ်လောင်း ဦးဇော်ဇော်၏ ကိုယ်စားလှယ် ဦးထင်ကျော်က"ပါတီဆိုတာ ပြည်သူနဲ့တွေ့ဆုံဖို့လိုတယ်လေ။ ပါတီက ကိုယ်စားလှယ်လောင်းတွေကလည်း ပြည်သူထဲက ပြည်သူဖြစ်တဲ့အတွက်ကြောင့် ပြည်သူကိုပါတီနဲ့မိတ်ဆက်ခြင်း၊ ကိုယ်စားလှယ်လောင်းရဲ့ ကတိကဝတ်ကို ပြည်သူတွေကိုသိရှိစေချင်တယ်။ ဒီအတွက်မြေပြင်ကိုဆင်းပြီးတော့ လက်ကမ်းစာဆောင်ဝေငှါ့တာပါ။ အခုဒီမှာ ပါတီနှစ်ခုပေါ့ အမျိုးသားဒီမိုကရေစီပါတီသစ်နဲ့မြန်မာနိုင်ငံတောင်သူလယ်သမား ဖွံ့ဖြိုးတိုးတက်ရေး ပါတီလည်းတွေရမှာပါ။ ကျွန်တော်တို့ ခေါင်းစဥ်က ပါတီစုံဒီမိုကရေစီဆိုတာ ပါတီတွေကပူးပေါင်းမယ်၊ဆောင်ရွက်မယ်၊ လွှတ် တော်ထဲရော လွှတ်တော်ပြင်ပရော ပြည်သူနဲ့တွေ့တဲ့အခါမှာ နွေးနွေးထွေးထွေးမြိုင်မြိုင် ဆိုင်ဆိုင်တွေ့ချင်လို့ ပူးပေါင်းဆောင်ရွက်တာဖြစ်ပါတယ်။ ကျွန်တော်တို့က မျိုးဆက်သစ်လူငယ်တွေကိုနေရာပေးချင်လို့ အခုလိုခွန်အားတွေပေးချင်လို့ ဆောင်ရွက်နေတာဖြစ်ပါတယ်"ဟု ပြောကြားခဲ့သည်။
    ၂၀၂၅ ပါတီစုံ ဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲသည် ပြည်သူလူထုအတွက် အပြောင်းအလဲတစ်ခုကို ဖန်တီပေးနိုင်သည့် အရွေ့တစ်ခုဖြစ် ကြောင်း၊ အစိုးရသစ်တစ်ရပ်ဖြင့် လွှတ်တော်ကြီးပေါ်ပေါက်လာပါက ကိုယ်စားလှယ်လောင်များအနေဖြင့် အမတ်လောင်းများဖြစ်ကာ ပြည်သူများအတွက် အလုပ်လုပ်ပေးရန်သာလိုအပ်ကြောင်း၊ လက်ရှိ မြေပြင်အခြေအနေတွင် ပါတီနှင့်ပတ်သက်၍ လက်ကမ်းစာဆောင်များ ဝေငှရာ တွင်လည်း တာဝန်ရှိသူများနှင့် ပြည်သူလူထုမှ နွေးထွေးစွာကြိုဆိုကြကြောင်း ၎င်းကပြောကြားခဲ့သည်။ 
" အခုလို စည်းရုံးရေးဆင်းတာတော့ ငါးရက်မြောက်ပေါ့နော်။ မင်္ဂလာဒုံမြို့နယ်က နယ်မြေလည်ကျယ်ပြန်တယ်။ ပြည်သူတွေထိတွေ့မှု ရှိအောင် ကျွန်တော်တို့အနေနဲ့ Do toDoစနစ်နဲ့ လိုက်လံဝေငှါတာဖြစ်ပါတယ်။ အခုလက်ကမ်းစာဆောင် ဝေငှာတဲ့အခါမှာ အမျိုးသားဒီမိုကရေစီပါတီသစ်  ပါတီနဲ့အတူ ဆောင်ရွက်တာက ပါတီစုံဒီမိုကရေစီ စနစ်ဖြစ်တဲ့အတွက် ပြည်သူထံကိုအခုလိုပူးပေါင်းပြီး လက်ကမ်းစာဆောင်တွေဝေပေးတာဖြစ်ပါတယ်။ ပါတီတွေလည်း ဝင်ရောက်အရွေးချယ်ခံပါလားဆိုပြီး သိရှိပြီး မဲပေးမယ်လို့လည်း ပြောသံကြားရတော့ ပီတီဖြစ်ရပါတယ်" ဟု မြန်မာနိုင်ငံ တောင်သူ လယ်သမားဖွံ့ဖြိုးတိုးတက်ရေးပါတီမင်္ဂလာဒုံမြို့နယ်  မဲဆန္ဒနယ် တိုင်းဒေသကြီး ကိုယ်စားလှယ်လောင် ဦးညီညီထွန်းက ပြောကြားခဲ့သည်။
   ပြည်သူများမှ မဲပေးသည့်အခါတွင် ပြည်သူ့များ၏ လိုအပ်ချက်များကို ဆောင်ရွက်ပေးချင်သည့်အတွက် ကိုယ်စားလှယ်လောင် ဝင်ရောက်ယှဥ်ပြိုင်ခြင်းဖြစ်ကြောင်း၊ လက်ရှိတွင် ​မင်္ဂလာဒုံမြို့နယ် တိုးချဲ့ရပ်ကွက်၊ ကြံခင်းစု၊ အနန်းပင်ရပ်ကွက်နှင့် ချစ်တီးကုန်ရပ်ကွက်များရှိပြည်သူများနှင့် ထိတွေ့၍ လက်ကမ်းစာဆောင်များဝေငှပေးခြင်းဖြစ်ကြောင်း၊ လက်ကမ်းစာစောင်များဖြန့်ဝေခြင်းနှင့် မဲဆွယ်စည်းရုံးရေးများကို ဒီဇင်ဘာ (၁၅) ရက်နေ့မှ စတင်၍ ဆောင်ရွက်လျှက်ရှိကြောင်း သိရသည်။ သက်မှူး

Total Views ~ 11

ဆက်စပ်အကြောင်းအရာများ

ဆက်စပ်အကြောင်းအရာများ

စုစုပေါင်းကြည့်ရှုသူများ

59133

© 2022 - 2025 News. All Rights Reserved.