နေပြည်တော်တွင် ပြည်သူ့ပါတီလွှတ်တော် ကိုယ်စားလှယ်လောင်း ၁၀ ဦး မဲဆွယ်စည်းရုံးရေး စတင်

နေပြည်တော်၊ နိုဝင်ဘာ ၂ 
    နေပြည်တော် ပြည်ထောင်စုနယ်မြေတွင် ပြည်သူ့ပါတီမှ ကိုယ်စားလှယ် ၁၀ ဦးဖြင့် ဝင်ရောက်ယှဉ်ပြိုင်သွားမည်ဖြစ်ပြီး ပြည်သူလူထုနှင့် ထိတွေ့ဆက်ဆံမှုများ လုပ်ဆောင်နေပြီဖြစ်ကြောင်း ပြည်သူ့ ပါတီ နေပြည်တော်ဥက္ကဋ္ဌ ဦးမျိုးသီဟထွန်းက ပြောသည်။ 
    "ကျွန်တော်တို့ပါတီအနေနဲ့ လောလောဆယ် လွှတ်တော်ကိုယ်စားလှယ် လောင်းတွေက သူတို့ဆောင်ရွက်စရာရှိတာတွေ ဆောင်ရွက်နေပါတယ်။ ပုဗ္ဗသီရိနဲ့တပ်ကုန်းဘက်မှာလည်း မြေပြင်ကွင်းဆင်းပြီးတော့ ပြည်သူလူထုနဲ့ ထိတွေ့တဲ့လုပ်ငန်းတွေ လုပ်ဆောင်နေကြပါတယ်။ ပြည်ထောင်စုအဆင့်အနေနဲ့ ကျွန်တော်တို့ပါတီ ဥက္ကဋ္ဌကြီးကလည်း ဒီလလယ်လောက်မှာ ဟောပြောပွဲကြီးတစ်ခုလုပ်ဖို့ စီစဉ်နေပါတယ်။ သက် ဆိုင်ရာ ကိုယ်စားလှယ်လောင်းတွေကတော့ ပြည်သူလူထုနဲ့ ထိတွေ့ဆက်ဆံမှု တော့ ရှိပါတယ်။ နေပြည်တော် ရှစ်မြို့နယ်လုံးကို တတ်နိုင်သလောက်တော့ ဝိုင်းကူပြီး ဆောင်ရွက်နေပါတယ်။ နေပြည်တော် ပြည်ထောင်စုနယ်မြေမှာ ရှစ်မြို့နယ်ရှိတယ်။ ရှစ်မြို့နယ်မှာ ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ရှစ်ယောက်ရှိမယ်။ နောက်ထပ် အမျိုးသားလွှတ်တော်က နှစ်ယောက်ရှိမယ်။ တစ်ယောက်ကတော့ FPTP ပြည်ထောင်စုနယ်မြေတစ်ခုလုံး။ PR ကျတော့ ရမည်းသင်းခရိုင်နဲ့ နေပြည် တော်ခရိုင် ရှစ်မြို့နယ်ပေါင်းမှ နှစ်ခုလုံး ပေါင်းမှ FPTP တစ်ယောက်ရှိမယ်။ အားလုံး ၁၀ ယောက်ရှိမယ်။ ပြည်ထောင်စုနယ်မြေရုံးလည်း ရွှေကြာပင်ရပ်ကွက် ဇမ္ဗူသီရိမြို့နယ်မှာ ရုံးထိုင်ပြီး ရွေးကောက်ပွဲကိစ္စနဲ့ ပါတီကိစ္စတွေ ဆောင်ရွက်နေပါတယ်။ မဲဆွယ်စည်းရုံးရေးက ၂၉၊ ၃၀ လောက်ကတည်းက စပြီးလှုပ်ရှားနေတာ"ဟု ၎င်းက ပြောသည်။ နေပြည်တော် ပြည်ထောင်စုနယ်မြေတွင် နိုင်ငံရေးပါတီများအနေဖြင့် ပါတီလှုပ်ရှားမှုနှင့် လူထုကို မဲဆွယ်စည်းရုံးသည့် လုပ်ငန်းများ နည်းပါးနေသေးကြောင်း ဦးမျိုးသီဟ ထွန်းက ပြောသည်။ 
    "လက်ရှိ မြေပြင်အခြေအနေကတော့ နေပြည်တော်မှာ လှုပ်ရှားမှုတွေက အေးနေတယ်။ ပါတီ အားလုံးရဲ့ အနေအထားကို ခြုံပြီးပြောတာပါ။ မြေပြင်လှုပ်ရှားမှုကတော့ အေးတယ်။ ပါတီကြီးတွေရဲ့ လှုပ် ရှားမှုတွေလည်း အရင်လို များများစားစား မရှိဘူး"ဟု ၎င်းကပြောသည်။
    ပြည်သူ့ပါတီ၏ ရွေးကောက်ပွဲ ကြေညာစာတမ်းတွင် နိုင်ငံရေး၊ စစ်ရေး ပဋိပက္ခများနှင့် ပြည်သူ လူထု၏ နေ့စဉ်ဘဝလုံခြုံရေး စားဝတ်နေရေးကိစ္စရပ်များကို အဓိက ဖြေရှင်းသွားမည်ဖြစ်ကြောင်း ထည့်သွင်း ဖော်ပြထားသည်။   ကွန်းဈာန်

Total Views ~ 19

ဆက်စပ်အကြောင်းအရာများ

စုစုပေါင်းကြည့်ရှုသူများ

58040

© 2022 - 2025 News. All Rights Reserved.