Breaking

ရွေးကောက်ပွဲအပြီးတွင် NUG ၊ CRPH  နှင့် CWC တို့၏ အခန်းကဏ္ဍ ပျောက်ကွယ်သွားပြီဟု ဒေါ်စန္ဒာမင်း ပြောကြား

ရန်ကုန်၊ သြဂုတ် ၁၃
    ကျင်းပမည့် ပါတီစုံအထွေထွေ ရွေးကောက်ပွဲအပြီးတွင် ပြည်ပတိမ်းရှောင်သည့် လူတစ်စုဖွဲ့စည်းထားသော NUG ၊ CRPH နှင့် CWC တို့၏ အခန်းကဏ္ဍမှာ ပျောက်ကွယ်သွားပြီဖြစ်ကြောင်း ယခင်  NLD ပါတီ၏ ဗဟိုကော်မတီဝင်အဖြစ်ဆောင်ရွက်ခဲ့သူ ဒေါ်စန္ဒာမင်းက ပြောသည်။
    ၂၀၂၀ ရွေးကောက်ပွဲ၏ မဲမသမာမှုကြောင့် ဖြစ်ပေါ်ခဲ့ရသော နိုင်ငံရေး အကျပ်အတည်းကို နိုင်ငံရေးနည်းနှင့် ဖြေရှင်းရန် မဆောင်ရွက်နိုင်သော NLD ပါတီဝင်အချို့နှင့် ယင်းပါတီကို ထောက်ခံသူများက ပြည်ပနိုင်ငံများသို့ တိမ်းရှောင်၍ ပြည်ပြေးအဖွဲ့အဖြစ် NUG ၊ CRPH နှင့် CWC အဖွဲ့များဖွဲ့စည်း၍ လက်နက်ကိုင်အကြမ်းဖက်အဖွဲ့များကို ဦးဆောင်ခဲ့သည်။ ထိုသို့  ပြည်တွင်း၌ မတည်မငြိမ်ဖြစ်စေရေးအဓိကထားဆောင်ရွက်ခဲ့သော အဖွဲ့အစည်းများအပေါ် လူထုနှင့် နိုင်ငံတကာမှ အားပေးထောက်ခံခြင်း မရှိတော့ဘဲ ရွေးကောက်ပွဲအပြီးတွင် ပျောက်ကွယ်သွားရတော့မည်ဟု အထက-်ပါပုဂ္ဂိုလ်က ပြောသည်။
    NUG ကတော့ အရှက်တကွဲ ဖြစ်ပြီး NUG တင်မဟုတ်ဘူး၊ CRPH၊ CWC အဖွဲ့တွေက ရွေးကောက်ပွဲပြီးရင် ဘယ်အခန်းကဏ္ဍက ဆက်လုပ်ကြမှာလဲ။ ပြီးသွားပြီ။ ဒါကြောင့်လည်း ကျွန်မတို့ကရွေးကောက်ပွဲကို ဖြစ်ကို ဖြစ်စေချင်တယ်။ ကိုယ်တိုင်လည်း ပါဝင်ဆောင်ရွက်တာပါဟု ဒေါ်စန္ဒာ မင်းက ဆက်လက်ပြောကြားသည်။ ထို့အပြင် လက်ရှိတွင် NUG အမည်ခံအဖွဲ့မှ ခေ-ါင်းဆောင်များအနေဖြင့် တိုင်းရင်းသား လက်နက်ကိုင် ခေါင်းဆောင်များနှင့် သွားရောက်တွေ့ဆုံခဲ့ကြောင်း သတင်းဓာတ်ပုံများ ထုတ်ပြန်ခဲ့ခြင်းအပေါ် EAO အဖွဲ့အချို့မပါလည်း ရွေးကောက်ပွဲက ဖြစ်သွားမှာပဲလေ။အစိုးရကလည်း သူချမှတ်ထားတဲ့အတိုင်း ဆက်လုပ်မှာပဲ။ အဲဒီလိုဆိုတော့ သူတို့ အဲဒီလို လျှောက်လုပ်နေတာဟာ တော်တော်များ များလည်း သိသွားတာပေါ့။ သူတို့ဘာမှမဟုတ်တော့ဘူး။ လူရာမဝင်တော့ဘူးဆိုတာ လူတော်တော်များများ သိသွားတာပေါ့။ ခု ဆိုရင် သူတို့အချင်းချင်း ဖော်နေကြတဲ့ကိစ္စတွေဆိုရင် အရှက်တကွဲ ဖြစ်စရာပဲလေ။ မအောင်မြင်တဲ့အခါကြတော့ သူတို့အချင်းချင်း ကွဲကုန်ကြတာဟု ဆက် လက်ပြောကြားသည်။
    ပြည်ပြေးလူတစ်စု၏ NUG ၊ CRPH နှင့် NLD  ပါတီအပေါ် ကိုယ်စားပြုမှုများနှင့်ပတ်သက်၍ NLD ပါတီဝင်ဟောင်းများမှ လတ်တလော ဝေဖန်မှုများ ထွက်ပေါ်နေပြီး ၏ လူမှုကွန်ရက်အကောင့်များ ခိုးယူမှုသုံးစွဲကာ NLD  ပါတီအမည်ကိုအသုံးချ ဆောင်ရွက်ခြင်းများကို ဝေဖန်မှုများမြင့်တက်လျက်ရှိသည်။ ထူးမြတ်

Total Views ~ 4

ဆက်စပ်အကြောင်းအရာများ

ဆက်စပ်အကြောင်းအရာများ

စုစုပေါင်းကြည့်ရှုသူများ

49377

© 2022 - 2025 News. All Rights Reserved.