စီးပွားရေးလုပ်ငန်းတွေနဲ့ပတ်သက်ပြီး ကောင်းစွာထိန်းသိမ်းနိုင်တဲ့ အခြေအနေရှိတယ်လို့ ဗိုလ်ချုပ်ဇော်မင်းထွန်းပြော

၂၀၂၃ ဇူလိုင် ၂၅

စီးပွားရေးလုပ်ငန်းတွေနဲ့ပတ်သက်ပြီး ကောင်းစွာထိန်းသိမ်းနိုင်တဲ့ အခြေအနေရှိတယ်လို့ စစ်ကောင်စီ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောပါတယ်။

အသစ်ထုတ်မယ့် ကျပ် ၂၀,၀၀၀ တန်ငွေစက္ကူကို အထိမ်းအမှတ်အဖြစ် အကန့်အသတ်ဖြင့် ထုတ်ဝေသည့်အပြင် လဲလှယ်သည့် ငွေစက္ကူအဟောင်းများကိုလည်း ဖျက်စီးမှာ မလို့  ကျပ်  ၂၀,၀၀၀ တန်ငွေစက္ကူများ အလုံးအရင်းနှင့် ဝင်လာဖို့ မရှိဘူးလို့လည်း ယင်းက ပြောပါတယ်။

 ယင်းက “ဒီငွေစက္ကူတွေကိုလည်း လာပြီးအဟောင်းနဲ့ လဲလှယ်နိုင်အောင် လုပ်တာ။ အဟာင်းတွေကိုလည်း ငွေစက္ကူအဟောင်းတွေကိုလည်း ဘဏ်တွေမှာ ဗဟိုဘဏ်ကနေ ဖျက်စီးပစ်လိုက်မှာပဲ။ ဒါကြောင့်မို့လို့ ငွေရေးကြေးရေးဈေးကွက်ထဲမှာ ငွေစက္ကူ ၂၀,၀၀၀ တန် အလုံးအရင်းနဲ့ ဝင်ရောက်လာဖို့ကိစ္စ လုံးဝလည်း မဖြစ်နိုင်ဘူး။ ဖြစ်လည်းမဖြစ်နိုင်ဘူး” လို့ ပြောပါတယ်။

ယင်းအပြင် ဖွဲ့စည်းပုံအခြေခံဥပဒေ ၂၀၀၈   ပုဒ်မ ၃၆ (ဃ)အရ စီးပွားရေးဆိုင်ရာ လုပ်ငန်းများကို နိုင်ငံပိုင်သိမ်းယူခြင်းမပြု၊ ပုဒ်မ (စ)မှာ တရားဝင်ထုတ်ဝေထားသော ငွေကြေးကို တရားမဝင်ငွေကြေးအဖြစ် သတ်မှတ်ခြင်းမပြု အာမခံပြီးဖြစ်တယ်လို့ လည်းယင်းက ထပ်မံ ပြောပါတယ်။

ကျပ် ၂၀၀၀၀ တန် ငွေစက္ကူနဲ့ ပတ်သက်ပြီး ဖြစ်ပေါ်နေတာတွေက ကောလာဟလတွေ ဖြစ်ပြီး ဒီအခြေအနေတွေကို အစိုးရအနေနဲ့က စီးပွားရေးလုပ်ငန်းတွေနဲ့ပတ်သက်ပြီး ကောင်းစွာထိန်းသိမ်းနိုင်တဲ့ အခြေအနေရှိပါတယ်ဆိုပြီးတော့လည်း ပြောကြားထားပါတယ်။

Total Views ~ 164

ဆက်စပ်အကြောင်းအရာများ

ဆက်စပ်အကြောင်းအရာများ

စုစုပေါင်းကြည့်ရှုသူများ

43558

© 2022 - 2025 News. All Rights Reserved.