၂၀၂၃ ၊ ဒီဇင်ဘာ ၂၇
ပို့ကုန်ရငွေများကို အာရှနိုင်ငံများသို့ တင်ပို့ခြင်းအတွက် ရက်၃၀ အတွင်းနှင့် အခြားနိုင်ငံများသို့ တင်ပို့ခြင်းအတွက် ရက် ၆၀ အတွင်း ပို့ကုန်တင်ပို့သူ၏ ဘဏ်စာရင်းသို့ နိုင်ငံခြားငွေဖြင့် မပျက်မကွက် ထည့်သွင်းရန် ပြင်ဆင်သတ်မှတ်လိုက်ကြောင်း မြန်မာနိုင်ငံတော်ဗဟိုဘဏ်၏ အမိန့်ကြော်ငြာစာအမှတ် ၂၇^၂၀၂၃ဖြင့် ဒီဇင်ဘာလ ၂၅ ရက် ထုတ်ပြန်ချက်အရ သိရသည်။
နိုင်ငံခြားသုံးငွေ စီမံခန့်ခွဲမှုဥပဒေ၊ နိုင်ငံခြားသုံးငွေစီမံခန့်ခွဲမှုစည်းမျဉ်းနှင့် (၆-၅-၂၀၂၂) ရက်စွဲပါ မြန်မာနိုင်ငံတော်ဗဟို ဘဏ်၏ အမိန့်ကြော်ငြာစာအမှတ် (၂၇^ ၂၀၂၂) တို့အရ ပို့ကုန်တင်ပို့သူသည် ပို့ကုန်ရငွေကို နိုင်ငံအတွင်းရှိ ပို့ကုန်တင်ပို့သူ၏ ဘဏ်ငွေစာရင်းသို့ မပျက်မကွက် ထည့်သွင်း ရေးဆောင်ရွက်ရာတွင် အာရှနိုင်ငံများသို့ တင်ပို့သည့် ပို့ကုန်များအတွက် ပို့ကုန်တင်ပို့ သည့်နေ့မှ ၄၅ ရက်အတွင်းလည်းကောင်း၊ အာရှနိုင်ငံများမှအပ အခြားနိုင်ငံများသို့ တင်ပို့သည့် ပို့ကုန်များအတွက် ရက်ပေါင်း ၉၀ အတွင်းလည်းကောင်း ပြန်လည်ဝင် ရောက်ရန် သတ်မှတ်ထားကြောင်း သိရ သည်။
ပို့ကုန်ရငွေများအား ပြည်တွင်းသို့ ပြန်လည်ဝင်ရောက်ရမည့်ကာလကို အာရှ နိုင်ငံများသို့ တင်ပို့သည့် ပို့ကုန်များအတွက် ပို့ကုန်တင်ပို့သည့်နေ့မှ ယခင် ၄၅ ရက်အ စား ရက် ၃၀ သို့လည်းကောင်း၊ အာရှနိုင်ငံ များမှအပ အခြားနိုင်ငံများသို့ တင်ပို့သည့် ပို့ကုန်များအတွက် ပို့ကုန်တင်ပို့သည့်နေ့မှ ယခင် ရက် ၉၀ အစား ရက် ၆၀ သို့လည်း ကောင်း မြန်မာနိုင်ငံအတွင်းရှိ ပို့ကုန်တင်ပို့ သူ၏ ဘဏ်ငွေစာရင်းသို့ နိုင်ငံခြားငွေဖြင့် မပျက်မကွက် ထည့်သွင်းရန် ပြင်ဆင်သတ် မှတ်လိုက်ကြောင်း နိုင်ငံတော်ဗဟိုဘဏ်မှ ထုတ်ပြန်ခဲ့သည်။
အမိန့်ကြော်ငြာစာသည် ထုတ်ပြန်သည့်နေ့မှစ၍ အကျိုးသက်ရောက်စေရ မည်ဖြစ်ပြီး ယင်းအမိန့်ကြော်ငြာစာအား လိုက်နာဆောင်ရွက်ခြင်းမရှိပါက နိုင်ငံခြားသုံးငွေ စီမံခန့်ခွဲမှု ဥပဒေအရ အရေးယူခြင်း ခံရမည်ဟုလည်း မြန်မာနိုင်ငံတော် ဗဟိုဘဏ်မှ အသိပေးထားသည်။