မာရဝိဇယ ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးအား သြဂုတ် ၁ ရက်နေ့မှစ၍ အများပြည်သူ ဝင်ရောက်ဖူးမျှော်နိုင်ပြီ

နေပြည်တော်၊ ဇူလိုင် ၂၁

နစက ဥက္ကဋ္ဌ၊နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ဦးဆောင်ဘုရားဒါယိကာအဖြစ် တည်ထားကိုးကွယ်လျက်ရှိသော မာရဝိဇယ ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးအား ဗုဒ္ဓဘိသေကနေကဇာတင်ပြီး သြဂုတ် ၁ ရက်(ဒုတိယဝါဆိုလပြည်နေ့)မှစ၍ အများပြည်သူ ဝင်ရောက် ဖူးမျှော်နိုင်မည်ဖြစ်ကြောင်း ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ်ဇော်မင်းထွန်းက ရှင်းလင်းပြောကြားသည်။

မာရဝိဇယ ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး တည်ထားကိုးကွယ်ခဲ့မှုနှင့် ပတ်သက်သည့် မီဒီယာ ရှင်းလင်းပွဲကို ယနေ့ နေ့လယ်ပိုင်းက ဗုဒ္ဓဥယျာဉ်တော်အတွင်းရှိ ရှင်းလင်းဆောင်၌ ကျင်းပရာတွင် ယခုကဲ့သို့ ထည့်သွင်း ပြောကြားခဲ့ခြင်း ဖြစ်သည်။

သြဂုတ်လ ၁ ရက်(ဒုတိယဝါဆိုလပြည့်နေ့)တွင်

ဗုဒ္ဓဘိသေကနေကစာတင် ပူဇော်ပြီးနောက်ပိုင်း အများပြည်သူ ဝင်ရောက်ဖူးမျှောနိုင်မည်ဖြစ်ပြီး

သြဂုတ် ၁ ရက်နေ့မှ ၁၆ ရက်နေ့အထိ အခမဲ့ ဝင်ရောက်ဖူးမျှော်နိုင်မည် ဖြစ်သည်။

"သြဂုတ် ၁ရက်နေ့ အနေကဇာတင်အခမ်းအနားပြီးတာနဲ့ အများပြည်သူကို ဝင်ရောက်ဖူးမျှော်လေ့လာခွင့်ပြုမှာဖြစ်ပါတယ်။"ဟု ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောသည်။

သြဂုတ်လ ၁၆ ရက်နေ့ နောက်ပိုင်းတွင် ဗုဒ္ဓဥယာဉ်တော်အတွင်းသို့ ပြည်တွင်း၊ပြည်ပ ဘုရားဖူး ဧည့်သည်များကို ဝင်ကြေးသတ်မှတ်၍ ဝင်ရောက် ဖူးမျှော်ခွင့်ပေးမည်ဖြစ်ကြောင်း ၄င်းက ရှင်းလင်းပြောကြားခဲ့သည်။

မာရဝိဇယ ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး တည်ထားကိုးကွယ်ရာတွင် နိုင်ငံတော်ဘတ်ဂျက်ဖြင့် ဆောင်ရွက်ခြင်းမဟုတ်ဘဲ ခုနှစ်ရက်သားသမီး ရဟန်းရှင်လူ ပြည်သူများ၏ အလှူငွေဖြင့် ဆောင်ရွက်ခြင်းဖြစ်ကြောင်း ဗိုလ်ချုပ်ဇော်မင်းထွန်းက ထည့်သွင်း ပြောကြားခဲ့သည်။

ရုပ်ပွားတော်မြတ်ကြီး တည်ထားရာတွင် နေပြည်တော်နှင့် အနီးတဝိုက် အမြင့်ဆုံး လှုပ်ခတ်ခဲ့သည့် ငလျင်ဒဏ်ကို ခံနိုင်ရည်ရှိရန်၊မြန်မာနိုင်ငံတွင် အမြင့်ဆုံးလေတိုက်နှုန်း ဖြစ်ပေါ်ခဲ့သော နာဂစ်မုန်တိုင်း၏ လေတိုက်နှုန်းတစ်နာရီ မိုင်၁၂၀ နှုန်းကို ခံနိုင်ရည်ရှိစေရန် တွက်ဆ၍ အဆင့်မြင့်နည်းပညာများအသုံးပြုကာ တည်ထားကိုးကွယ်ထားခြင်း ဖြစ်ကြောင်း ထည့်သွင်းရှင်းလင်း ပြောကြားခဲ့သည်။

မာရဝိဇယ ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး

ထုဆစ်ပူဇော်မည့် စကျင်ကျောက်တုံးတော်ကို

အပိုင်း လေးပိုင်းခွဲ၍ သယ်ယူခဲ့ရာတွင် ကမ္ဘာပေါ်၌ အလေးချိန် အများဆုံး ရွှေ့ပြောင်းသယ်ယူမှုအဖြစ် မှတ်တမ်းဝင်ခဲ့သည်။

Total Views ~ 179

ဆက်စပ်အကြောင်းအရာများ

ဆက်စပ်အကြောင်းအရာများ

စုစုပေါင်းကြည့်ရှုသူများ

43544

© 2022 - 2025 News. All Rights Reserved.