ရန်ကုန်၊ နိုဝင်ဘာ ၅
နေပြည်တော် စာတိုက်ကြီးကို ၂၀၂၅-၂၆ ဘဏ္ဍာရေးနှစ် အရေးပေါ်ခွင့် ပြုရန်ပုံငွေဖြင့် အကြီးစားပြုပြင်ရန် စီစဉ်နေကြောင်း ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန မြန်မာ့စာတိုက်လုပ်ငန်းမှ သိရသည်။
လက်ရှိတွင် နေပြည်တော် စာတိုက်ကြီးကို အကြီးစားပြုပြင်ခြင်းလုပ်ငန်းအား မြန်မာကျပ်ငွေဖြင့် ဆောင်ရွက်ရန်အတွက် မြန်မာ့စာတိုက်လုပ် ငန်းမှ အိတ်ဖွင့်တင်ဒါတင်သွင်းရန် ဖိတ်ခေါ်ထားသည်။
အဆိုပါ လုပ်ငန်းဆောင်ရန်အတွက် အိတ်ဖွင့်တင်ဒါလျှောက်လွှာများကို နိုဝင်ဘာ ၅ ရက်တွင် မြန်မာ့စာတိုက်လုပ်ငန်း (ရုံးချုပ်)၊ နေပြည်တော်ရှိ ထောက်ပံ့ရေးဌာနတွင် စတင်ရောင်းချပေးမည်ဖြစ်ပြီး အိတ်ဖွင့်တင်ဒါလျှောက်လွှာ အရောင်းပိတ်မည့်ရက်ကို နိုဝင်ဘာ ၁၉ ရက်အဖြစ် သတ်မှတ်ထား သည်။ အိတ်ဖွင့်တင်ဒါ ဖွင့်လှစ်မည့်ရက်ကို ထပ်မံကြေညာသွားမည်ဖြစ်ပြီး အသေးစိတ်အချက်အလက်များကို မြန်မာ့စာတိုက်လုပ်ငန်း (ရုံးချုပ်) နေပြည်တော်သို့ လူကိုယ်တိုင်ဖြစ်စေ၊ ဖုန်း-၀၉ ၂၅၂၀၀၀၀၅၃ သို့ ရုံးချိန်အတွင်း ဆက်သွယ် စုံစမ်းမေးမြန်းနိုင်ကြောင်း တင်ဒါလက်ခံရေးနှင့် စိစစ်ရေးကော်မတီမှ အသိပေးထားသည်။ နဒီ