ငြိမ်းချမ်းရေးဆွေးနွေးရေးအဖွဲ့နှင့် မွန်ပြည်သစ်ပါတီ NMSP အဖွဲ့တို့ ဆွေးနွေး

၂၀၂၃ ဇွန် ၆

နိုင်ငံတော်၏ ငြိမ်းချမ်းရေးဆွေးနွေးရေးအဖွဲ့ နဲ့ မွန်ပြည်သစ်ပါတီ (NMSP) ကိုယ်စားလှယ်အဖွဲ့တို့ ဇူလိုင် ၅ ရက် က နေပြည်တော်မှာတွေ့ဆုံပြီး ငြိမ်းချမ်းရေးကိစ္စရပ်တွေ ဆွေးနွေးခဲ့တယ်လို့ နစက သတင်းထုတ်ပြန်ရေးအဖွဲ့က ထုတ်ပြန်ပါတယ်။

ဆွေးနွေးပွဲကို နစက အဖွဲ့ဝင် ပြည်ထောင်စုဝန်ကြီး နိုင်ငံတော်၏ ငြိမ်းချမ်းရေးဆွေးနွေးရေး အဖွဲ့ခေါင်းဆောင် ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့် နဲ့ ညှိနှိုင်းရေးကော်မတီအဖွဲ့ဝင်တွေ၊ NCA လက်မှတ်ရေးထိုးထားတဲ့ မွန်ပြည်သစ် ပါတီ (NMSP) ဒုတိယဥက္ကဋ္ဌ နိုင်အောင်မင်း နဲ့ ဗဟိုအလုပ်အမှုဆောင် ကော်မတီဝင်တွေ တက်ရောက်ခဲ့ပါတယ်။

ဆွေးနွေးရာမှာတော့ အရင် ဆွေးနွေးပွဲတွေက သဘောတူထားတဲ့ အချက်တွေကို စုစည်းပြီး အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေး ကိစ္စ နဲ့ မွန်ပြည်သစ်ပါတီ (NMSP) ဗဟိုကော်မတီရဲ့ သဘောထားတွေကို အပြန်အလှန် ဆွေး နွေးပြီး တွေ့ဆုံ ဆွေးနွေးပွဲ ပထမနေ့ကို ရပ်နားခဲ့တယ်လို့ သိရပါတယ်။

တွေ့ဆုံ ဆွေးနွေးပွဲ ဒုတိယနေ့ကို ဇူလိုင် ၆ ရက်မှာ ဆက်လက်ပြုလုပ်နေတယ်လို့လည်း သိရပါတယ်။ ပြီးခဲ့တဲ့ ရက်ကလည်း နိုင်ငံတော်၏ ငြိမ်းချမ်းရေးဆွေးနွေးရေးအဖွဲ့ နဲ့ NCA ရေးထိုးထားတဲ့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ ငါးဖွဲ့တို့ သုံးရက်တာ ဆွေးနွေးညှိနှိုင်းပြီး သဘောတူညီချက်တွေကို လက်မှတ်ရေးထိုးခဲ့တယ်လို့ သိရပါ တယ်။

Total Views ~ 172

ဆက်စပ်အကြောင်းအရာများ

စုစုပေါင်းကြည့်ရှုသူများ

43534

© 2022 - 2025 News. All Rights Reserved.