တရုတ်ပြည်သူ့ လွတ်မြောက်ရေးတပ်မတော် တည်ထောင်သည့် ၉၆ နှစ်မြောက် အခမ်းအနား ကျင်းပ

၂၀၂၃ ဇူလိုင် ၁၉

တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော် တည်ထောင်တဲ့ ၉၆ နှစ်မြောက် အခမ်းအနားကို ဇူလိုင် ၁၈ ရက်၊ ညနေပိုင်းက ရန်ကုန်မြို့ Novotel Max ဟိုတယ်မှာ ကျင်းပပြုလုပ်ခဲ့ပါတယ်။

အဲဒီ အခမ်းအနားကို ညှိနှိုင်းကွပ်ကဲရေးမှူး (ကြည်း၊ရေ၊လေ) ဗိုလ်ချုပ်ကြီး မောင်မောင်အေး၊ ကာကွယ်ရေး ဦးစီးချုပ်ရုံးမှ အဆင့်မြင့် တပ်မတော်အရာရှိကြီးတွေ ၊ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးစိုးသိန်း၊ မြန်မာနိုင်ငံဆိုင်ရာ တရုတ်နိုင်ငံ သံအမတ်ကြီး မစ္စတာ ချန်းဟိုင် နဲ့ တာဝန်ရှိသူတွေ ဖိတ်ကြားထားသူတွေ တက်ရောက် ခဲ့ပါတယ်။

အခမ်းအနားကိုတော့ မြန်မာနိုင်ငံတော် နဲ့ တရုတ်ပြည်သူ့သမ္မတ နိုင်ငံတော်တွေရဲ့ နိုင်ငံတော်သီချင်းတွေနဲ့ တရုတ်ပြည်သူ့လွတ်မြောက်ရေး တပ်မတော်တည်ထောင်တဲ့ ၉၆ နှစ်မြောက် အခမ်းအနားကို ဖွင့်လှစ်ခဲ့ပါတယ်။

အဲဒီနောက် မြန်မာနိုင်ငံဆိုင်ရာ တရုတ်နိုင်ငံ စစ်သံမှူး Senior Colonel Wang Wei က ကြိုဆိုနှုတ်ခွန်းဆက် စကားပြောကြားခဲ့ပါတယ်။

ဆက်လက်ပြီး ညှိနှိုင်းကွပ်ကဲရေးမှူး (ကြည်း၊ရေ၊လေ) ဗိုလ်ချုပ်ကြီး မောင်မောင်အေး၊ မြန်မာနိုင်ငံဆိုင်ရာ တရုတ်နိုင်ငံ သံအမတ်ကြီး နဲ့ စစ်သံမှူးတို့က အထိမ်းအမှတ် ကိတ်မုန့်ကို လှီးဖြတ်ကြပြီး အမှတ်တရ စုပေါင်းဓာတ်ပုံတွေ ရိုက်ခဲ့ကြပါတယ်။

အဲဒီနောက်မှာတော့ မြန်မာနိုင်ငံဆိုင်ရာ တရုတ်နိုင်ငံ သံအမတ်ကြီး နဲ့ စစ်သံမှူးတို့က တက်ရောက်လာကြသူတွေ ကို တည်ခင်းဧည့်ခင်းတဲ့ ဂုဏ်ပြုညစာကို အတူတကွ သုံးဆောင်ကြပြီး အမှတ်တရလက်ဆောင်ပစ္စည်းတွေ ပေးအပ်ခဲ့တယ်လို့ သိရပါတယ်။

Total Views ~ 197

ဆက်စပ်အကြောင်းအရာများ

ဆက်စပ်အကြောင်းအရာများ

စုစုပေါင်းကြည့်ရှုသူများ

43537

© 2022 - 2025 News. All Rights Reserved.