နေပြည်တော်၊ ဒီဇင်ဘာ ၂၅
စစ်ရေးပဋိပက္ခဖြစ်တော့မည်ဆိုသည့် ကောလာဟလသတင်းများ ထွက်ပေါ်နေသော်လည်း ကမ်းခြေဒေသများသို့ အပန်းဖြေ ခရီးသွားလာကြမည့်သူများ များပြားလျက်ရှိနေပြီး လတ်တလောတွင်လည်း တောင်ပေါ်ဒေသများသို့ အသွားအလာ မပြတ်ရှိနေကြောင်း ခရီးသွားပြည်သူများထံ မှ သိရသည်။
ယခုထွက်ပေါ်နေသည့် ကောလာဟလ သတင်းများကို မယုံကြည်ကြရန် ကမ်းခြေဒေသသို့ နှစ်သစ်ကူး ရုံးပိတ်ရက်တွင် သွားရောက် အပန်းဖြေမည့် ခရီးသွားပြည်သူ တစ်ဦးကပြောသည်။
ကမ်းခြေကိုသွားကြမယ့်သူများ အေးဆေးသွားကြပါ။ လမ်းမှာ မှတ်ပုံတင်စစ်တာ လောက်ပဲရှိပါတယ်။ ဒီနှစ်က ပိတ်ရက် ငါးရက်ပိတ်ပေးတော့ ကမ်းခြေမှာ အတော်စည်မှာပါ။ ပေါက်ကရသတင်းဖွနေတဲ့ လူတွေ စကားကို မယုံကြပါနဲ့။ ဧရာဝတီတိုင်း စစ်ဖြစ်မှာ ဘာညာစကားတွေလည်း မယုံကြပါနဲ့။ စစ်ဖြစ်မယ်ဆိုတဲ့ သတင်းကို ကြောက်စရာမလိုပါဘူး။ တစ်ခုပါပဲ ဘယ်နေရာသွားသွား အုပ်စုလိုက်သွားပါ။ အချင်းချင်းလူစစ်တာ အမြဲလုပ်ကြပါ။ ကြောက်ရမှာက တစ်ခုပဲရှိမှာပါ PDF က ငွေညှစ်၊ ပေါ်တာဆွဲတဲ့ပုံစံမျိုးပဲ ကြောက်ရမှာပါ။ ကိုယ်တွေလည်း New Year ကို ကမ်းခြေသွားမှာပါ။ ကိုယ့် လိုသွားမယ့်သူတွေ အများကြီးပါဟု ၎င်းင်းက ပြောသည်။
လူမှုကွန်ရက် စာမျက်နှာများတွင် ခရီးမသွားကြရန် ဆော်သြမှုများ ပြုလုပ်လျက်ရှိပြီး အများပြည်သူကို စိုးရိမ်ထိတ်လန့်စေရန် ရည်ရွယ်ရေးသားနေသူများလည်းရှိကြောင်း ခရီးသွားပြည်သူတစ်ဦးက ပြောသည်။
အွန်လိုင်းပေါ်မှာ ကြောက်ပြနေသူတွေ၊ ဘယ်လိုညာလို လိုက်ဖွသူတွေအများ စုကြည့်လိုက်ရင် ကိုယ့်ပုံ အစစ်မဖော်ပြရဲဘဲ ဗညသညပာသကျ တွေချည်းပဲ။ အသက်ကိုဉာဏ် စောင့်တို့၊ မသွားတာ ကောင်းတယ်တို့၊ လိုက်ပြောနေတာ အကောင့်စစ်နဲ့ မတွေ့မိဘူး။ လက်ရှိသွားလို့ပဲ ရောက်တဲ့သူ ရောက်လို့၊ ထပ်သွားမယ့်သူကလည်း သွားဖို့ ပြင်နေပြီ။ ကောလာဟလဖွပြီး အများသူငှာ စိတ်သောက လိုက်ပေးနေတာ၊ ကြောက်အောင် လိုက်ပြောနေတာ။ ဘယ်လောက်ရလို့လဲ၊ ဘယ်သူက ခိုင်းလို့လုပ်နေတာလဲလို့ မေးချင်တယ်။ ကျွန်တော်တို့သူငယ်ချင်းတွေ ရှေ့က အဖွဲ့လည်း ငွေဆောင်ရောက်နေလို့ အေးရာအေးကြောင်းပဲ။ ကျွန်တော်တို့လည်း သွားမှာဟု ၎င်းင်းကပြောသည်။
]]ကလော-တောင်ကြီး ခရီးက မှတ်ပုံတင်ပါမယ်၊ ထောက်ခံစာ ပါတယ်ဆို ဘယ်မြို့ကဖြစ်ဖြစ် သွားလာလို့ ရပါတယ်။ အတက်လမ်းက ကားသွားချိန် ပုံမှန်ပါ အဆင်းလမ်း အပြန်ဆိုရင်တော့ ကလောမြို့က ဆင်းပြီး ကျွဲတပ်ဆုံဂိတ် (X-Ray) စစ်တာဖြတ်ဖို့ ကားတန်းစီရပါတယ်။ အပြန် ကျွဲတပ်ဆုံဂိတ် ကိုယ်စီးတဲ့ကားရောက်ရင် ကားကသက်သက်ဖြတ်ရတယ်။ ခရီးသည်တွေကတော့ မိမိရဲ့ မှတ်ပုံတင်ကိုင်ပြီး ခဏတော့ လမ်းဆင်းလျှောက် ပေးရပါတယ်။ ဒီလောက်ပါပဲ အခြား အခက်အခဲ မရှိပါဘူး။ ကျွန်မတို့ ပြီး ခဲ့တဲ့ရက်ပိုင်းက ပြန်လာတာပါဟု ခရီးသွား တစ်ဦးက ပြောသည်။
ပြီးခဲ့သည့် ရက်ပိုင်းအတွင်းက ရန်ကုန်-မန္တလေး အမြန်ကားလမ်းမကြီး အပေါ် PDF အကြမ်းဖက်များက ခရီးသွား ပြည်သူများအား မလိုအပ်ဘဲ ခရီးမသွားကြရန် လိုက်လံသတိပေး ခြိမ်းခြောက်ခဲ့သည်။ အလားတူ ဧရာဝတီတိုင်းဒေသကြီးအတွင်းသို့ စစ်ရေးပဋိပက္ခ ကူးစက်လာနိုင်ကြောင်း ကောလာဟလ သတင်းများလည်း ထွက်ပေါ်လျက်ရှိသည်။
ခရီးသွားလာမှု အဆင်ပြေချော မွေ့နိုင်ရေးအတွက် အစိုးရရုံးပိတ်ရက်များကို ပြောင်းလဲသတ်မှတ်လိုက်ကြောင်း နိုင်ငံတော်အစိုးရက ၂၀၂၄ ခုနှစ် ဒီဇင်ဘာ ၂၁ ရက်တွင် ထုတ်ပြန်ခဲ့ရာ ဒီဇင်ဘာ ၂၈ ရက်မှ ဇန်နဝါရီ ၁ ရက်အထိ ငါးရက်တိတိ ရုံးပိတ် ရက်ဖြစ်သည်။ ကွန်းဈာန်