ကန့်ဘလူမြို့နယ်၌ အကြမ်းဖက်အုပ်စု PDF အဖွဲ ထောင်ထားသည့် လက်လုပ်တိုက်မိုင်း ပေါက်ကွဲ မှုကြောင့် အမျိုးသား ၂ ဦးနှင့် နွား ၁ ကောင် ဒဏ်ရာရရှိ

၂၀၂၃ ၊ မတ် ၂

ယမန်နေ့ (မတ် ၁)မွန်းလွဲ ၂နာရီခွဲအချိန် ကန့်ဘလူခရိုင် ကန့်ဘလူမြို့နယ် ပြည်သူ့ဆေးရုံသို မိုင်းစထိမှန် ဒဏ်ရာများဖြင့်  အမျိုးသား ၁ ဦး ရောက်ရှိနေကြောင်း သတင်းအရ သက်ဆိုင်ရာ ဦးစီးအဖွဲက သွားရောက်စစ်ဆေးရာ မြင့်ဝင်းထွန်း(၃၂)နှစ်ရေကြည်ကျေးရွာ ကန့်ဘလူမြိုနယ်နေသူတွင် ဝဲပေါင် မိုင်းစထိမှန်ဒဏ်ရာ ၁ ချက်၊ ဝဲခြေသလုံးမိုင်းစထိမှန်ဒဏ်ရာ ၁ ချက်(မစိုးရိမ်ရ) ရရှိထားသည်ကို တွေ့ရှိခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်အား စိစစ်ရာ ယင်းနေ့ နံနက်၉ နာရီတွင် မြင့်ဝင်းထွန်း၏ ဖခင်ဖြစ်သူ ဦးဝင်းရှောင်(တောင်သူ)သည် ရေကြည်ကျေးရွာ၏ တောင်ဘက် ၁ မိုင်ခန့်အကွာရှိ ၎င်းပိုင်ဆိုင်သည့် လယ်ကွင်းသို ကောက်ရိုးများ သယ်ဆောင်ရန် နွားလှည်းဖြင့် မူးဘောင်လမ်းအတိုင်း ထွက်ခွာသွားခဲ့ပြီးနောက် ရေကြည်ကျေးရွာ၏ တောင်ဘက်မှ မိုင်းပေါက်ကွဲသံကြားခဲ့ကြောင်း၊ ထိုကြောင့် မြင့်ဝင်းထွန်း နှင့် သူငယ်ချင်းဖြစ်သူ ချမ်းငြိမ်းသူ(၃၂)နှစ်တို ၂ ဦးက ဆိုင်ကယ်ဖြင့် သွားရောက်ကြည့်ရှုခဲ့ရာ ကန့်ဘလူ မြိုနယ်၏ တောင်ဘက် ၂ မိုင်ခန့်၊ ရေကြည်ကျေးရွာ၏ တောင်ဘက် ၃ ဖာလုံခန့် အကွာအရောက်၌ဦးဝင်း‌ရှောင်အား တွေ့ရှိခဲ့ပြီး နွား ၁ ကောင်၏ ရှေ့ဝဲခြေထောက် အထက်နှင့် ဝဲဘက်ခြမ်းတိုတွင် မိုင်းစထိမှန်ဒဏ်ရာ ၁ ချက်စီ ရရှိထားသည်ကို တွေ့ရှိခဲ့သည်ဟု သိရှိခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်အား သက်ဆိုင်ရာမှ မေးမြန်းရာ အကြမ်းဖက်အုပ်စု PDF အဖွဲ ထောင်ထားသည့် လပ်လုပ်တိုက်မိုင်း ၁ လုံးအား နွားနှင့်တိုက်မိ ပေါက်ကွဲခဲ့ခြင်းဖြစ်ကြောင်း သိရှိရပြီး ဦးဝင်းရှောင် တွင် ထိခိုက်ဒဏ်ရာရရှိမှုမရှိဘဲ မြင့်ဝင်းထွန်းနှင့် ချမ်းငြိမ်းသူ တို ၂ ဦးသည် အခင်းဖြစ်နေရာအနီးတစ်ဝိုက်အား လမ်းလျှောက် ကြည့်ရှုစဉ် အကြမ်းဖက်အုပ်စု PDF အဖွဲ ထောင်ထားသည့် လက်လုပ်တိုက်မိုင်း  ၁ လုံးအား ထပ်မံ တိုက်မိပေါက်ကွဲပြီး ၎င်းတွင် ဝဲပေါင်နှင့် ဝဲခြေသလုံး မိုင်းစထိမှန်ဒဏ်ရာနှင့် ချမ်းငြိမ်းသူတွင် ဝမ်းဗိုက်မိုင်းစထိမှန်ဒဏ်ရာ(မစိုးရိမ်ရ) ရရှိခဲ့သဖြင့် ဆေးရုံသိုရောက်ရှိကုသခြင်းဖြစ်ပြီး  ချမ်းငြိမ်းသူမှာ  အမျိုးသား ၁ ဦး(စိစစ်ဆဲ)က ဘိုတဲကုန်းကျေးရွာဘက်သို ဆေးကုသပေးရန် ခေါ်ဆောင်သွားကြောင်း သိရသည်။

Total Views ~ 200

ဆက်စပ်အကြောင်းအရာများ

စုစုပေါင်းကြည့်ရှုသူများ

43353

© 2022 - 2025 News. All Rights Reserved.