ကာလုံအစည်းအဝေးခေါ်ယူပြီး အရေးပေါ်ကာလသက်တမ်းတိုးမတိုး ဆုံးဖြတ်မည်

၂၀၂၃ ဇူလိုင် ၂၇

ဇူလိုင်လကုန်မှာ ကုန်ဆုံးမယ့် အရေးပေါ်ကာလ ထပ်မံသက်တမ်း တိုးမတိုး ဆိုတာကို အမျိုးသားကာကွယ် ရေးနှင့်လုံခြုံရေးကောင်စီ(ကာလုံ)အစည်းအဝေးခေါ်ယူပြီး ဆုံးဖြတ်သွားမယ်လို့ နစက သတင်းထုတ်ပြန်ရေး အဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ် ဇော်မင်းထွန်းက ပြောပါတယ်။

ကာလုံအစည်းအဝေးကို တက်ရောက်ရမယ့် ပုဂ္ဂိုလ်တွေ တက်ရောက်နိုင်ရေး ဆောင်ရွက်နေပြီး ရွေးကောက်ပွဲ ကျင်းပနိုင်မှု ရှိ မရှိ အခြေအနေတွေ၊ နိုင်ငံတည်ငြိမ်မှု အခြေအနေတွေနဲ့ တခြားကိစ္စရပ်တွေကို တင်ပြဆွေးနွေး သွားဖို့ရှိတယ်လို့ ဆိုပါတယ်။ အရေးပေါ်ကာလကို နောက်ထက် သက်တမ်း တိုး မတိုး ဆိုတာကတော့ ကာလုံ အစည်းအဝေးကပဲ ဆုံးဖြတ် သွားမှာဖြစ်တယ်လို့ ဗိုလ်ချုပ် ဇော်မင်းထွန်းက ပြောပါတယ်။

ဖွဲ့စည်းပုံအခြေခံဥပဒေအရ အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီက အရေးပေါ်ကာလကို နှစ်နှစ်ခွဲအထိ ကြေညာခဲ့တာဖြစ်ပြီး နိုင်ငံတော်ရဲ့ တာဝန်အရပ်ရပ်ကို နစက ဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ထံ ယာယီသမ္မတ ဦးမြင့်ဆွေက အပ်နှံထားတာ ဖြစ်ပါတယ်။

အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီကိုတော့ သမ္မတ၊ ဒုသမ္မတ နှစ်ယောက်၊ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ၊ အမျိုးသားလွှတ်တော် ဥက္ကဋ္ဌ၊ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်၊ ဒုတိယ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်၊ နိုင်ငံခြားရေးဝန်ကြီး၊ ကာကွယ်ရေးဝန်ကြီး၊ ပြည်ထဲရေးဝန်ကြီး၊ နယ်စပ်ရေးရာဝန်ကြီးတို့နဲ့ ဖွဲ့စည်းထားတာ ဖြစ်ပါတယ်။

Total Views ~ 193

ဆက်စပ်အကြောင်းအရာများ

ဆက်စပ်အကြောင်းအရာများ

စုစုပေါင်းကြည့်ရှုသူများ

43558

© 2022 - 2025 News. All Rights Reserved.