နိုင်ငံတကာ ရင်းနှီးမြှုပ်နှံသောစီမံကိန်းများအား နှောင့်ယှက်ဖျက်ဆီးသူများကို ထိရောက်စွာအရေးယူသွားမယ်လို့ ညီနောင်မဟာမိတ် ၃ဖွဲ့ထုတ်ပြန်
2023 ဇူလိုင်
နိုင်ငံတကာမှ လာရောက်ရင်းနှီးမြှုပ်နှံသောစီမံကိန်းများအား နှောင့်ယှက်ဖျက်ဆီးသူများကို ထိရောက်စွာ အရေးယူသွားမယ်လို့ ညီနောင်မဟာမိတ် ၃ဖွဲ့ဖြစ်တဲ့ ကိုးကန့်တပ်(MNDAA)၊ ရက္ခိုင့်တပ်(AA)နဲ့ တအာင်းတပ်(TNLA)တို့က ထုတ်ပြန်လိုက်ပါတယ်။
ကိုးကန့်တပ်(MNDAA)၊ ရက္ခိုင့်တပ်(AA)နဲ့ တအာင်းတပ်(TNLA)တို့ရဲ့ ထိန်းချုပ်နယ်မြေအတွင်း တည်ငြိမ်အေးချမ်းရေးအတွက် ပူးတွဲထုတ်ပြန်ချက်တစ်စောင်ကို ဇူလိုင်လ ၁ရက်နေ့ရက်စွဲဖြင့် ထုတ်ပြန်လာတာဖြစ်ပါတယ်။
ဒါ့ပြင် နိုင်ငံတကာရင်းနှီးမြှုပ်နှံမှုကုမ္ပဏီ (သို့မဟုတ်) ပုဂ္ဂိုလ်များအပေါ် အနှောင့်အယှက်ပေးခြင်း၊ ဆက်ကြေးတောင်းခြင်း စသည့် ပြစ်မှုများကျူးလွန်သူ မည်သူ့ကိုမဆို ဥပဒေအရ အရေးယူဆောင်ရွက်သွားမယ်လို့ ဆိုထားပါတယ်။
အကြမ်းဖက်လုပ်ရပ်များအား ကျူးလွန်သောသူများကို တွေ့ရှိပါက အချိန်မီသတင်းပို့ကြဖို့အပါအဝင် လူကုန်ကူးခြင်းနဲ့ အတင်းအဓမ္မလုပ်အားခိုင်းစေသူများကို ထိထိရောက်ရောက် အရေးယူဆောင်ရွက်သွားမယ်လို့ ဖော်ပြထားပါတယ်။
ထိုအဖွဲ့ ၃ဖွဲ့အနေနဲ့ ထိန်းချုပ်နယ်မြေများနဲ့ လှုပ်ရှားနယ်မြေများအတွင်းမှာ အကြမ်းဖက်တိုက်ဖျက်ရေးနဲ့ ရာဇဝတ်မှုကျူးလွန်သည့်လုပ်ရပ်များအား ချေမှုန်းရေးလုပ်ငန်းများကို ပူးပေါင်းဆောင်ရွက်သွားဖို့ ပူးတွဲထုတ်ပြန်တာလို့ ရေးသားထားတာဖြစ်ပါတယ်
စုစုပေါင်းကြည့်ရှုသူများ
43528