ပြီးခဲ့သည့် အစိုးရလက်ထက်က ပိတ်ပင်ခဲ့သည့် စောင့်ကြည့်လေ့လာခွင့် အချက်လေးချက်ကို လာမည့်ရွေးကောက်ပွဲတွင် ပြန်လည်ခွင့်ပြုပေးမည်

နေပြည်တော်၊ ဒီဇင်ဘာ ၁၁
    ပြီးခဲ့သည့် အစိုးရနှင့် UEC တို့က  ပိတ်ပင်ခဲ့သည့် ရွေးကောက်ပွဲစောင့်ကြည့် လေ့လာရေးအဖွဲ့များ၏ စောင့်ကြည့်လေ့လာခွင့် အခွင့်အရေးလေးချက်ကို လာမည့်ရွေးကောက်ပွဲတွင် ပြန်လည်ခွင့်ပြုပေးမည်ဖြစ်ကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌ ဦးကိုကိုက ပြောသည်။
    ပြီးခဲ့သည့် ၂၀၁၀အထွေထွေ ရွေးကောက်ပွဲ၊ ၂၀၁၅ အထွေထွေရွေးကောက်ပွဲများတွင် ရွေးကောက်ပွဲ စောင့်ကြည့်လေ့လာသူများအား စောင့်ကြည့်လေ့လာခွင့်ပေးခဲ့သည့် အချက် ၁၃ ချက် ရှိခဲ့ကြောင်း၊ သို့သော်လည်း ၂၀၂၀ အထွေထွေရွေးကောက်ပွဲတွင် အဆိုပါ အချက် ၁၃ ချက်မှ အချက်လေးချက်ကို လျှော့ချခဲ့ကြောင်း သိရသည်။
    "လာမယ့် ရွေးကောက်ပွဲမှာ ပြီးခဲ့တဲ့ အစိုးရနဲ့ပြီးခဲ့တဲ့ UEC က ပိတ်ပင်ခဲ့တဲ့ Observer အခွင့်အရေး လေးချက်ကို ပြန်ထည့်ပေးပါ့မယ်"ဟူ၍ UEC ဥက္ကဋ္ဌ ဦးကိုကိုက ပြောသည်။
    အဆိုပါ ၂၀၁၅ ခုနှစ် အထွေထွေရွေးကောက်ပွဲတွင် စောင့်ကြည့်လေ့လာခွင့်ပြုခဲ့သည့် အချက် ၁၃ ချက်အနက် လေ့လာခွင့်မပြုခဲ့သည့် အချက်များတွင် ရွေးကောက် ပွဲဥပဒေ၊ နည်းဥပဒေ၊ လုပ်ထုံးလုပ်နည်း၊ အမိန့်၊ ညွှန်ကြားချက်များ စောင့်ကြည့်လေ့လာခြင်း၊ မဲလက်မှတ်များ ရိုက်နှိပ်ခြင်းတို့ကို စောင့်ကြည့်လေ့လာခြင်း၊ ရွေးကောက်ပွဲကန့် ကွက်လွှာအမှုများ စစ်ဆေးခြင်းနှင့် ဆုံးဖြတ်ခြင်းအချက်များ ပါဝင်ကြောင်း သိရသည်။
    ထို့အပြင် မြန်မာနိုင်ငံတွင် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ ကျင်းပနိုင်ရေး ကြို တင်ပြင်ဆင်ဆောင်ရွက်လျက်ရှိပြီး ပြည်တွင်းပြည်ပမှ ရွေးကောက်ပွဲစောင့် ကြည့်လေ့လာရေးအဖွဲ့များ စောင့်ကြည့်လေ့လာခွင့်ပြုသွားမည်ဖြစ်ကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌ ဦးကိုကိုက ပြောကြားခဲ့သည်။   ညီသစ်

Total Views ~ 142

ဆက်စပ်အကြောင်းအရာများ

စုစုပေါင်းကြည့်ရှုသူများ

43385

© 2022 - 2025 News. All Rights Reserved.