နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ပဲခူးမြစ်ကူးတံတား(သန်လျင်တံတားအမှတ်-၃) တံတားဆက်ခြင်း အထိမ်းအမှတ် ရွှေမူလီတပ်ဆင်ခြင်း မင်္ဂလာအခမ်းအနား တက်ရောက်

၂၀၂၃ ဒီဇင်ဘာ ၂၀
    ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ပဲခူးမြစ်ကူးတံတား (သန်လျင်တံတားအမှတ်-၃) တံတား ဆက်ခြင်း အထိမ်းအမှတ် ရွှေမူလီတပ်ဆင်ခြင်း မင်္ဂလာအခမ်းအနားကို ဒီဇင်ဘာ ၁၇ နံနက်ပိုင်းက ကျင်းပခဲ့ရာ နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်း အောင်လှိုင် တက်ရောက်ချီးမြှင့်ပြီး ရွှေမူလီကို တပ်ဆင်ပေးခဲ့သည်။
    ဦးစွာ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များကရွှေမူလီတပ်ဆင်ခြင်း မင်္ဂလာအခမ်းအနားပြု လုပ်မည့်နေရာသို့ ရောက်ရှိကြရာ တာဝန်ရှိသူများက ကြိုဆိုနှုတ်ဆက် ကြပြီး ဆောက်လုပ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမျိုးသန့်က ပဲခူးမြစ်ကူးတံတား (သန်လျင်တံတားအမှတ်-၃)အပိုင်း လိုက်တည်ဆောက်ခဲ့မှု အခြေအနေများကို ရှင်းလင်းတင်ပြခဲ့သည်။ ထို့နောက် မင်္ဂလာ အချိန်တွင် နိုင်ငံတော် စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က ပဲခူးမြစ်ကူးတံတား (သန်လျင်တံ တားအမှတ် -၃) တံတားဆက်ခြင်းအထိမ်းအမှတ် ရွှေ မူလီကို တပ်ဆင်ပေးပြီး အမွှေးနံ့သာရည်များ  ပက်ဖျန်းပေးခဲ့ပြီး တည်ဆောက်ရေးအင်ဂျင် နီယာအဖွဲ့အား သစ်သီးခြင်းလက်ဆောင်ကိုပေးခဲ့ပြီး တံတားဆက်ခြင်း အထိမ်းအမှတ် ရွှေမူလီတပ်ဆင်ခြင်း မင်္ဂလာအခမ်းအနား အထိမ်းအမှတ် စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံ ရိုက်ခဲ့ကြသည်။
    အဆိုပါ ပဲခူးမြစ်ကူးတံတား(သန်လျင်တံတားအမှတ်-၃) တည်ဆောက်ရေးစီမံကိန်းကို ဂျပန်နိုင်ငံ အပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေး အေဂျင်စီ(JICA)နှင့် မြန်မာနိုင်ငံစီမံကိန်းနှင့်ဘဏ္ဍာ ရေးဝန်ကြီးဌာန၊ ဆောက်လုပ်ရေးဝန်ကြီးဌာနနှင့် သက်ဆိုင်ရာဝန်ကြီးဌာနများမှ စီမံကိန်းအကောင် အထည်ဖော်ရေး သဘောတူညီချက်အရ ၂၀၁၃ ခုနှစ်မှစတင်၍ စီမံကိန်းလုပ်ငန်း အဆင့်အလိုက် အဆင့်ဆင့် ဆောင်ရွက်ခဲ့ ခြင်းဖြစ်ကြောင်း၊ တံတားအရှည်အနေဖြင့်  မြစ်ကူးတံတားအပိုင်း ၆၆၆၃ ပေ၊ ကုန်း ကျော်တံတားအပိုင်း ၁၉၇၅ ပေ၊ စုစုပေါင်း ၈၆၃၈ ပေရှိပြီး တံတားအကျယ် ၇၅ ပေဖြစ် ကြောင်း၊ လေးလမ်းသွားတံတားဖြစ်ပြီး တစ်ဖက်လျှင် မော်တော်ဆိုင်ကယ်လမ်း ငါးပေစီပါရှိကြောင်း သိရသည်။
    သံမဏိကြိုးဆိုင်းတံတား ((Cable Stayed Bridge)? Steel Box နှင့် PC Box အမျိုးအစားဖြစ်ပြီး တံတားခံနိုင်ဝန်မှာ ယာဉ်တစ်စီးချင်း ၇၅ တန်ဖြစ်ကြောင်း၊ ယခုအချိန်အထိ စီမံကိန်းလုပ်ငန်းအားလုံး၏ ၉၄ ရာခိုင်နှုန်း ပြီးစီးပြီဖြစ်ပြီး ချဉ်းကပ်လမ်းနှင့် တံတားအပေါ် ကတ္တရာကွန်ကရစ်ခင်းခြင်း၊ တံတားလက်ရန်းလုပ်ငန်းနှင့် ဆက်စပ်လုပ်ငန်းများ၊ Toll Plaza တည်ဆောက်ခြင်းလုပ်ငန်းများ ဆက်လက်ဆောင်ရွက်သွား ရန်သာ ကျန်ရှိတော့ကြောင်း သိရသည်။
    လုပ်ငန်းဆောင်ရွက်မှုများ ရာနှုန်းပြည့်ပြီးစီးသွားပါက သန်လျင်တံတား အမှတ်(၁)တွင် ဖြစ်ပေါ်လျက်ရှိသည့် ယာဉ်ကြောပိတ်ဆို့မှုများအား ဖြေရှင်းပေးနိုင်မည် ဖြစ်ပြီး သီလဝါအထူးစီးပွားရေးဇုန်ကို အကြောင်းပြု၍ ပြည်တွင်းပြည်ပ စီးပွားရေးလုပ်ငန်းများ တိုးပွားလာမှုကြောင့် ရန်ကုန်မြို့ အပါအဝင် ရန်ကုန်တောင်ပိုင်းခရိုင် မြို့နယ်များဖြစ်သည့် သန်လျင်၊ ကျောက်တန်း၊ ခရမ်း၊ သုံးခွဒေသရှိ ပြည်သူများ၏ လူမှုစီးပွားဘ၀ တိုးတက်လာမည်ဖြစ်ကြောင်း၊ သီလဝါ အထူးစီးပွားရေးဇုန်နှင့် သန်လျင် ဒေသ ဖွံ့ဖြိုးတိုးတက်လာမည် သာမက အရှေ့-အနောက် စီးပွားရေးစင်္ကြံလမ်းမကြီးကို အသုံးပြု၍ ဘားအံ-မြဝတီအထိ ဆက်စပ် သွားလာနိုင်မည်ဖြစ်သောကြောင့် မွန်ပြည်နယ်၊ ကရင်ပြည်နယ် ဖွံ့ဖြိုး တိုးတက်မှုကိုလည်း အကျိုးပြုမည်သာမက ဒေသတွင်း နိုင်ငံများနှင့်ပါ ဆက်သွယ်မှုပိုမို ဖွံ့ဖြိုးလာ မည်ဖြစ်သည်။


    ထို့အပြင် အဆင့်မြင့်နည်းပညာဖြင့် ဆောက်လုပ်ထားသည့် တံတားဖြစ်သည့်အတွက် မြန်မာအင်ဂျင်နီယာများအနေဖြင့် တံတားတည်ဆောက်ခြင်း ခေတ်မီနည်းပညာနှင့် အတွေ့အကြုံများရရှိနိုင်ပြီး ကျွမ်းကျင်လုပ်သားများလည်း ပေါ်ထွက်လာမည်ဖြစ် သည့်အပြင် အလုပ်အကိုင် အခွင့်အလမ်းများလည်း ပိုမိုရရှိစေမည်ဖြစ်ပြီး အကျိုးကျေးဇူးများ ရရှိစေနိုင်မည်ဖြစ်ကြောင်း သိ ရသည်။

Total Views ~ 156

ဆက်စပ်အကြောင်းအရာများ

ဆက်စပ်အကြောင်းအရာများ

စုစုပေါင်းကြည့်ရှုသူများ

43558

© 2022 - 2025 News. All Rights Reserved.