ဖြူးမြို့နယ်အတွင်းရှိ ကျေးရွာ (၁၀) ရွာအား တစ်ရွာလျှင် ကျပ်သိန်း (၁၅၀) စီထောက်ပံ့မည်

2023 ဇူလိုင် ၁၁

ပဲခူးတိုင်းဒေသကြီး၊ ဖြူးမြို့နယ်အတွင်းရှိ ကျေးရွာ (၁၀) ရွာအား ကျေးရွာလူမှုဘဝ ဖွံဖြိုးတိုးတက်ရေးအတွက် တစ်ရွာလျင် ကျပ်သိန်း (၁၅၀) စီထောက်ပံ့သွားမည်ဖြစ်ကြောင်း ဖြူးမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ သိရသည်။

အဆိုပါ ထောက်ပံ့ငွေများအား ဖြူးမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ၂၀၂၃- ၂၀၂၄ ဘဏ္ဍာနှစ်တွင်ဆောင်ရွက်မည့် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း(VDP)အနေဖြင့် ထောက်ပံ့ပေးရန်စီစဥ်ဆောင်ရွက်ခြင်းဖြစ်ကြောင်း သိရသည်။

ထောက်ပံ့ငွေများဖြင့် ကျေးရွာလူမှုဘဝဖွံ့ဖြိုးတိုးတက်ရေးအတွက် ကျေးရွာ၏ အဓိကလိုအပ်ချက်များပါဝင်သည့် ကျေးရွာဖွံ့ဖြိုးရေးစီမံချက်များရေးဆွဲ၍ အကောင်အထည်ဖော်ဆောင်ရွက်ရာ၌ ကျေးရွာတွင်းရှိ လမ်းများ ၊ တံတားများ၊ မီးလင်းရေး၊ သောက်သုံးရေရရှိရေးနှင့်အခြားဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း သိရသည်။

Total Views ~ 196

ဆက်စပ်အကြောင်းအရာများ

စုစုပေါင်းကြည့်ရှုသူများ

43534

© 2022 - 2025 News. All Rights Reserved.