AA အဖွဲ့၏ ပစ်ခတ်တိုက်ခိုက်မှုကြောင့် မြောက်ဦးရှေးဟောင်းယဉ်ကျေးမှု ပြတိုက် ထိခိုက်ပျက်စီး

၂၀၂၃  ဒီဇင်ဘာ ၂၇
    တပ်မတော်မှ မြောက်ဦးရှေးဟောင်း ယဉ်ကျေးမှုပြတိုက်ကို လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့၍ ကျောက်စာခန်းကို ကျရောက်ခဲ့ပြီး ကျောက်စာများ ပျက်စီးသွားခဲ့ကြောင်း မဟုတ်မမှန် သတင်းများရေးသား ဖြန့်ဝေခဲ့ပြီး ပစ်ခတ်ပေါက်ကွဲမှုမှာ AA လက်နက်ကိုင်တပ်ဖွဲ့၏ ရှော့ခ်တိုက်ဒုံး၊ လက်နက် ကြီးများဖြင့် ပစ်ခတ်မှုကြောင့်ဟု တပ်မတော်မှ ထုတ်ပြန်ထားသည်။
    ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့ပေါ်ရှိ မြောက်ဦးရှေးဟောင်းယဉ်ကျေးမှုပြတိုက်အား တပ်မတော်မှ လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့သဖြင့် ကျောက်စာခန်းအတွင်းကျ ရောက် ပေါက်ကွဲခဲ့ပြီး ကျောက်စာချပ်များ ပျက်စီးခဲ့ကြောင်း တရားမဝင် Narinjara မှ လူမှုကွန်ရက် စာမျက်နှာများတွင် သတင်း တု၊ သတင်းမှားများ မဟုတ်မမှန် ရေးသား ဖြန့်ဝေခဲ့ခြင်းဖြစ်သည်။
    အဆိုပါ အကြောင်းအရာနှင့်ပတ်သက်၍ သက်ဆိုင်ရာ နယ်မြေလုံခြုံရေးအဖွဲ့မှ တာဝန်ရှိသူတစ်ဦး ပြောကြားချက်အရ ၂၄ ရက် ညပိုင်းတွင် AA လက်နက်ကိုင် သောင်းကျန်းသူများက မြောက်ဦး မြို့ရှိ ရဲစခန်းနှစ်ခုအား ရှော့ခ်တိုက်ဒုံး၊ လက်နက်ကြီးများဖြင့် အဝေးမှ ပစ်ခတ်တိုက်ခိုက်ခဲ့သဖြင့် ဒေသခံ ပြည်သူများနေထိုင်ရာ မြို့အတွင်းရှိ လူနေ အဆောက်အအုံနှင့် မြောက်ဦးရှေးဟောင်း ယဉ်ကျေးမှု ပြတိုက်တို့တွင် ကျရောက်ပေါက်ကွဲခဲ့ပြီး လူနေအဆောက်အအုံအချို့နှင့် ကျောက်စာချပ်များ ပျက်စီးခဲ့ကြောင်း သိရသည်။
    တရားမဝင် မီဒီယာများမှ AA အဖွဲ့၏ ရှော့ခ်တိုက်ဒုံး၊ လက်နက်ကြီးများဖြင့် ပစ်ခတ်မှုများကို ဖုံးကွယ်လိုသော ရည်ရွယ်ချက်ဖြင့် တပ်မတော်မှ ပစ်ခတ်သည်ဟု မဟုတ်မမှန် ရေးသားဖြန့် ဝေနေခြင်းသာ ဖြစ်ကြောင်း သိရသည်။

Total Views ~ 154

ဆက်စပ်အကြောင်းအရာများ

စုစုပေါင်းကြည့်ရှုသူများ

43534

© 2022 - 2025 News. All Rights Reserved.