ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်ကင်းရှင်းရေးဆိုင်ရာ ဟောပြောပို့ချ

၂၀၂၃ ဇူလိုင် ၂၈

ရန်ကုန်အနောက်ပိုင်းတက္ကသိုလ်နှင့် ရန်ကုန်တိုင်းဒေသကြီးပုဂ္ဂလိကသယ်ယူပို့ဆောင်ရေး ကြီးကြပ်မှုကော်မတီ (YRTC) တို့ ပူးပေါင်းကျင်းပသော ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်ကင်းရှင်းရေးဆိုင်ရာ ဟောပြောပို့ချပွဲကို ယနေ့ ၂၇-၇-၂၀၂၃ ရက်နေ့ (ကြာသပတေးနေ့) နံနက် ၁၀:၀၀ နာရီအချိန်တွင် ရန်ကုန်အနောက်ပိုင်းတက္ကသိုလ် ပင်မဆောင်၌ ကျင်းပပြုလုပ်ခဲ့ပါသည်။

Road safety နှင့်ပတ်သက်၍ YRTC ၏ တွဲဖက်အတွင်းရေးမှူး ဦးလျန်ကျင့်မန်နှင့် သိပ္ပံပညာရှင်၊ သိပ္ပံစာရေးဆရာ ပါမောက္ခကိုကိုအောင် တို့က ဟောပြောပို့ချခဲ့ပါသည်။

ရန်ကုန်အနောက်ပိုင်းတက္ကသိုလ် မှ ပါမောက္ခချုပ်နှင့်တကွ ဒုတိယပါမောက္ခချုပ်၊ ပါမောက္ခများ၊ ဌာနမှူးများ၊ ဆရာ၊ဆရာမများနှင့် ကျောင်းသားကျောင်းသူ စုစုပေါင်း (၇၀၀) ဦးခန့်တက်ရောက်ခဲ့ပြီး YRTC မှလည်း ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်ကင်းရှင်းရေးဆိုင်ရာ လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ပါသည်။

YRTC ၏ ရည်မှန်းချက်ဖြစ်သည့် 'Safe Public Transportation To All' အတွက် road safety ဟောပြောပွဲများကို ကျင်းပပြုလုပ်ပေးလျက်ရှိပါသည်

Total Views ~ 182

ဆက်စပ်အကြောင်းအရာများ

ဆက်စပ်အကြောင်းအရာများ

စုစုပေါင်းကြည့်ရှုသူများ

43560

© 2022 - 2025 News. All Rights Reserved.