မြိတ်မြို့ရှိ စပါးစိုက်ဧက (၃၀၀၀) အတွက် မြစိမ်းရောင် သမဝါယမမှ  မျိုးစပါးနှင့် သွင်းအားစုများ ပေးအပ်

2023 ဇူလိုင် ၂၅

တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်မြို့နယ်အတွင်းရှိ မိုးစပါးစိုက်ပျိုးရေးစီမံကိန်း မြစိမ်းရောင်(သမဝါယမကဏ္ဍ)မှ စိုက်ဧက (၃၀၀၀) အတွက် အထွက်နှုန်းတိုးစေရန် ကျပ်သန်း (၆၀၀) နှင့် ညီမျှသော မျိုးစပါးနှင့် သွင်းအားစုများကို ဇူလိုင်လ (၂၂) ရက်က ပေးအပ်ခဲ့ကြောင်း သိရသည်။

မြိတ်မြို့နယ်အတွင်း ကျေးရွာများရှိ သမဝါယမအသင်း၊ အစုအဖွဲ့များမှ အသင်းသား တောင်သူ (၃၁၀) ဦး၏ မိုးစပါးစိုက်ဧက ၃၀၀၀ အတွက်လိုအပ်လျက်ရှိသည့် မျိုးစပါးနှင့် သွင်းအားစုများကို တနင်္သာရီတိုင်းဒေသကြီး၊ ဝန်ကြီးချုပ် ဦးမြတ်ကို တက်ရောက်ပေးအပ်ခဲ့ခြင်း ဖြစ်သ ည်။

မိုးစပါးစိုက်ဧက (၃၀၀၀) အတွက် ငွေကျပ်သန်း (၆ဝဝ) နှင့် ညီမျှသည့် မျိုးစပါး (၂၃၃၇) တင်း၊ ပုလဲဓာတ်မြေဩဇာ (၁၉၀) အိတ်၊ ကွန်ပေါင်းဓာတ်မြေဩဇာ (၅၃၃၄) အိတ်၊ သဘာဝမြေဩဇာ (၇၁၂) အိတ်တို့ကို ထောက်ပံ့ပေးအပ်ခဲ့ခြင်း ဖြစ်သည်။

လုပ်ငန်းများအောင်မြင်လာသည်နှင့်အမျှ နိုင်ငံတော်၏ ရည်မှန်းချက်ဖြစ်သော ဆင်းရဲမှုလျှော့ချနိုင်ရေးကို ထိရောက်စွာဆောင်ရွက်နိုင်ပြီး ပြည်သူများ၏ လူမှုစီးပွားဘဝလည်း အမှန်တကယ်ဖွံ့ဖြိုးတိုးတက်လာမည်ဖြစ် ကြောင်း တနင်္သာရီတိုင်းဝန်ကြီးချုပ် ဦးမြတ်ကိုက ပြောကြားခဲ့သည်။

ထို့ပြင် တနင်္သာရီတိုင်းအတွင်း နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေမှ ကျပ် (၁၂၀၈) သန်းဖြင့် တိုင်းဒေသကြီးအတွင်းရှိ သမဝါယမအသင်း (၂၆) သင်းမှ အသင်းသားတောင်သူ(၈၇၀)ဦး၏ မိုးစပါးစိုက်ဧက(၆ဝ၄ဝ)အတွက် မျိုးစပါးနှင့် သွင်းအားစုများကို မတည်ထုတ်ချေးပေးသွားမည်ဖြစ်ကြောင်း သိရသည်။

Total Views ~ 175

ဆက်စပ်အကြောင်းအရာများ

ဆက်စပ်အကြောင်းအရာများ

စုစုပေါင်းကြည့်ရှုသူများ

43560

© 2022 - 2025 News. All Rights Reserved.