၂၀၂၃ ၊စက်တင်ဘာ ၃
ပြီးခဲ့သည့် စက်တက်ဘာ ၁ ရက် မွန်းလွဲ ၃ နာရီခန့်တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူမြို၊ အမှတ်(၃) ရပ်ကွက်ရှိ အထက်တန်းကျောင်း(ခွဲ)(ညောင်အိုင်)၌ တက်ရောက် ပညာသင်ကြားနေသော ကျောင်းသား ၁ ဦးနှင့် ကန့်ဘလူမြိုနယ်၊ ပေကုန်း(တောင်) ကျေးရွာရှိ မူလတန်းကျောင်း(မူလွန်)၌ တက်ရောက်ပညာသင်ကြားနေသော ကျောင်းသူ ၃ ဦး၊ စုစုပေါင်း ကျောင်းသား/သူ ၄ ဦး(အမည်၊အတန်းစိစစ်ဆဲ)တိုသည် ကျောင်းတက် ရောက်ခြင်းမရှိဘဲ ၎င်းတို၏နေရပ်များသို ပြန်သွားခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်မှာ ကန့်ဘလူ မြိုနယ်အတွင်းရှိ PDF အကြမ်းဖက်သောင်းကျန်းသူများသည် ကျောင်းသား/သူများ၏ မိဘများအား မိမိတို၏ သား/သမီးများကို ကျောင်းမတက်စေဘဲပြန်လာရန်၊ ပြန်မလာပါက နေအိမ်များအား မီးရှိဖျက်ဆီးမည်ဟု ခြိမ်းခြောက်မှုများပြုလုပ်ခဲ့ပြီး ၎င်းတို၏မိဘများမှ ကျောင်းမတက်စေဘဲနေရပ်သို ပြန်လာရန်ခေါ်ဆောင်ခဲ့ကာ ၎င်းတို၏နေရပ်အသီးသီး သို ပြန်သွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
အထက်တန်းကျောင်း(ခွဲ)(ညောင်အိုင်)၌ ကျောင်းအုပ် ဆရာမကြီးပါ ဆရာ/ဆရာမ ၇၈ ဦး၊ ကျောင်းသား ၅၄၇ ဦး၊ ကျောင်းသူ ၅၄၉ ဦး၊ စုစုပေါင်း ၁၀၉၆ ဦးနှင့် ပေကုန်း(တောင်)ကျေးရွာရှိ မူလတန်း ကျောင်း(မူလွန်)၌ ကျောင်းအုပ်ဆရာကြီးပါ ဆရာ/ဆရာမ ၆ ဦး၊ ကျောင်းသား ၈၀ ဦး၊ ကျောင်းသူ ၉၀ ဦး၊ စုစုပေါင်း ၁၇၀ ဦးတိုဖြင့် ပညာသင်ကြား လျက်ရှိကြောင်း သိရသည်။