Breaking

ပုဂံရှိ ဟိုတယ်များ သီတင်းကျွတ်ပိတ်ရက်အ တွက် အခန်းမှာယူထားမှုများ ပြည့်နေ

၂၀၂၃ အောက်တိုဘာ ၁၆
    မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြိုနယ် ပုဂံရှေးဟောင်း ယဉ်ကျေးမှုနယ် မြေရှိဟိုတယ်နှင့် မိုတယ်များတွင် သီတင်း ကျွတ်ပိတ်ရက်အတွက် အွန်လိုင်းမှတစ်ဆင့် အခန်းများ ကြိုတင်ချိတ်ဆက် မှာယူထားမှု ပြည့်နေပြီဖြစ်ကြောင်း သိရသည်။
    "ကျွန်တော်တို့ဆီမှာ  နေရာတချို့ အခုကတည်းက အခန်းတွေပြည့်နေပြီ။ပုံမှန် လပြည့်ရက်ကတော့ နှစ်စဉ်နှစ်တိုင်း အပြည့် နီးပါးပါပဲ။ သီတင်းကျွတ်ကာလက တန် ဆောင်တိုင်ထက် ပိုပြီးတော့ လူလာတယ်။ ဟိုတယ်တွေရော၊ မိုတယ်တွေရော၊ တခြားသီးသန့်အိမ်တွေရော အကုန်ပြည့်တာ။ သီတင်းကျွတ်ပိတ်ရက်တင် မဟုတ်ဘဲ တန်ဆောင်တိုင်အတွက်ပါ အခန်းကြိုမှာထား တာတွေ အခုကတည်းက ရှိတယ်"ဟု Hotel Golden Classic Bagan မှ မန်နေဂျာ ကိုကောင်းခန့်က ပြောသည်။
    သီတင်းကျွတ်ပိတ်ရက်ကာလသည် ဘာသာရေးအထိမ်းအမှတ် မီးထွန်းပွဲတော်ကာလ ရုံးရက်ရှည်ပိတ်ရက်ဖြစ်သောကြောင့် ပြည်တွင်းခရီးသွားလုပ်ငန်းအလွန် အားကောင်းသည့် ကာလဖြစ်ပြီး ယခု အောက်တိုဘာ ပထမပတ်မှစ၍ ဟိုတယ်၊ မိုတယ်နှင့် တည်းခိုရိပ်သာများသို့ ကြိုတင် ချိတ်ဆက် ထားကြကြောင်း ပြောသည်။
    "ပိတ်ရက် ကာလမှာတော့ ကျွန်တော်တို့က ပုံမှန်ဈေးပဲသတ်မှတ်ပြီး ဝန်ဆောင်မှုပေးပါတယ်။ ကြားကာလလာ ရောက်သူနည်းတဲ့အချိန်တော့ Promotion ချတာတွေ ရှိပါတယ်။ ပိတ်ရက်ဆို ပုဂံရော၊ ညောင်ဦးရော၊ မြို့ရှောင်လမ်းက ဟိုတယ်တွေရော၊ မိုတယ်တွေရော ပြီးတော့ အိမ်မှာ အခန်းဖွဲ့ ငှားရမ်းတာတွေရော အကုန်ပြည့်တော့ လာရောက်လည်ပတ်တဲ့ လူဦးရေက မနည်းဘူးဗျ။ ကျွန်တော်တို့ဟိုတယ်မှာတင် ရာချီရှိတယ်"ဟု ကိုကောင်းခန့်ကပြောသည်။
    ယခုနှစ် မိုးရာသီအတွင်း ပုဂံရှိ ဘုရားပုထိုး အချို့ပရဝဏ်နှင့် လမ်းများအတွင်း ရေဝင်ရောက်မှုများရှိခဲ့ရာ နိုင်ငံတော်မှ ရှေးမူလက်ရာမပျက် ပြန်လည်ပြင်ဆင်မွမ်းမံခြင်းလုပ်ငန်းများကို အချိန်နှင့်တစ်ပြေးညီ ဆောင်ရွက်ခဲ့ခြင်းကြောင့် လာရောက်လည် ပတ်ဖူးမြော်သူများသည် သမိုင်းဝင် အထင်ကရဘုရားများအား စိတ်အေးချမ်းစွာ ဖူးမြော်နိုင်ခြင်း၊ နံရံဆေးရေးပန်းချီများ လေ့လာခြင်း၊ အလှဓာတ်ပုံ ရိုက်ကူးခြင်း၊ လက် ဆွဲပန်းချီဆွဲကြခြင်း၊ Bloom (မီးပုံးပျံ)စီးခြင်း၊ မြင်းလှည်းစီးခြင်း၊ E-Bike အဖွဲ့လိုက်ငှား စီးခြင်းများ ပြုလုပ်အပန်းဖြေနိုင်ကြောင်း သိရသည်။
    သီတင်းကျွတ် ရုံးပိတ်ရက်များတွင် ပုဂံသို့ ပြည်တွင်းပြည်ပခရီးသွားနေ့စဉ် တစ်သိန်းမှ တစ်သိန်းခွဲဝန်း ကျင် လာရောက် လေ့ရှိရာ ပုဂံ-ညောင်ဦးတွင် ဖွင့်လှစ်ထားရှိသည့် ဟိုတယ်၊ မိုတယ်၊ တည်းခိုခန်း ၈၁ လုံးတွင် လာရောက်တည်းခိုသူများမှာ နှစ်စဉ်နှစ်တိုင်း အပြည့်ဖြစ်ကြောင်း သိရသည်။

Total Views ~ 297

ဆက်စပ်အကြောင်းအရာများ

ဆက်စပ်အကြောင်းအရာများ

စုစုပေါင်းကြည့်ရှုသူများ

45043

© 2022 - 2025 News. All Rights Reserved.