ပါချုပ်ဆရာတော်ကြီးသည် နေ့စဉ် နံနက် ၁၀ နာရီ တစ်ကြိမ်သာ ဧည့်တွေ့ ဖူးမြော်ခံမယ်

၂၀၂၃ ဇူလိုင် ၁၈

ယနေ့ ဇူလိုင် ၁၈ ရက်နေ့ကစပြီး ပါမောက္ခချုပ်ဆရာတော်ကြီးသည် တစ်ရက်လျှင် (၁) ကြိမ်သာ ဖူးမြှော်ခံမယ်လို့ အနီးရှိ တပည့် ဒါယိကာတွေက ပြောကြားထားပါတယ်။

ပါမောက္ခချုပ်ဆရာတော် ဒေါက်တာနန္ဒမာလာဘိဝံသဆရာတော်ကြီးသည်  မန္တလေးတိုင်း ပြင်ဦးလွင်မြို့နယ်၊ အောင်ချမ်းသာကျေးရွာရှိ ဓမ္မသဟာရစင်တာ၌ သီတင်းသုံးနေထိုင်တော်မူလျက်ရှိပြီး ဇူလိုင်လ ၁၈ ရက်မှစ၍ နေ့စဥ် နံနက် ၁၀ နာရီ (၁) ကြိမ်သာ ဧည့်တွေ့ဖူးမြှော်ခံမည်ဖြစ်တယ်လို့လည်း သိရပါတယ်။

ဆရာတော်ကြီးအနီးရှိ တပည့်ဒါယိကာတစ်ဦးက “ ဆရာတော်ဘုရားကြီး သည် ရပ်ဝေးရပ်နီးမှ တပည့်များအဆင်ပြေစေရန် ဧည့်တွေ့ချိန်ကို သတ်မှတ်ပေးပါသည်။

ဤပေးထားသည့် အချိန်၌ သာ လာရောက်ဖူးမျှော်ကြပါလို့ချမ်းမြေ့တို့(ကပ္ပိယများ)မှလည်း မေတ္တာရပ်ခံပါတယ်” လို့ ပြောကြားထားပါတယ်။

Total Views ~ 344

ဆက်စပ်အကြောင်းအရာများ

ဆက်စပ်အကြောင်းအရာများ

စုစုပေါင်းကြည့်ရှုသူများ

43545

© 2022 - 2025 News. All Rights Reserved.