၂၀၂၃ ဇူလိုင် ၆
ထိုင်းနိုင်ငံမှာ မြန်မာရွှေ့ပြောင်းလုပ်သား လင်မယား နှစ်ဦး ရန်ဖြစ်ကြပြီး ကလေးငယ်ကို ထားကာ ထွက်ပြေးသွားတယ်လို့ ထိုင်းသတင်းတွေမှာ ဖော်ပြထားပါတယ်။
ထိုင်းနိုင်ငံ စမွတ်ပကန်ခရိုင် ဗန်ဖီမြို့နယ် ဗန်ဖီယိုင်ရပ်ကွက် မြန်မာရွှေ့ပြောင်းလုပ်သား လင်မယား ၂ ဦး စကားများ ရန်ဖြစ်ပြီးနောက် အမျိုးသမီး ဖြစ်သူက အရင်ထွက်ပြေး သွားတာပါ။
ယင်းနောက်မှာတော့ အမျိုးသားက သူတို့ နေထိုင်ရာ အခန်းရှိ သူတို့ကလေးငယ်ကို သွားရောက် ခေါ်ဆောင်လာပြီး ယင်း ရဲ့ ကလေး မဟုတ်ဘူးလို့ ပြောကာ အခင်းဖြစ်ပွားရာ အနီးနားရှိ ထိုင်းကုန်စုံဆိုင်ပိုင်ရှင်ဆီ ကလေးကို ထားခဲ့တယ်လို့ဆိုပါတယ်။
ယင်းဖြစ်စဉ် ဒေသစံတော်ချိန် ဇူလိုင် ၄ ရက်နေ့ နေ့လယ်ပိုင်း ဖြစ်ခဲ့တာဖြစ်ပြီး ထိုင်းကုန်စုံဆိုင် ပိုင်ရှင်က နယ်မြေခံ ရဲစခန်းကို ဆက်သွယ် အကြောင်းကြား ပြီးနောက် မြန်မာရွှေ့ပြောင်းလုပ်သား အမျိုးသားဖြစ်သူမှာ အမူးလွန်နေတာကြောင့် ရဲက စစ်ဆေးမေးမြန်းကာ အချက်အလက်တွေ ရယူခဲ့တယ်လို့လည်း ဖော်ပြထားပါတယ်။
လက်ရှိမှာ ကလေးငယ်ကို ကျန်းမာရေး စစ်ဆေးမှုတွေ ပြုလုပ်ပြီး Samut Prakan ကလေးဂေဟာကို ပို့ဆောင်ကာ မြန်မာရွှေ့ပြောင်းလုပ်သား လင်မယားကိုတော့ ကလေးစွန့်ပစ်မှုနဲ့ ဥပဒေအရ ဆောင်ရွက်မယ်လို့ လည်းသတင်းမှာ ဖော်ပြထားပါတယ်။