Breaking

မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်(MRF) ၏ Rice Ambassador ခန့်အပ်မည် ဆန်အကြောင်း သိ‌ကောင်းစရာပြိုင်ပွဲ ကျင်းပမည်

ရန်ကုန်၊ဒီဇင်ဘာ ၂၀

မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ် MRF နှင့် တိုင်းဒေသကြီး စားသုံးသူရေးရာဦးစီးဌာနများက ပံပိုးကူညီပြီး ညီနောင်အသင်းအဖွဲ့များ၊ ကုန်စည် ဒိုင်များ အသင်းဝင်ဆန်အ‌ရောင်းဆိုင်လုပ်ငန်းများ ပူးပေါင်းပြီး ဆန်အကြောင်း သိကောင်းစရာပြပွဲကို ဒီဇင်ဘာ ၂၄ ရက်နေ့၌ ရန်ကုန် Melia ဟိုတယ်၌ ကျင်းပမည်ဖြစ်ကြောင်း မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်မှ သိရသည်။

အဆိုပါ ပြိုင်ပွဲတွင် ဈေးသက်သာပြီး အရည်အသွေးကောင်းမွန်သည့် ဆန်ကို ရွေးချယ်ဝယ်ယူခြင်း၊ မည်သည့်နေရာများတွင် ဝယ်ယူမလဲ၊ ဈေးနှုန်းမည်မျှ ကျသင့်လဲ အစရှိသည့် အချက်အလက်များကို လူငယ်လူလတ်ပိုင်း အမျိုးသမီးများအတွက် အသိပညာပေးမည့်အစီအစဉ်ဖြစ် ကြောင်း ၊ ထို့အ​ပြင်ဆန် အမျိုးစားများ၊ဆန်အရည်သွေးအမျိုးမျိုးနှင့် အဆင့်အတန်းများ ကုန်အမှတ်တံဆိပ်အမျိုးမျိုး၊ ဈေးနှုန်းအမျိုးမျိုးချက်ပြုတ်နည်းများနှင့် အာဟာရတန်ဖိုးများ အိမ်ရှင်မများကို ဆန်အကြောင်း သိကောင်းစရာများကို လက်ဆင့်ကမ်းမျှဝေနိုင်မည် သံတမန် (Rice Ambassador ) များအဖြစ် တာဝန်ပေးအပ်ခြင်းများ လုပ်ဆောင်မည်ဖြစ်ကြောင်း သိရသည်။
  ရွေးချယ်ထားသည့် မြို့နယ်များမှ စိစစ်ရွေးချယ်ထားသည့် အိမ်ရှင်မများ လူငယ်လူလတ်များကို ဆန်အကြောင်း သိကောင်းစရာပြိုင်ပွဲများတွင် ပါဝင်ယှဉ်ပြိုင်စေပြီး MRF ၏ ဆန်အကြောင်း သိကောင်းစရာများကို လက်ဆင့်ကမ်းမျှဝေပေးမည် သံတမန်များအဖြစ် တာဝန်ပေး ခန့်အပ်မည်ဖြစ်ကြောင်း သိရသည်။
   ယင်းဆွေးနွေးပွဲသို့ တက်ရောက်လိုသူများမှာ ရန်ကုန်မြို့တွင် နေထိုင်ပြီး အသက် ၄၅ နှစ်အောက် အမျိုးသမီးဖြစ်ရမည်ဖြစ်ကြောင်း၊ မိသားစုအတွက် ဈေးဝယ်ပေးရလေ့ရှိသူဖြစ်ရမည်ဖြစ်ကြောင်း၊တည်ဆဲဥပဒေဖြင့် ပြစ်ဒဏ်ကျခံဖူးသူ၊ အမှုအခင်းရင်ဆိုင်နေရသူ မဖြစ်ရကြောင်း၊ ဆန်ဆိုင်ဖွင့်ထားသူ၊ ဆန်အရောင်းအဝယ်လုပ်နေသူ၊ ဆန်စက်/ ဆန်ကုမ္ပဏီတို့မှ ဝန်ထမ်းများ၊ ဆန်စပါးစီးပွားရေးလုပ်ငန်းလုပ်ကိုင်သည့်မိသားစုဝင်များ၊ ဆန်စပါးအသင်းအဖွဲ့များတွင် ပါဝင်ဆက်နွယ်သူ မဖြစ်ရကြောင်း အသင်းချုပ်က ထုတ်ပြန်ထားသည်။
   အဆိုပါ သံတမန်များက ၄င်းတို့နေထိုင်သည့် အနီးအနာပတ်ဝန်းကျင် အသိုက်အဝန်းတွင် မှန်ကန်သည့် ဆန်အကြောင်း သိကောင်းစရာများကို ဆက်လက်လက်ဆင့်ကမ်းမျှဝေနိုင်ရန် ရည်ရွယ်ထားကြောင့် မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်ကနေ သိရသည်။ သက်မှူး

Total Views ~ 7

ဆက်စပ်အကြောင်းအရာများ

ဆက်စပ်အကြောင်းအရာများ

စုစုပေါင်းကြည့်ရှုသူများ

59156

© 2022 - 2025 News. All Rights Reserved.