ထိုင်းတွင် မြန်မာကလေးငယ်တစ်ဦး ရေတွင်းထဲပြုတ်ကျရာ ၁၈ နာရီ ကြာအောင်ကယ်ဆယ်ခဲ့ရ

၂၀၂၃ ဖေဖော်ဝါရီ ၇

ထိုင်းနိုင်ငံမှာ မြန်မာကလေးတစ်ဦး ရေတွင်းပိုက်ထဲပြုတ်ကျ၍ ထိုင်း- မြန်မာပူးပေါင်း၍ ကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ရာ ၁၈ နာရီအကြာတွင် အသက်ရှင်လျှက် ကယ်တင်နိုင်ခဲ့သည်ဟုဆိုသည်။


ထိုင်းနိုင်ငံ၊ ဖုတ်ဖရမြိုနယ်မှာ ဖေဖော်ဝါရီ ၆ ရက်ညနေပိုင်းက မြန်မာကလေးတစ်ဦး ရေတွင်းပိုက်ထဲ ပြုတ်ကျသွားသဖြင့် ထိုင်းနှင့် မြန်မာလူမှုကူညီရေးအသင်းအဖွဲများ စုပေါင်းပြီး ကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြသည်ဟုသိရသည်။


အသက် ၁ နှစ် ၇ လအရွယ်သာရှိသေးသည့် မသဇင်မွှေးသည် စိုက်ပျိုးရေးခြံလုပ်ငန်းအတွက် တူးဖော်နေသည့် ‌အကျယ် ၁၀ စင်တီမီတာ၊ အနက် ၄၀ မီတာခန့်ရှိတဲ့ ရေတွင်းပိုက်အထဲကို ပြုတ်ကျသွားခဲ့သည်ဟုသိရသည်။


လက်ရှိ ထိုင်းနှင့်မြန်မာ လူမှုအဖွဲအစည်းများသည် ကလေးကို ချက်ချင်းကယ်ဆယ်နိုင်ရန် ကြိုးစားနေကြခြင့်ဖြစ်ပြီး  ဖေဖော်ဝါရီ ၇ ရက် နံနက်ပိုင်းအထိ ၆ နာရီကြာအောင် ကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ပြီးစီးသွားချိန်တွင် ကလေးငယ်ကို အသက်ရှင်လျှက် ကယ်ဆယ်နိုင်ခဲသည်ဟုသိရသည်။


Total Views ~ 192

ဆက်စပ်အကြောင်းအရာများ

စုစုပေါင်းကြည့်ရှုသူများ

43339

© 2022 - 2025 News. All Rights Reserved.