ယခုလ ၁၅ ရက်မှ စတင်၍ မီးရထား ပြေးဆွဲချိန်များအနည်းငယ် ပြောင်းလဲမည်

ရန်ကုန် ၊ ဖေဖော်ဝါရီ ၁၀
ယခုဖေဖော်ဝါရီ လ ၁၅ ရက်မှစတင်၍ မီးရထား ပြေးဆွဲချိန်များအနည်းငယ် ပြောင်းလဲမည် ဖြစ် ကြောင်း မြန်မာ့မီးရထားမှ သိရသည်။
ရန်ကုန် - မန္တလေး အမှတ် ၃ အ ဆန် အမြန်ရထား ရန်ကုန် မှ ထွက်ခွာချိန်ကို ညနေ ၄း၄၅ နာရီ ၊ ရန်ကုန် - မန္တလေး အ မှတ် ၁ အဆန် စာပို့ရထား ရန်ကုန်မှ ထွက်ခွာချိန်ကို ည ၉း၀၀နာရီ ၊ ရန်ကုန် - ပဲခူး အမှတ် ၁၃ အဆန် RBEရန်ကုန်မှ ထွက်ခွာချိန်ကို ညနေ ၄း၁၅ နာရီ၊ မန္တလေး - ရန်ကုန် အမှတ် ၂ အစုန် စာပို့ရထား မန္တလေးမှ ထွက်ခွာချိန်ကို နံနက် ၅း၃၀နာရီ ဟူ၍ အ သီးသီး ပြောင်းလဲပြေးဆွဲမည် ဖြစ်ပြီး ကျန် ရထားများ လက် ရှိအချိန်အတိုင်းပြောင်းလဲမှု မရှိကြောင်း သိရသည်။

Total Views ~ 197

ဆက်စပ်အကြောင်းအရာများ

စုစုပေါင်းကြည့်ရှုသူများ

43338

© 2022 - 2025 News. All Rights Reserved.