Breaking

အကြိမ်(၂၀) မြောက် မြန်မာ-တရုတ် နှစ်နိုင်ငံ မူးယစ်ဆေးဝါးပူးပေါင်းထိန်းချုပ်ရေး အစည်းအဝေးကျင်းပ

ရန်ကုန် ဒီဇင်ဘာ ၁၈

   အကြိမ်(၂၀)မြောက် မြန်မာ-တရုတ် နှစ်နိုင်ငံ မူးယစ်ဆေးဝါးပူးပေါင်းထိန်းချုပ်ရေး အစည်းအဝေးကို ယနေ့မွန်းလွဲပိုင်းတွင် တောင်ကြီးမြို့ တောင်ကြီး ဟိုတယ်၌ အိမ်ရှင်အဖြစ်လက်ခံကျင်းပခဲ့ကြောင်းသိရသည်။

  မြန်မာနိုင်ငံရဲတပ်ဖွဲ့ ဒုတိယရဲချုပ် ရဲဗိုလ်ချုပ်ဝင်းဗိုလ်က မူးယစ်ဆေးဝါးပြဿနာသည် ယနေ့ ကမ္ဘာ့နိုင်ငံအသီးသီးတွင် ကြုံတွေ့နေရသည့် အဓိက ပြဿနာဖြစ်ကြောင်း၊ မူးယစ်ဆေးဝါး ထုတ်လုပ်၊ သယ်ဆောင်ရောင်းဝယ်ခြင်းနှင့် သုံးစွဲခြင်းသည် နိုင်ငံအတွင်းမှုခင်းများ များပြားလာစေသည့်အပြင် စီးပွားရေး၊ လူမှုရေးနှင့် ကျန်းမာရေးဆိုင်ရာ နောက်ဆက်တွဲပြဿနာများ ဖြစ်ပေါ်စေကြောင်း၊ မူးယစ်ဆေးဝါးဈေးကွက် ကျယ်ပြန့်လာခြင်းနှင့်အတူ အဂတိလိုက်စားမှု၊ ငွေကြေးခဝါချမှု၊ အကြမ်းဖက်တိုက်ခိုက်မှုများအပါအဝင် နိုင်ငံဖြတ်ကျော်မှုခင်းများ ဆက်စပ်ဖြစ်ပေါ်လျက်ရှိပြီး နိုင်ငံများ၏ ဖွံ့ဖြိုးတိုးတက်မှုနှင့် တည်ငြိမ်အေးချမ်းမှုများကို ခြိမ်းခြောက်လျက်ရှိကြောင်း၊မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေးလုပ်ငန်းများ သည် လူငယ်မျိုးဆက်သစ်များ၏ ဘဝလုံခြုံရေးနှင့် နှစ်နိုင်ငံပြည်သူများ၏ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်ရေးအတွက် အဓိက အထောက်အကူပြုမည်ဖြစ်ကြောင်းပြောကြားခဲ့သည်။

  ဆက်လက်၍ တရုတ်ပြည်သူ့သမ္မတနိုင်ငံ ပြည်သူ့လုံခြုံရေးဝန်ကြီးဌာန အမျိုးသားမူးယစ် ဆေးဝါးထိန်းချုပ်ရေးကော်မရှင်၊ ဒုတိယအတွင်းရေးမှူးချုပ်၊ မူးယစ်ဆေးဝါးထိန်းချုပ်ရေးဗျူရို၊ ဒုတိယညွှန်ကြားရေးမှူးချုပ် Mr. ZHAO Zhongchen က မြန်မာ-တရုတ် နှစ်နိုင်ငံပူး ပေါင်း၍ မူးယစ်ဆေးဝါး ထိန်းချုပ်ရေး ဆောင်ရွက်ခဲ့သည်မှာ နှစ်ပေါင်းများစွာကြာမြင့်ခဲ့ပြီး အောင်မြင်မှုများစွာလည်း ရရှိခဲ့ပါကြောင်း၊ မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေး ကဏ္ဍတွင် ဓာတုပစ္စည်းများထိန်းချုပ်ရေးမှာ အလွန်အရေး ကြီးကြောင်း၊ ဓာတုပစ္စည်းများ ထိန်းချုပ်ရေးအတွက် နှစ်နိုင်ငံသတင်းဖလှယ် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ တရုတ်နိုင်ငံမှ မြန်မာနိုင်ငံသို့ တင်သွင်းမည့် ဓာတုပစ္စည်းများကိုလည်း သေချာစွာစိစစ်လျက် ရှိပါကြောင်း၊ နှစ်နိုင်ငံ မူးယစ်တရားခံပြေးများ ဖမ်းဆီးရမိရေးနှင့် နိုင်ငံဖြတ်ကျော်မူးယစ်ဂိုဏ်းဖွဲ့ ကျူးလွန်မှုများ တားဆီးနှိမ်နင်းရေးတို့ကိုလည်း သတင်းဖလှယ် ဆောင်ရွက်သွားမည်ဖြစ်ကြောင်းပြောကြားခဲ့ကြောင်းသိရသည်။ HM

Total Views ~ 11

ဆက်စပ်အကြောင်းအရာများ

ဆက်စပ်အကြောင်းအရာများ

စုစုပေါင်းကြည့်ရှုသူများ

59104

© 2022 - 2025 News. All Rights Reserved.