အင်အားကြီးနိုင်ငံများ၏ဖွံ့ဖြိုးဆဲ နိုင်ငံငယ်များအပေါ် စစ်ရေးအရ လွှမ်းမိုးချုပ်ကိုင်လိုမှု၊ သြဇာခံအဖြစ် ထားရှိလိုမှုများကြောင့် ဖြစ်ပေါ်နေသည့် ခေတ်သစ်စစ်ပွဲများ၏ အသွင်သဏ္ဌာန်များကို ကောင်းစွာ သိရှိနားလည်ထားရမည်ဟု တပ်မတော်ကာကွယ် ရေးဦးစီးချုပ်ပြော 

၂၀၂၃ ၊ ဒီဇင်ဘာ ၁၃ 
    ယနေ့ ကမ္ဘာ့နိုင်ငံရေးအခင်းအကျင်းများကို ကြည့်မယ်ဆိုပါက ခေတ်မီနည်းပညာများနှင့် စစ်မှု သိပ္ပံနည်းပညာများ လျင်မြန်စွာဖွံ့ဖြိုးတိုးတက်လာမှုနှင့်အတူ အင်အားကြီးနိုင်ငံအုပ်စုများ၏ ဖွံ့ဖြိုး ဆဲနိုင်ငံငယ်များအပေါ် စစ်ရေးအရလွှမ်းမိုးချုပ်ကိုင်လိုမှု၊ နိုင်ငံရေးအရ မိမိသြဇာခံအဖြစ်ထား ရှိလိုမှုများကြောင့် ဖြစ်ပေါ်နေသည့် ခေတ်သစ်စစ်ပွဲများ၏ အသွင်သဏ္ဌာန်များကို ကောင်းစွာသိရှိနားလည် ထား ရမည်ဖြစ်ကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး သတိုးမဟာသရေစည်သူ သတိုးသီရိသုဓမ္မမင်းအောင်လှိုင်က ပြော ကြားလိုက်သည်။
    ပြင်ဦးလွင်မြို့ တပ်မတော်နည်း ပညာတက္ကသိုလ် စစ်ရေးပြကွင်းတွင် ဒီဇင်ဘာ ၁၁ ရက်က ကျင်းပသည့်တပ်မတော် နည်းပညာတက္ကသိုလ် ဗိုလ်လောင်းသင်တန်း အမှတ်စဉ်(၂၅) သင်တန်းဆင်း ဂုဏ်ပြုစစ်ရေးပြအခမ်းအနားတွင် တပ်မတော်ကာ ကွယ်ရေးဦးစီးချုပ်က အထက်ပါအတိုင်း ပြောကြား ခဲ့ခြင်းဖြစ်သည်။
    ယနေ့နိုင်ငံများအကြား ဖြစ်ပွားလျက်ရှိသည့် ပဋိပက္ခများကို လေ့လာကြည့်မည်ဆိုပါက အင်အားကြီး နိုင်ငံများက နောက်ကွယ်မှ နိုင်ငံရေး၊ စစ်ရေး၊ စီးပွားရေး၊ လူမှုရေး၊ ဝါဒဖြန့်ချိရေး၊ သံတမန် ရေးစသည့် နည်းလမ်းများနှင့် ဘက်စုံစစ်ပွဲအသွင် ဖော်ဆောင်ပြီး လုပ်ဆောင်နေကြသည်ကို တွေ့မြင်ရမည်ဖြစ်ကြောင်း၊ ထို့ကြောင့် ဖြစ်စဉ် ဖြစ်ရပ်တစ်ခုကို အပေါ်ယံမြင်ကွင်းလောက်သာ သုံးသပ်သိ ရှိခြင်းမျိုးထက် မြင်ကွင်းနောက်ကွယ်က အကြောင်းတရားများကိုပါ စဉ်းစားဖော်ထုတ်နိုင်စွမ်းရှိအောင် လုပ်ဆောင်သွားရန်လိုအပ်ကြောင်း တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်း အောင်လှိုင်က ပြောကြားခဲ့သည်။
    ထို့အပြင် စစ်ဘက်ဆိုင်ရာ သိပ္ပံနှင့် နည်းပညာများ လျင်မြန်စွာ ဖွံ့ဖြိုးတိုး တက်လာမှုကြောင့် ခေတ်သစ်စစ်ပွဲများတွင် သက်ရှိလူသားများ ဦးဆောင်ကွပ်ကဲထိန်းချုပ်သည့် နည်းပညာအဆင့်မှ AI (Artificial Intelligence) ဟုခေါ်သည့် ဉာဏ်ရည်တု နည်းပညာအသုံးပြု ကွပ်ကဲထိန်းချုပ်မှုနည်း ပညာအဆင့်အထိ တိုးတက်ပြောင်းလဲလာသည်ကို တွေ့ရှိရမည်ဖြစ်ကြောင်း၊ ထို့ကြောင့် ခေတ်သစ်စစ်ပွဲများတွင် ဖြစ်ပေါ် လျက်ရှိသည့် စစ်မှုရေးရာတော်လှန်ပြောင်းလဲမှု နည်းပညာများနှင့် ဉာဏ်ရည်တုနည်း ပညာ (AI) အခန်းကဏ္ဍကိုလည်း စဉ်ဆက်မပြတ် လေ့လာသင်ယူရန် လိုအပ်ကြောင်း တပ်မတော်ကာကွယ် ရေးဦးစီးချုပ်ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောကြားခဲ့သည်။
    ဖွံ့ဖြိုးပြီး၊ ဖွံ့ဖြိုးဆဲ ကမ္ဘာ့နိုင်ငံအများစုအနေဖြင့် ခေတ်သစ်စစ်ပွဲများကို မျှော်မှန်းပြီး ခေတ်မီ တပ်မတော်တစ်ရပ် တည်ဆောက်ရာတွင် ဉာဏ်ရည်တုနည်းပညာအပြင် အခြားကာကွယ်ရေးသု တေသနလုပ်ငန်းများတွင်လည်း များစွာရင်းနှီးမြှုပ်နှံလာကြသည်ကို တွေ့ရှိရမည်ဖြစ်ကြောင်း၊ နည်း ပညာအခြေပြု ခေတ်မီတပ်မတော်တစ်ရပ် တည်ဆောက်ရေးကို အပြိုင်အဆိုင် လုပ်ဆောင်လာကြ သည့်နည်းတူ သတင်းအချက် အလက်စီးဆင်းမှု လွယ်ကူမြန်ဆန်မှုကြောင့် နည်းပညာရပ်များ တစ်ဟုန်ထိုး ဖွံ့ဖြိုးတိုး တက်လျက်ရှိပြီး ကမ္ဘာ့အခင်းအကျင်းပြောင်း လဲမှုများသည် လျင်လျင်မြန်မြန် ဖြစ်ပေါ်လျက်ရှိသည်ကိုလည်း အမြဲသတိချပ်နေရန် လိုအပ်မည်ဖြစ်ကြောင်း၊ ထိုသို့ပြောင်းလဲတိုး တက်နေသည့် နည်းပညာများကို အမီလိုက် နိုင်ရန်အတွက် နိုင်ငံတကာတွင် ဖြစ်ပေါ်တိုး တက်နေသည့် စစ်မှုသိပ္ပံနှင့် နည်းပညာများကို စဉ်ဆက်မပြတ်လေ့လာပြီး မိမိနိုင်ငံအ တွက် အကောင်းဆုံးအသုံးချသွားရမည်ဖြစ်ကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ထည့်သွင်းပြောကြားခဲ့သည်။

Total Views ~ 125

ဆက်စပ်အကြောင်းအရာများ

စုစုပေါင်းကြည့်ရှုသူများ

43287

© 2022 - 2025 News. All Rights Reserved.