မှော်ဘီမြို့နယ်လျှပ်စစ်ရုံး၌ လက်လုပ်အသံဗုံး ပေါက်ကွဲမှုဖြစ်ပွား၍ အမျိုးသား ၂ ဦးနှင့် အမျိုးသမီး ၁ ဦး ဒဏ်ရာရရှိ

၂၀၂၃ ၊ ဖေဖော်ဝါရီ ၇ 

ပြီးခဲ့သည့် ဖေဖော်ဝါရီ ၆ ရက် နံ နက် ၁၀နာရီ မိနစ်၅၀ အချိန်က မှော်ဘီခရိုင် မှော်ဘီမြို့နယ်(၂)ရပ်ကွက် မြို့နယ်လျှပ်စစ်ရုံးအတွင်း၊ စီမံဌာနရုံးခန်း၌ ပေါက်ကွဲမှုဖြစ်ပွားကြောင်းသတင်းအရ သက်ဆိုင်ရာတာ၀န်ရှိသူများက သွားရောက်စစ်ဆေးခဲ့ရာ မှော်ဘီမြိုနယ်လျှပ် စစ်ရုံး စီမံဌာန အတွင်းရှိ မီတာပုံးအဟောင်းများထားရှိသောနေရာမှ ပေါက်ကွဲမှုဖြစ်ပွားခဲ့၍ မထိုက် ထိုက်နွယ်(၃၉)နှစ် ( ကြက်ဖြူကန်ကျေးရွာ၊ မှော်ဘီမြို့နယ်နေသူ)တွင် ဝဲပါး၊ ယာလက်ဖျံ၊ ဝဲတံတောင်ဆစ်တိုတွင် ပွန်းပဲ့ဒဏ်ရာ ၃ ချက်(မစိုး ရိမ်ရ)၊ မျိုးဇော်(၂၈)နှစ် (ဆတ်သွားတောကျေးရွာ မှော်ဘီမြိုနယ်နေသူ)တွင် ဝဲလက်မောင်း ပွန်းပဲ့ဒဏ် ရာ ၁ ချက်(မစိုးရိမ်ရ)နှင့် ဆန်းကိုကိုဦး(၃၃)နှစ် (မင်္ဂလာရပ်ကွက် တိုက်ကြီးမြိုနေသူ)တွင် ယာလက် ဖျံစုတ်ပြဲ၊ ဝဲ/ယာခြေ‌ချောင်းများ ပွန်းပဲ့ဒဏ်ရာ ၃ ချက်(မစိုးရိမ်ရ) အသီးသီးရရှိခဲ့ကြောင်း သိရသည်။

အဆိုပါဒဏ်ရာရရှိသူ မထိုက်ထိုက်နွယ်ပါ(၃)ဦးအား မှော်ဘီမြို့နယ် ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ဆေးကုသလျက်ရှိကြောင်းနှင့် ပေါက်ကွဲမှုဖြစ်ပွားသည့်နေရာအား လုံခြုံရေး လာရောက်ရှင်းလင်းခဲ့ရာ အဆိုပါပေါက်ကွဲမှုမှာ လက်လုပ် အသံဗုံးပေါက်ကွဲမှုဖြစ်ကြောင်း အတည်ပြုနိုင်ခဲ့ကြောင်း သိရသည်။

ယင်းပေါက်ကွဲ မှုကြောင့် စီမံဌာနရုံးခန်းတွင် တပ်ဆင်ထားသောပြတင်း ပေါက်မှန် ၈ ချပ်၊ တံခါးမကြီးမှန် ၂ ချပ်၊ စီမံဌာနရုံးခန်းအတွင်းရှိ ကွန်ပျူ တာ Desktop ၃ လုံး၊ Printer ၁ လုံး၊ Canon မိတ္တူစက် ၁ လုံး၊ စာရေးစားပွဲ ၇ လုံး၊ မှန်ဗီရို ၁ လုံး၊ ကွန်ပျူတာစားပွဲ ၂ လုံးတိုပျက်စီးခဲ့ပြီး စုစုပေါင်းတန်ဖိုးငွေကျပ် သိန်း ၁၀၀ ခန့် ဆုံးရှုးခဲ့ကြောင်း သိရသည်။

ပေါက်ကွဲမှုနှင့်ပတ်သက်၍ ပူးပေါင်းအဖွဲမှ မြို့နယ်လျှပ်စစ် မန်နေဂျာရုံးအတွင်းရှိ CCTV မှတ် တမ်းများအားစစ်ဆေးခဲ့ရာ  CCTV မှတ်တမ်းအရ ယင်းနေ့ နံနက် ၁၀နာရီ မိနစ်၄၀တွင် အရပ် ၅ ပေ ၆ လက်မခန့်၊ အင်္ကျီလက်တိုဖြူ/နီ၊ ကွက်ကြားပုဆိုး နီ/ညိုရောင်ကွက်စိပ်၊ လျှာထိုး ဦးထုပ်အဖြူရောင်ဆောင်းထားပြီး အသားမဲ၊ မုတ်ဆိပ်မွှေး ၊ ပသိုင်းမွှေးများရှိ အမျိုး သား ၁ ဦး(စိစစ်ဆဲ) က လက်ထဲတွင် အချိုရည်ဘူးနှင့်အာလူးကြော်ဗူးထည့်ထားသည့် ကြွပ်ကြွပ်အိတ်အထုပ်အား အပေါ်မှ စာရွက်များဖြင့်ကွယ်၍ကိုင်ကာ စီမံဌာနရုံးခန်းအတွင်းဝင်ရောက်လာပြီး နံနက် ၁၀နာရီ ၄၆မိနစ်တွင် ပြန်လည်ထွက်ခွာသွားကာ ၁၀နာရီ ၄၈ မိနစ်အချိန်တွင် ပေါက်ကွဲမှုဖြစ်ပွားခဲ့သည်ကို စိစစ်တွေ့ရှိခဲ့ကြောင်း သိရသည်။

ထိုကြောင့် အဆိုပါအမျိုးသား ၁ ဦး (စိစစ်ဆဲ)အား ၁၅၀၀ နာရီတွင် (ပ)၂၉/၂၀၂၃၊ အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၀(က)၊ ၅၄ ဖြင့်အမှုဖွင့်စစ်ဆေးဆောင်ရွက် လျက်ရှိကြောင်း သိရသည်။

Total Views ~ 227

ဆက်စပ်အကြောင်းအရာများ

စုစုပေါင်းကြည့်ရှုသူများ

43337

© 2022 - 2025 News. All Rights Reserved.