KIA / PDF ဒုက္ခပေး၍ ဌာနေတိုင်းရင်းသားများ နယ်စပ်စည်းရိုးကြား နေထိုင်နေရ

နေပြည်တော်၊ အောက်တိုဘာ ၂၃
    KIA / PDF တိုက်ပွဲ ဖော်ဆောင်မှုများကြောင့် ကချင်ပြည်နယ်အတွင်းက ဌာနေတိုင်းရင်းသားများ မြန်မာ-တရုတ်နယ်စပ်  စည်းရိုးကြားတွင် တိမ်းရှောင်နေရပြီး တိုင်းရင်းသားချင်းအတူတူ ခွဲခြားဆက်ခံနေရကြောင်း ဒေသခံပြည်သူများထံမှ သိရသည်။ 
    ယခုလက်ရှိ အချိန်တွင်လည်း ကန်ပိုက်တီးဒေသကို တိုက်ပွဲဖော်ဆောင်နေပြီး ုှုဗ အနေဖြင့် သတ္တုတွင်း၊ ရွှေလုပ်ကွက်ရှိသည့် နေရာများကို ရွေးချယ်တိုက်ပွဲ ဖော်ဆောင်နေခြင်းဖြစ်ကြောင်း ဒေသခံတစ်ဦး ပြောသည်။ 
    "အရင်ရက်က လိုင်းတွေပျက် သွားတာ။ KIA / PDF က လက်ရှိ ကန်ပိုက်တီးကို တိုက်နေတယ်။ ၁၀၀၃ နယ်ခြားစောင့် တပ်ကို တိုက်နေတာ။ ပန်ဝါဘက်က စစ်ရှောင်တွေကိုလည်း တရုတ်က သူတို့ ကတ်ကိုင်ထားတဲ့သူပဲ အဝင်ခံတယ်။ ကျန်တဲ့ပြည် သူတွေက နှစ်နိုင်ငံစည်းရိုးကြားမှာ၊ အထူး ဒေသ(၁) ကတော့ ကန်ပိုက်တီးပဲ ကျန်တော့တယ်။ ချန်းရင်းခူးဘက်ပဲ ကျန်မယ်။ KIA က သတ္တုတွင်း၊ ရွှေလုပ်ကွက် ရှိတဲ့နေရာတွေ ပဲတိုက်တာ။ ဘာမှမရှိတဲ့ ပူတာအိုဘက် ခြေဦးတောင်မလှည့်ဘူး။ အဓိက နယ်စပ်ဂိတ်တွေကို ထိန်းချုပ်ချင်တာ။ ပန်ဝါမှာလည်း သတ္တုတွင်းတွေ ဝင်စီးနေပြီ။ ဒုက္ခရောက်တဲ့ ပြည်သူတွေကို KIA က ဂျိမ်းဖောလူမျိုးကလွဲရင် ကျန်တာဂရုကိုမစိုက်တာ။ လူမျိုးခွဲ ခြားတယ်။ KIA အားလုံးနီးပါးက ဂျိမ်းဖောတွေချည်းပဲ။ လော်ဝေါ်၊ လာချိဒ်၊ ငေါ့ချမ်း၊ လီဆူကို နေရာကိုမပေးတာ"ဟု ၎င်းကပြောသည် ။ 
    KIA / PDF အနေဖြင့် ကချင်ပြည် နယ်အတွင်း တိုက်ပွဲများ ဖော်ဆောင်လျက်ရှိသလို ဒေသခံ ပြည်သူများအပေါ် ဆက်ကြေးကောက်ခံခြင်း မတရားဖမ်းဆီး၍ တပ်သားသစ် စုဆောင်းခြင်းများလည်း လုပ်ဆောင်လျက်ရှိကြောင်း ဒေသခံများထံမှသိရသည်။ ကွန်းဈာန်

Total Views ~ 141

ဆက်စပ်အကြောင်းအရာများ

စုစုပေါင်းကြည့်ရှုသူများ

43376

© 2022 - 2025 News. All Rights Reserved.