၂၀၂၃ ဒီဇင်ဘာ ၁၃
ရှမ်းပြည်နယ်(မြောက်ပိုင်း)အတွင်း အောက်တိုဘာ ၂၇ ရက်မှစ၍ MNDAA, TNLA, AA အဖွဲ့တို့နှင့် PDF အမည်ခံအကြမ်းဖက်သမားများ ပူးပေါင်းအဖွဲ့၏ အကြမ်းဖက်လုပ်ရပ်များကြောင့် အချို့သောကျေး ရွာများ၊ မြို့များ၊ လမ်း၊ တံတားများ ပျက်စီးဆုံးရှုံးခဲ့ရပြီး ဒေသခံပြည်သူလူထုတို့အနေဖြင့် ၎င်းတို့၏ နေရပ်မှ တိမ်းရှောင်စွန့်ခွာ၍ လားရှိုးမြို့ရှိ ဘုန်းတော်ကြီးကျောင်းများ၊ စာသင်ကျောင်းများ၊ ဘာသာရေးကျောင်းများ၊ ရုံး၊ အဆောက်အုံများ၌ ယာယီတည်းခိုနေထိုင်ရလျက်ပြီး လက်ရှိအချိန်အထိ အိမ်ထောင်စု ၁၄၂၈ စုမှ လူဦး ရေ ၄၉၂၂ ဦးခန့် ရောက်ရှိတည်းခိုနေထိုင် ရလျက်ရှိကြောင်း သိရသည်။
ဒီဇင်ဘာလ ၁၀ ရက်က နိုင်ငံ တော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် ဇနီးတို့သည် လားရှိုးမြို့ တွင်ရောက်ရှိနေသည့် ယာယီနေရပ်စွန့်ခွာ ဒေသခံပြည်သူများအတွက် ငွေကျပ်သိန်း ၅၀၀၀၊ အဝတ်အထည် ၆၀၀၀ ကျော်၊ ဆန်နှင့်စားသောက်ဖွယ်ရာ ပစ္စည်းများကိုလှူ ဒါန်းခဲ့ကြောင်း သိရသည်။
ယာယီနေရပ်စွန့်ခွာဒေသခံပြည်သူများ၏ စားဝတ်နေရေးနှင့် အုပ်ချုပ်မှုကိစ္စ ရပ်များအဆင်ပြေစေရန် အစိုးရ၊ တပ်မတော်တို့မှ ဦးဆောင်၍ လိုအပ်သည်များကို ဖြည့်ဆည်းဆောင်ရွက်ပေးလျက်ရှိပြီး ၎င်းတို့၏နေရပ်များတွင် အေးချမ်းစွာဖြင့် အမြန်ဆုံး ပြန်လည်နေထိုင်နိုင်ရေး နယ်မြေ ဒေသလုံခြုံရေးဆိုင်ရာ ကိစ္စရပ်များကို နေ့ညမပြတ် ဆက်လက်ဆောင်ရွက်လျက်ရှိ ကြောင်းသိရသည်။