Breaking

ကချင်ပြည်နယ်ရှိ KTV/ CLUB/ BAR နှင့် စားသောက်ဆိုင်များတွင် ရောင်းချမည့် မူးယစ်ဆေးဝါး ၁ ဒသမ ၆၄ ဘီယံတန်ဖိုး ဖမ်းဆီးရမိ

၂၀၂၄၊ ဖေဖော်ဝါရီ ၂၁
    ရှမ်းပြည်နယ်မှ မန္တလေးသို့ သယ်ဆောင်လာပြီးတစ်ဆင့် ကချင်ပြည်နယ်သို့ လူမဲ့တန်ဆာဖြင့် သယ်ဆောင်၍ KTV/ CLUB/ BAR နှင့် စားသောက်ဆိုင်များတွင် ရောင်းချမည် ငွေကျပ် ၁ ဒသမ ၆၄ ဘီလီ ယံကျော်တန်ဖိုးရှိ စိတ်ပြောင်းဆေးဝါး Happy Water ၁၃ ဒသမ ၆၈ ကီလို ဖမ်းဆီး ရမိခဲ့ကြောင်း မူးယစ်ဆေးဝါးတားဆီးနှိမ်နင်း ရေးရဲတပ်ဖွဲ့မှ သိရသည်။
    ဖြစ်စဉ်သတင်းအရ မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ဖေဖော်ဝါရီလ ၁၂ ရက် နံနက် ၉ နာရီခွဲတွင် မန္တလေးတိုင်းဒေသကြီး၊ ပုသိမ်ကြီး မြို့နယ်၊ ကျောက်ချောကျေးရွာအနီးတွင် လားရှိုး-မန္တလေးသွား AD VAN ခရီးသည်တင် မော်တော်ယာဉ်ကို သတင်းအရရှာဖွေရာ ယာဉ်ပေါ်တွင် လူမဲ့တန်ဆာ တင်ဆောင်လာသည့် စိတ်ပြောင်းဆေးဝါး Happy Water ၁၃ ဒသမ ၄၇ ကီလို တွေ့ရှိသိမ်းဆည်းရမိခဲ့ခြင်း ဖြစ်သည်။
    ထပ်မံ၍ ဖေဖော်ဝါရီလ ၁၄ ရက် မွန်းလွဲ ၁ နာရီတွင် အဆိုပါ စိတ်ပြောင်း ဆေးဝါးများကို လားရှိုးမှ မြစ်ကြီးနားသို့ သယ်ဆောင်ရောင်းဝယ်သူများဖြစ်ကြသည့် ပြည့်ဖြိုးအောင်(ခ)ဆိုင်လျန်းအား မြစ်ကြီးနားမြို့၊ တပ်ကုန်းရပ်ကွက်၊ မြစ်ဖျားဧရာအဝေးပြေးကားဝင်းတွင် မော်တော်ဆိုင်ကယ် တစ်စီးနှင့် လည်းကောင်း၊ ဇာနည်မျိုးနိုင်(ခ)ဇာနည်အား မြစ်ကြီးနားမြို့၊ မြို့သစ်ရပ်ကွက် တွင် စိတ်ပြောင်းဆေးဝါး Happy Water ဂရမ် ၂၁၀၊ LEXUS မော်တော်ယာဉ်တစ်စီး နှင့်လည်းကောင်း အသီးသီး ဖော်ထုတ်ဖမ်း ဆီးရမိခဲ့သဖြင့် စုစုပေါင်း ဒေသကာလတန်ဖိုး ငွေကျပ် ၁ ဒသမ ၆၄ ဘီလီယံ ကျော်တန်ဖိုးရှိ စိတ်ပြောင်းဆေးဝါး Happy Water ၁၃ ဒသမ ၆၈ ကီလို သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။
    စစ်ဆေးဖော်ထုတ်ချက်အရ သိမ်း ဆည်းရမိ စိတ်ပြောင်းဆေးဝါး Happy Water များအား ရှမ်းပြည်နယ်မှ မန္တလေး၊ ၎င်းမှတစ်ဆင့် ကချင်ပြည်နယ်သို့ လူမဲ့တန်ဆာဖြင့် သယ်ဆောင်၍ KTV/ CLUB/ BAR  နှင့် စားသောက်ဆိုင်များတွင် ရောင်းချခြင်း ဖြစ်ကြောင်း သိရှိရသဖြင့် ၎င်းင်းတို့အား ဥပ ဒေအရ အရေးယူထားရှိပြီး ကွင်းဆက်ပြစ်မှု ကျူးလွန်သူများအား ဆက်လက်စစ်ဆေး ဖော်ထုတ်လျက်ရှိ ကြောင်း သိရသည်။

Total Views ~ 328

ဆက်စပ်အကြောင်းအရာများ

ဆက်စပ်အကြောင်းအရာများ

စုစုပေါင်းကြည့်ရှုသူများ

59151

© 2022 - 2025 News. All Rights Reserved.