AA အဖွဲ့ဦးဆောင်သည့် မူးယစ်မှောင်ခိုဂိုဏ်း အဖွဲ့အား ငွေကျပ် ၅၁ ဒသမ ၈၇ ဘီလီယံ တန်ဖိုးရှိ မူးယစ်ဆေးဝါးများနှင့် ဖမ်းဆီးရမိ 

၂၀၂၃ ၊ ဒီဇင်ဘာ ၂၀
    ရခိုင်လက်နက်ကိုင်အဖွဲ့တစ်ဖွဲ့ ဖြစ်သည့် AA အဖွဲ့ဦးဆောင်သည့် မူးယစ်မှောင်ခိုဂိုဏ်းအဖွဲ့အား ငွေကျပ် ၅၁ ဒသမ ၈၇ ဘီလီယံတန်ဖိုးရှိ မူးယစ်ဆေးဝါးများနှင့် ဖမ်းဆီးရမိခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သတင်းထုတ်ပြန်လိုက်သည်။
    ဖြစ်စဉ်မှာ လုံခြုံရေးတပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ဒီဇင်ဘာလ ၃ ရက် မွန်းလွဲ ၁ နာရီခွဲတွင် ရှမ်းပြည်နယ် (တောင်ပိုင်း)၊ ရွာငံမြို့နယ်၊ မြို့ကြီးကျေးရွာအနီးတွင် ရန်နိုင်စိုး(ခ) ရန်နိုင် မောင်းနှင်ပြီး မအိအိခင်(ခ)မအိနှင့် မမေဦးကိုကို(ခ)မေ ဦးကြည်လင်တို့ လိုက်ပါလာသည့် ALPHARD မော်တော်ယာဉ်ကို သတင်းအရရှာဖွေရာ ယာဉ်ပေါ်မှ အိုက်စ်(မက်သ်အဖက်တမင်း) ၆၅ ကီလို သိမ်းဆည်းရမိခဲ့ပြီး စစ်ဆေးဖော် ထုတ်ချက်အရ ဒီဇင်ဘာလ ၄ ရက် မွန်း တည့် ၁၂ နာရီတွင် ရန်ကုန်တိုင်းဒေသကြီး၊ ရွှေပြည်သာမြို့နယ်၊ (၁)ရပ်ကွက်၊ ပုလဲလမ်း တွင် ဖမ်းဆီးရမိ အိုက်စ်များ သယ်ဆောင်ရာ၌ ပူးပေါင်းပါဝင်သူများဖြစ်သည့် AA အဖွဲ့မှ ဒုဗိုလ်အဆင့်ရှိ နေလင်းထွန်း(ခ) နောနော် (ခ)ကျော်စိုးနှင့် ဒုဗိုလ်အဆင့်ရှိ စိုးထွန်းတို့အား ALPHARD မော်တော်ယာဉ် တစ်စီးနှင့် လည်းကောင်း၊ မွန်းလွဲ ၁၂ နာရီခွဲတွင် ရွှေပြည်သာမြို့နယ်၊ (၁)ရပ်ကွက်၊ ကနောင်မင်းသားကြီးလမ်းရှိ ဂိုဒေါင်တွင် AA အဖွဲ့မှ ဗိုလ်အဆင့်ရှိ ထွန်းလင်း(ခ)ပြုံးချိုအား အိုက်စ် ၈၆၅ ကီလိုနှင့်အတူ ဖမ်းဆီးရမိခဲ့ပြီး  ည ၇ နာရီတွင် ဇော်မင်းထွေး(ခ)သန်းဝင်းနှင့် မသင်းမြတ်ဆွေ(ခ) ရင်ရင်လှ တို့အား အောင်မင်္ဂလာအဝေး ပြေးကားဝင်းတွင်လည်းကောင်း အသီးသီးဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
    ဆက်လက်စစ်ဆေးဖော်ထုတ် ချက်များအရ ဒီဇင်ဘာလ ၆ ရက် မွန်းလွဲ ၂ နာရီတွင် ဖမ်းဆီးရမိ အိုက်စ်များအား ရန်ကုန်မြို့တွင်လက်ခံ၍ ပြည်ပသို့ ရေကြောင်းမှ သယ်ဆောင်ရာတွင် စီမံခန့်ခွဲသူ သားကြီး (ခ) ဦးလှဝင်းအား တောင်ငူမြို့၊ အမှတ်(၁၁) ရပ်ကွက်ရှိ ဟိုတယ်တွင် ဆက်လက်ဖမ်းဆီး ရမိခဲ့ပြီးနောက် စစ်ဆေးချက်အရ ဒီဇင်ဘာ  ၇ ရက် နံနက် ၁၀ နာရီခွဲတွင် တောင်ဥက္က လာပမြို့နယ်၊ (၉)ရပ်ကွက်၊ မေတ္တာလမ်းတွင် ၎င်းင်းပိုင်ဆိုင်သည့် CANTER BOX မော်တော်ယာဉ်ပေါ်မှ အိုက်စ်ကီလို ၁၁၄၀၊ ထိန်းချုပ်ဓာတုပစ္စည်း ကဖင်း ကီလို ၈၀၀ ဆက်လက်သိမ်းဆည်းရမိခဲ့သည်။
    ပူးပေါင်းအဖွဲ့သည် ဒီဇင်ဘာလ ၉ ရက် မွန်းလွဲ ၂ နာရီတွင် ကမာရွတ်မြို့နယ်၊ ဆင်မလိုက်သင်္ဘောကျင်း၌ စိုးပိုင်(ခ) စိုးစိုး၊ ဌေးလင်းဇော်၊ ကျော်ဌေးစိုး၊ AA အဖွဲ့မှ တပ်ကြပ်ကြီးအဆင့်ရှိ ဦးကျော်ဟန်၊ တပ်သားအဆင့်ရှိ ကျော်လင်းဆန်းနှင့် တပ်သားအဆင့်ရှိ ဦးထွန်းနုတို့ ခြောက်ဦးအား ပြည်ပသို့ ပင်လယ်ရေကြောင်းမှတစ်ဆင့် မူးယစ်ဆေးဝါးများသယ်ဆောင်သည့် တနင်္သာရီ(၁)အမည်ရှိ သံခွံကုန်တင် သင်္ဘောတစ်စီးနှင့် အတူ ထပ်မံဖော်ထုတ် ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
    စစ်ဆေးဖော်ထုတ်ချက်များအရ သိမ်းဆည်းရမိ စိတ်ပြောင်းဆေးဝါးဖြစ်သည့် အိုက်စ် (မက်သ်အဖက်တမင်း) ၂ ဒသမ ၀၇ တန်အား မူးယစ်မှောင်ခိုဂိုဏ်းဖွဲ့၍ ရှမ်းပြည်နယ်မှ ရန်ကုန်တိုင်းဒေသကြီးသို့ သယ်ဆောင်ပြီး ပင်လယ်ရေကြောင်းမှတစ်ဆင့် ပြည်ပသို့ သယ်ဆောင်ရောင်းဝယ်ခြင်း ဖြစ်ကြောင်းနှင့် စိတ်ပြောင်းဆေးဝါးများ ထုတ်လုပ်ရာတွင်အသုံးပြုသည့် ထိန်းချုပ်ဓာတုပစ္စည်း ကဖင်းများကို ရှမ်းပြည်နယ်သို့ သယ်ဆောင်ရောင်းဝယ်ခြင်းဖြစ်ကြောင်း၊ သိမ်းဆည်းရမိ မူးယစ်ဆေးဝါးများနှင့် ထိန်းချုပ်ဓာတုပစ္စည်းများအား AA အဖွဲ့မှ ဗိုလ်မှူးကြီး အဆင့်ရှိသူ ကျော်မြတ်ဦး(ခ)သား သား(ခ)ဝေသာထွန်း၏ ဦးစီးစီမံခန့်ခွဲမှုဖြင့် သယ်ဆောင်ခြင်းဖြစ်ကြောင်း သိရှိရသဖြင့် ၎င်းမူး ယစ်မှောင်ခိုဂိုဏ်းအဖွဲ့အား မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသောဆေးဝါးများ ဆိုင်ရာဥပဒေအရ အရေးယူထားရှိပြီးကွင်း ဆက်ပြစ်မှုကျူးလွန်သူများအား ဆက်လက် စစ်ဆေးဖော်ထုတ်လျက်ရှိကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သတင်းထုတ်ပြန်ထားသည်။

Total Views ~ 151

ဆက်စပ်အကြောင်းအရာများ

စုစုပေါင်းကြည့်ရှုသူများ

43506

© 2022 - 2025 News. All Rights Reserved.