သီပေါမြို့  ပြန်လည်စည်ကားလာပြီဟု ဒေသခံများပြော

ရန်ကုန်၊ နိုဝင်ဘာ ၃
    ရှမ်းပြည်နယ်(မြောက်ပိုင်း)ရှိ သီပေါမြို့ ပြန်လည်စည်ကားလာပြီဖြစ်ကြောင်း ဒေသခံများကပြောသည်။
    "သီပေါရဲ့ အခြေအနေကတော့ တဖြည်းဖြည်းနဲ့ စစ်ရှောင်တွေ ပြန်ဝင်လာတာက တစ်ဝက်‌လောက်ရှိတဲ့အတွက် မြို့လည်း ပြန်လည်စည်ကားလာပါပြီ။ စစ်ရှောင်ကျန်တဲ့ တစ်ဝက်လောက်ကတော့ သူတို့သားသမီးတွေ ကျောင်းထားတာတွေရှိနေတော့ ကျောင်းပြီးမှပဲ ပြန်လာကြမှာ။ ဒီနှစ်ကုန်လောက်ဆိုရင် သူတို့လည်း ပြန်လာကြမှာပါ။ ဖုန်းလိုင်းကလည်း အကုန်ပြန်ရပြီ။ MPT ၊ တယ်လီနော(Atom) ကတော့ တစ်ခါ တစ်ခါ လိုင်းနည်းနည်း ပြတ်တာတော့ ရှိတယ်။ ဖုန်းလိုင်းတွေ အကုန်ပြန်ရပါပြီ။ အင်တာနက်လိုင်းကို‌လည်း သုံးကြတာတွေ့ ရပါတယ်။ မီးတစ်ခုပဲမရသေးတာပါ။ ကျန်တာအကုန်လုံး အဆင်ပြေပါတယ်။ ဆက်သွယ်ရေး အကုန်အဆင်ပြေပါတယ်။ သီပေါမြို့မဈေးနဲ့ အခွန်လွတ်ဈေးရှိတယ်။ ဈေးတွေအားလုံး ပြန်ဖွင့်နေပါတယ်။ အခုလို ဒေသအတွက်  တပ်မတော်ရဲ့ လုပ်ဆောင်ချက်တွေကို လည်း ဒေသခံတွေအနေနဲ့ ဝမ်းသာမိပါတယ်။ ကျောင်းတွေလည်း ပြန်ဖွင့်ပြီ။ လိုင်းခွဲတွေ တချို့ပြန်ပြင်နေတယ်။ ဆေးရုံကြီးမှာတော့ မီးစက်မောင်းပြီး အသုံးပြုနေ တာတွေ့ရတယ် "ဟု သီပေါမြို့ခံ ဦးနိုင်က ပြောသည်။
    TNLA တပ်များ ရှိခဲ့စဉ် ၎င်းတို့နှင့် အဆင်မပြေမှု အခက်အခဲများစွာ ကြုံခဲ့ရပြီး သူခိုးများ သောင်းကျန်းမှုကိုလည်း ခံခဲ့ရကြောင်း ယခုမြန်မာ့တပ်မတော်မှ သီပေါကို ပြန်လည်ထိန်းချုပ်ခဲ့ပြီးနောက် အပူအပင်မရှိဘဲ စိတ်လုံခြုံမှုရှိသည်ဟု ခံစားရကြောင်း ဒေသခံများက ပြောကြားခဲ့သည်။ သီပေါမြို့တွင် လျှပ်စစ်မီးလိုအပ်ချက်ရှိနေ‌သော်လည်း တည်ငြိမ်အေးချမ်းနေပြီဖြစ်ကြောင်း စားသောက်ဆိုင်ပိုင်ရှင် တစ်ဦးက ပြောသည်။
    "မီးကတော့ လောလောဆယ်မရသေးဘူး။ သက်ဆိုင်ရာကတော့ မီးအားလိုင်းတွေ၊ ထရန်စဖော်မာတွေ ပြန်ပြင်နေတာတွေ လုပ်နေတယ်။ မြို့ထဲ ပလောင်တွေရောက်လာတော့ တော်တော်ပျက် စီးသွားတာကိုး။ မီးကြိုးတွေ ဖျက်ဆီးပြီး ပြေးကြတယ်။ မီတာ Box တွေလည်း အခိုးခံခဲ့ရတာတွေရှိတော့ ကျွန်တော်တို့မြို့က မီးနဲ့ပတ်သက်ပြီး ပြန်လုပ်ယူရဦးမယ်။ မီးကြိုးတွေကအစ သူခိုးလက်ထဲ အကုန် ပြန်ရောက်သွားတဲ့အခါကျ တော့ တော်တော်လေး ပြန်လုပ်ရဦးမယ်" ၎င်းကဆက်ပြောသည်။
    မြန်မာ့တပ်မတော်က သီပေါမြို့ကို အောက်တိုဘာ ၁၇ ရက်တွင်လည်း  ပြန်လည် ထိန်းချုပ်ခဲ့ခြင်း ဖြစ်သည်။ လက်ရှိတွင် တပ်မတော်က သီပေါမြို့နှင့် အနီးတစ်ဝိုက်၌ အစိုးရ၏ အုပ်ချုပ်မှုယန္တရား ပြန်လည်လည် ပတ်နိုင်ရေး၊ ကလေးသူငယ်များ ပညာသင် ကြားနိုင်ရေးနှင့် ဒေသခံပြည်သူလူထုအား ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများ ပြန်လည်ဆောင်ရွက်နိုင်ရေးတို့အပြင် ပြန်လည်ထူထောင်ရေးလုပ်ငန်းများကို အချိန် နှင့်တစ်ပြေးညီ အင်တိုက်အားတိုက် ဆောင်ရွက်ပေးလျက်ရှိသည်။ ထိုသို့ ဆောင်ရွက်ပေး လျက်ရှိရာယခုအခါ သီပေါမြို့၌ အခြေခံပညာကျောင်းပေါင်း ၁၁ ကျောင်းဖွင့်လှစ်နိုင် ခဲ့ပြီးဖြစ်သလို သီပေါမြို့ ပြည်သူ့ဆေးရုံကြီး၌ ဒေသခံတိုင်းရင်းသား ပြည်သူများအား လိုအပ်သည့် ကျန်း မာရေးစောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။  နဒီ

Total Views ~ 21

ဆက်စပ်အကြောင်းအရာများ

စုစုပေါင်းကြည့်ရှုသူများ

58040

© 2022 - 2025 News. All Rights Reserved.