ကန့်ဘလူမြို့နယ်၌ အကြမ်းဖက်အုပ်စု PDF အဖွဲ ထောင်ထားသည့် လက်လုပ်မိုင်းပေါက်ကွဲမှုကြောင့် ကလေး(ကျား) ၁ ဦး သေဆုံးပြီး ၂ ဦး ဒဏ်ရာရရှိ

၂၀၂၃ ၊ ဖေဖော်ဝါရီ ၂၆

ယမန်နေ့ (ဖေဖော်ဝါရီ ၂၅)ညနေ ၅နာရီအချိန် ကန့်ဘလူခရိုင် ကန့်ဘလူမြိုနယ်ပြည်သူ့ဆေးရုံသို မိုင်းစထိမှန်ဒဏ်ရာ များဖြင့် သေဆုံး/ဒဏ်ရာရရှိသူများ ရောက်ရှိနေကြောင်း သတင်းအရ ဦးစီးအဖွဲက သွားရောက်စစ်ဆေးရာ ဖြိုးဝေအောင်(၁၄)နှစ်၈ တန်း အမက(ညောင်ဇင်)(ဖ)ဦးဝင်းမောင် သင်ပေါင်းကျင်းကျေးရွာ ကန့်ဘလူမြိုနယ်နေသူတွင် ရင်ဘတ် ယာဘက် မိုင်းစဖောက်ဝင်ဒဏ်ရာ ၂ ချက်ဖြင့် သေဆုံးနေပြီး တစ်ရွာတည်းနေ ပိုင်ပိုင်စိုး(၁၄)နှစ် ၈ တန်း အမက (ညောင်ဇင်) (ဖ)ဦးသိန်းတန် တွင် လည်ပင်း မိုင်းစထိမှန်ဒဏ်ရာ ၂ ချက်၊ ယာလက်ကောက်ဝတ် မိုင်းစထိမှန်ဒဏ်ရာ ၁ ချက်၊ ယာပေါင် မိုင်းစထိမှန်ဒဏ်ရာ ၂ ချက်(စုစုပေါင်း ဒဏ်ရာ ၅ ချက်) (မစိုးရိမ်ရ)နှင့် ဇွဲသန့်အောင်(၁၁)နှစ် ၅ တန်း အလက(သင်ပေါင်းကျင်း) (ဖ)ဦးဝင်းမောင်တွင် ဝဲ/ယာပါးအောက် မိုင်းစထိမှန်ဒဏ်ရာ၊ ဝဲလက်ဖျံ မိုင်းစထိမှန်ဒဏ်ရာ၊ ယာချိုင်းအောက် မိုင်းစထိမှန် ဒဏ်ရာ ၅ ချက်၊ ယာပေါင် မိုင်းစထိမှန်ဒဏ်ရာ ၃ ချက်၊ ဝဲခြေသလုံး မိုင်းစထိမှန်ဒဏ်ရာ ၁ ချက်၊ နောက်ကျော မိုင်းစထိမှန်ဒဏ်ရာ ၂ ချက်(စုစုပေါင်းဒဏ်ရာ ၁၄ ချက်) (မစိုးရိမ်ရ) ရရှိထားသည်ကို တွေ့ရှိခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်အား စိစစ်ရာ ယင်းနေ့ မွန်းလွဲ ၁ နာရီတွင် ဖြိုးဝေအောင်၊ ပိုင်ပိုင်စိုးနှင့် ဇွဲသန့်အောင်တို ၃ ဦးသည် မမစ(ကန့်ဘလူ)၏ တောင်ဘက် ၁၆ မိုင်ခန့်၊ နမစ (ဇီးကုန်း)၏ တောင်ဘက် ၆ မိုင်ခန့်အကွာ ဒေသအခေါ် သိမ်ရင်ချောင်းတောစပ်အနီး၌ နွားကျောင်း နေစဉ် အကြမ်းဖက်အုပ်စု PDF အဖွဲ ထောင်ထားသည့် လက်လုပ်နင်းမိုင်း ၁ လုံးအား ဖြိုးဝေအောင်က နင်းမိပေါက်ကွဲခဲ့သဖြင့် သေဆုံး/ ဒဏ်ရာများရရှိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

Total Views ~ 209

ဆက်စပ်အကြောင်းအရာများ

စုစုပေါင်းကြည့်ရှုသူများ

43351

© 2022 - 2025 News. All Rights Reserved.