ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ရုရှားနိုင်ငံမော်စကိုမှ ကာဇက်စတန်နိုင်ငံသို့ ထွက်ခွာ

ရန်ကုန် စက်တင်ဘာ၂၇
 ရုရှားဖက်ဒရေးရှင်းနိုင်ငံသမ္မတ မစ္စတာ ဗလာဒီမာပူတင်၏ ဖိတ်ကြားချက်အရ ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ မော်စကိုမြို့သို့ သွားရောက်ခဲ့သော ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် မြန်မာအဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့သည် ယနေ့ နံနက်ပိုင်းက ရုရှားနိုင်ငံမော်စကိုမှ ကာဇက်စတန်နိုင်ငံသို့ ထွက်ခွာသွားခဲ့ကြောင်းသိရသည်။
 ကာဇတ်စတန်နိုင်ငံသမ္မတ  H.E.Mr. Kassym-Jomart Tokayev ၏ ဖိတ်ကြားချက်အရ  ကာဇက်စတန်နိုင်ငံသို့ တရားဝင်အလုပ်သဘောခရီးသွားရောက်ခြင်းဖြစ်ကြောင်းသိရသည်။
 ခရီးစဉ်အတွင်း ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင် ဥက္ကဋ္ဌ သည် ကာဇက်စတန်နိုင်ငံသမ္မတ အပါအဝင် တာဝန်ရှိသူများနှင့်တွေ့ဆုံဆွေးနွေးခြင်း၊ စက်ရုံ၊ အလုပ်ရုံများနှင့် အထင်ကရနေရာများသို့ သွားရောက်လေ့လာခြင်းများဆောင်ရွက်သွားမည်ဖြစ်ပြီး နှစ်နိုင်ငံ ချစ်ကြည်ရင်းနှီးမှုနှင့် ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ရေးဆိုင်ရာများကို ဆွေးနွေးသွား မည်ဖြစ်ကြောင်းသိရသည်။

Total Views ~ 9

ဆက်စပ်အကြောင်းအရာများ

စုစုပေါင်းကြည့်ရှုသူများ

53006

© 2022 - 2025 News. All Rights Reserved.