နေပြည်တော် ဇမ္ဗူသီရိမြို့နယ်အတွင်း အမျိုးသမီးတစ်ဦးအား သတ်ဖြတ်၍ လုယက်မှုကျူးလွန်သူ တရားခံ အမျိုးသားသုံးဦးအား ဖမ်းဆီးရမိ 

ရန်ကုန်၊ အောက်တိုဘာ ၁၆
    နေပြည်တော်ကောင်စီနယ်မြေ  ဇမ္ဗူသီရိမြို့နယ်အတွင်း အမျိုးသမီးတစ်ဦးအား သတ်ဖြတ်၍ လုယက်မှုကျူးလွန်သူ တရားခံအမျိုးသားသုံးဦးအား ဖမ်းဆီးရမိခဲ့ကြောင်း သတင်းထုတ်ပြန်ချက်အရ သိရသည်။ 
    ၂၀၂၄ ခုနှစ် အောက်တိုဘာ ၇ ရက် နံနက် ၁၁ နာရီတွင် နေပြည်တော် ကောင်စီနယ်မြေ၊ ဇမ္ဗူသီရိမြို့နယ်၊ သုခတော်ဝင်အိမ်ရာ၊ တိုက်အမှတ်(ု-၁)၊ အခန်း (၁၃)နေ ဒေါ်စန္ဒာမိုး (၆၁)နှစ် (ဘ)ဦးသိန်းညွန့်သည် တိုက်ခန်းအတွင်း ဓားဒဏ်ရာများဖြင့် သေဆုံးနေကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များက သက်သေများနှင့်အတူ သွားရောက်စစ်ဆေးခဲ့ရာ အဆိုပါတိုက်ခန်း၏ ဧည့်ခန်းအတွင်း ကြမ်းပြင်ပေါ်၌ ဒေါ်စန္ဒာမိုးအား ဓားဒဏ်ရာများဖြင့် သေဆုံးနေသည်ကို တွေ့ရှိရသဖြင့် ဇမ္ဗူသီရိမြို့နယ်၊ အမှတ်(၉)နယ်မြေရဲစခန်း(ပ)၄၃/၂၀၂၄၊ ရာဇသတ်ကြီး ဥပဒေပုဒ်မ ၃၀၂/၃၉၂ ဖြင့် အမှု ရေးဖွင့်၍ ပြစ်မှုကျူးလွန်သူများအား ဖော်ထုတ်ဖမ်းဆီးရမိနိုင်ရေး ဆောင်ရွက်ခဲ့ခြင်း ဖြစ်သည်။ 
    အဆိုပါဖြစ်စဉ်အား စုံစမ်းဖော်ထုတ်ခဲ့ရာ ပြစ်မှုကျူးလွန်သူ တရားခံများဖြစ်ကြသည့် နေပြည်တော်ကောင်စီနယ်မြေ ဇမ္ဗူသီရိမြို့နယ် သုခတော်ဝင်အိမ်ရာဝင်းအနီး ကျူးကျော်တဲနေ မျိုးမင်းထွန်း (၂၄)နှစ် (ဘ)ဦးတင်မောင်အား အောက်တိုဘာလ ၁၀ ရက် မွန်းလွဲ ၁ နာရီတွင် ကျူးကျော်တဲ၌ လည်းကောင်း၊ စစ်ကိုင်းတိုင်းဒေသကြီး ရေဦးမြို့နယ်၊ ဗိုလ်အောင်ဇေယျရပ်ကွက်နေ ကိုဖြိုး(ခ)ဖြိုးသက်ပိုင် (၂၃)နှစ် (ဘ)ဦးအောင်ကျော်အား အောက်တိုဘာ ၁၁ ရက် ည ၉ နာရီတွင် မန္တလေးမြို့၌လည်းကောင်း၊ ပဲခူးတိုင်းဒေသကြီး ကျောက်တံခါးမြို့နယ် ခင်ကြီးကျေးရွာနေ ငရဲ(ခ)ရဲလင်းဦး(ခ) ရဲရဲ (၂၀) နှစ် (ဘ)ဦးဇော်မင်းအေးအား အောက် တိုဘာ ၁၂ ရက် မွန်းလွဲ ၃ နာရီတွင် မကွေး - မန္တလေး ပြေးဆွဲသည့် ခရီးသည်တင် ယာဉ်ပေါ်၌လည်းကောင်း လုယက်ယူဆောင်ခဲ့သည့် သက်သေခံပစ္စည်း များနှင့်အတူ ဖမ်း ဆီးရမိခဲ့ကြောင်း သိရသည်။ 
    ဖမ်းဆီးရမိသူ တရားခံများ၏ ထွက်ဆိုချက်အရ ဇမ္ဗူသီရိမြို့နယ် သုခတော် ဝင်အိမ်ရာဝင်းတွင် ဆေးသုတ်လုပ်ငန်းလုပ်ကိုင်သူ တရားခံ ကိုဖြိုး(ခ)ဖြိုးသက်ပိုင်သည် ၎င်းင်း၏ အလုပ်ရှင်ဖြစ်သူမှ တစ်ဆင့် ခင်မင်ရင်းနှီးသူ ဒေါ်စန္ဒာမိုးမှာ သုခတော်ဝင်အိမ်ရာ၊ တိုက်အမှတ်(K-1)၊ အခန်း(၁၃)၌ တစ်ဦးတည်း နေထိုင်သူဖြစ်ကြောင်း သိရှိရပြီး ၎င်း၏ကိုယ်ရေးကိုယ်တာ အခက်အခဲများနှင့် ငွေကြေးဆိုင်ရာ လိုအပ်ချက်များအား ဖြေရှင်းနိုင်ရန်အတွက် ဒေါ်စန္ဒာမိုးအား သတ်ဖြတ်၍ ပစ္စည်းများလုယက် ယူဆောင် ရန် အောက်တိုဘာ ၅ ရက် ညနေပိုင်းတွင် ၎င်း၏ လုပ်ဖော်ကိုင်ဘက်များဖြစ်ကြသည့် မျိုးမင်းထွန်းနှင့် ငရဲ(ခ)ရဲလင်းဦး(ခ)ရဲရဲတို့နှင့် ကြိုတင်တိုင်ပင်ခဲ့ကြကြောင်း၊ အောက်တို ဘာ ၆ ရက်၌ ပြစ်မှုကျူးလွန်ရာတွင် အသုံးပြုရန်အတွက် အရိုးအသွား ၁၀ လက်မခန့်ရှိ ဝါးရိုးတပ်ဓားဦးချွန် နှစ်ချောင်းအား ချယ်ရီဈေးမှ လည်းကောင်း၊ ရော်ဘာလက်အိတ်သုံး စုံအား သုခတော်ဝင်အိမ်ရာဝင်းအ တွင်းရှိ ဆေးဆိုင်မှလည်းကောင်း ဝယ်ယူကာ ညနေ ၆ နာရီခွဲတွင် ဒေါ်စန္ဒာမိုးနေထိုင်ရာ သုခတော်ဝင်အိမ်ရာ တိုက်အမှတ်(K-1)၊ အခန်း(၁၃)သို့ သွားရောက်ခဲ့ပြီး ဒေါ်စန္ဒာမိုးနှင့် တွေ့ဆုံစကားပြောနေ စဉ် ဒေါ်စန္ဒာမိုးက ၎င်းတို့သုံးဦး စားသုံးရန်အတွက် ဆန်များထည့်ပေးနေစဉ် မျိုးမင်းထွန်းနှင့် ကိုဖြိုး(ခ) ဖြိုးသက်ပိုင်တို့မှ ဒေါ်စန္ဒာမိုးအား နောက်မှ သိုင်းဖက် ချုပ်ကိုင်ပေးပြီး ငရဲ(ခ)ရဲလင်းဦး(ခ)ရဲရဲမှ အ သင့်ယူဆောင်လာသောဓားဖြင့် လေးချက်ခန့်ထိုး၍ ဒေါ်စန္ဒာမိုးလဲကျသွားစဉ် ၎င်းဝတ်ဆင်ထားသည့် နားကပ်တစ်ရံနှင့် နေအိမ်အတွင်းရှိ Samsung Galaxy A32 အမျိုးအစား လက်ကိုင်ဖုန်းတစ်လုံး၊ ငွေကျပ် ၂၀၀၀၀ တို့အား လုယက်ယူဆောင်ခဲ့ကြခြင်း ဖြစ်ကြောင်း သိရသည်။ 
    ဖြစ်စဉ်တွင် နေအိမ်အတွင်း ဝင်ရောက်ကာ အမျိုးသမီးတစ်ဦးအား သတ် ဖြတ်လုယက်မှု ကျူးလွန်ခဲ့သူ ငရဲ(ခ)ရဲလင်း ဦး(ခ)ရဲရဲ၊ မျိုးမင်းထွန်းနှင့် ကိုဖြိုး(ခ)ဖြိုး သက်ပိုင်တို့ သုံးဦးအား လုံခြုံရေး တပ်ဖွဲ့ဝင်များက အချိန်တိုအတွင်း ဖော်ထုတ်ဖမ်းဆီးရမိခဲ့ပြီး တရားခံများအားဥပဒေနှင့်အညီ အရေး ယူနိုင်ရေးဆောင်ရွက်လျက်ရှိကြောင်း သိရသည်။ 
ထူးမြတ်

Total Views ~ 155

ဆက်စပ်အကြောင်းအရာများ

ဆက်စပ်အကြောင်းအရာများ

စုစုပေါင်းကြည့်ရှုသူများ

43544

© 2022 - 2025 News. All Rights Reserved.