ရန်ကုန်၊ သြဂုတ် ၂၈
သီတဂူဆရာတော် ဘဒ္ဒန္တ ဉာဏိ ဿရအား သီရိလင်္ကာနိုင်ငံ ကော့တေးဗုဒ္ဓ ဘာသာအဖွဲ့ချုပ်မှ ထေရဝံသလင်္ကာရ မဟာဂဏစရိယ သဒ္ဓမ္မကိတ္တိသိရီ ဘွဲ့တံဆိပ်အား ဆက်ကပ်ချီးမြှင့်ခဲ့ကြောင်းနှင့် အဆိုပါ ဘွဲ့တံဆိပ်တော်သည် နှစ်ပေါင်းတစ်ရာကျော်အတွင်း မြန်မာပြည် သံဃရာဇာတစ်ပါးအား ပထမဆုံးအကြိမ် ဆက်ကပ်ပူဇော်ခြင်းဖြစ် ကြောင်းသိရသည်။
သီရိလင်္ကာ ဒီမိုကရက်တစ်ဆို ရှယ်လစ်သမ္မတနိုင်ငံ ကိုလံဘိုမြို့၌ သြဂုတ် ၂၀ ရက်မှ ၂၂ ရက်အထိ ကျင်းပခဲ့သည့် မြန်မာဆရာတော် ဘဒ္ဒန္တဝိနယာလင်္ကာရ စတင်တည်ထောင်ခဲ့သော မြန်မာ့ဂုဏ်ဆောင် မကုဋာရာမ မြန်မာကျောင်းတိုက် နှစ်တစ်ရာပြည့် အထိမ်းအမှတ်အခမ်းအနားနှင့် အခြားသာသနာရေးဆိုင်ရာ အခမ်းအနားများသို့ သီတဂူဆရာတော်ဘုရားကြီး ကြွရောက်ချီးမြှင့်သည့် ခရီးစဉ်တွင် အထက်ပါဘွဲ့တံဆိပ်တော်ကို ဆက်ကပ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
သြဂုတ် ၂၀ ရက်တွင် ကျင်းပခဲ့သည့် မကုဋာရာမမြန်မာကျောင်းတိုက် နှစ်တစ်ရာပြည့်အထိမ်း အမှတ်ပွဲအခမ်းအနားသို့ နိုင်ငံတော်သံဃမဟာ နာယကအဖွဲ့ ဒုတိယဥက္ကဋ္ဌ ဒေါက်တာ ဘဒ္ဒန္တစန္ဒနသာရ၊ သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်များ၏ အဓိပတိ သောဠသမ ရွှေကျင်သာသနာပိုင် ဒေါက်တာ ဘဒ္ဒန္တ ဉာဏိဿရ၊ ရှမ်းပြည်နယ် ဗုဒ္ဓတက္ကသိုလ်ပါမောက္ခချုပ် အောက်စဖို့ဒ်ဆရာတော် ဒေါက်တာ ဘဒ္ဒန္တဓမ္မသာမိ၊ သီရိလင်္ကာ နိုင်ငံကိုလံဘိုမြို့မှ ရာမာညနိကာယ မဟာနာယကဆရာတော် ဘဒ္ဒန္တမကုလေဝေဝိမလ၊ ကော့တေးဗုဒ္ဓဘာသာအဖွဲ့ချုပ်၏ ဒုတိယနာယကဆရာတော် ဘဒ္ဒန္တကိုတာပီတိယေရာဟုလာ၊ ကလျာဏီယဗုဒ္ဓတက္ကသိုလ်၏ ပါမောက္ခချုပ် ဆရာတော် ကောလုပိတိယေမဟိန္ဒ အမှူးပြုသော ဆရာတော်၊ သံဃာတော်များနှင့် သီလရှင်ဆရာကြီးများ၊ ပြည်ထောင်စုဝန်ကြီး ဦးတင်ဦးလွင်၊ သီရိလင်္ကာနိုင်ငံပို့ဆောင်၊ ဆက်သွယ်ရေးနှင့် ပြန်ကြား ရေးဝန်ကြီးဌာနဝန်ကြီး ဒေါက်တာ ဗန္ဓုလဂုဏဝါဒေန၊ သီရိလင်္ကာနိုင်ငံဆိုင်ရာ မြန်မာနိုင်ငံသံအမတ်ကြီး ဒေါ်မာလာသန်းထိုက်၊ မြန်မာနိုင်ငံဆိုင်ရာ သီရိလင်္ကာနိုင်ငံသံအမတ်ကြီး မစ္စပရာဗာချီနီပွန်နပေရုမတို့ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
သြဂုတ် ၂၂ ရက်တွင် ပြည်ထောင် စုဝန်ကြီးနှင့်အဖွဲ့သည် သီရိလင်္ကာနိုင်ငံ ကိုလံဘိုမြို့ ကော့တေးဗုဒ္ဓဘာသာအဖွဲ့ချုပ် ခန်းမ၌ ကျင်းပသည့် ဒေါက်တာဘဒ္ဒန္တဉာဏိဿရအား သီရိလင်္ကာနိုင်ငံ ကော့တေးဗုဒ္ဓ ဘာသာအဖွဲ့ချုပ်က ထေရဝံသလင်္ကာရ မဟာဂဏစရိယသဒ္ဓမ္မကိတ္တိသိရီ ဘွဲ့တံဆိပ် ဆက်ကပ်သည့် အခမ်းအနားသို့ တက်ရောက်ခဲ့ပြီး အခမ်းအနားတွင် သီတဂူဆရာတော် ဘဒ္ဒန္တဉာဏိဿရအား ကော့တေးဗုဒ္ဓ ဘာသာအဖွဲ့ချုပ်က ဆက်ကပ်ချီးမြှင့်သည့် ထေရဝံသလင်္ကာရ မဟာဂဏစရိယသဒ္ဓမ္မ ကိတ္တိသိရီ ဘွဲ့တံဆိပ်အား ဆက်ကပ်ချီးမြှင့် ခဲ့ကြောင်း သိရသည်။
ထူးမြတ်