ရေဖြူမြို့နယ်တွင် အကြမ်းဖက် PDF များမှ ဘုန်းတော်ကြီးကားအား ပစ်ခတ်တိုက်ခိုက်မှုကြောင့် ဆရာတော် ၁ ပါးနှင့် အပြစ်မဲ့ပြည်သူ ၁ ဦး သေဆုံး၊ ၆ ဦး ဒဏ်ရာရ

၂၀၂၃ ဖေဖော်ဝါရီ ၇

မနေ့က ညနေ ၃ နာရီဝန်းကျင်ခန့်က တနင်္သာရီတိုင်းဒေသကြီး၊ ရေဖြူမြို့နယ် ၂၇ မိုင်နှင့် နှမ်းကျဲရွာကြားတွင် အကြမ်းဖက်သမား PDF များမှ ရာဖူးရွာသစ်ကျောင်းဆရာတော်၏ကားအား သေနတ်ဖြင့်ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး ဆရာတော်ပျံလွန်တော်မူကာ အမျိုးသမီးတစ်ဦးလည်း သေဆုံးပြီး ၆ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရှိရပါသည်။ ယာဉ်ပေါ်တွင် ဆရာတော်နှင့် ယာဉ်မောင်းအပါဝင် ခရီးသည် စုစုပေါင်း ရှစ်ဦးလိုက်ပါလာပြီး ထားဝယ်မြိုမှ ရေဖြူမြိုနယ် ရာဖူးရွာသစ်သို ပြန်လာစဉ် ပစ်ခတ်ခံရခြင်းဖြစ်ပါသည်။


၂၀၂၂ ခုနှစ် နိုဝင်ဘာလအတွင်းတွင်လည်း သန်လျှင် သဘာဝတရားရိပ်သာသာသနာပြုယာဉ်အား အကြမ်းဖက် PDF များက  မိုင်းခွဲ၍ လက်နက်ငယ်များဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ပါသေးတယ်။လုပ်ကြံစဉ်က မှားလုပ်မိပါတယ်လိုကြေညာခဲ့တဲ့ အကြမ်းဖက် အဖွဲအနေဖြင့် (ည)ပစ်ခတ်မှုဖြစ်လို မယုံသော်လည်း ယုံပေးလိုက်ပါတယ်။ ယခုလို နေ့ခင်းကြောင်တောင် ကားမှန်နေကာမှာ ရားဖူးရွာသစ်ကျောင်းစာတန်းအကြီးနဲ့ ဖြစ်စဉ်ကတော့ မှားပစ်တယ်ဆိုတာမျိုးမဟုတ်တော့ပါဘူး။ ဗုဒ္ဓဘာသာ ရဟန်းတွေအတွက် စိုးရိမ်စရာကောင်းလာတဲ့အခြေအနေပါပဲ။

PDF အမည်ခံအကြမ်းဖက်သမားများအနေဖြင့် စစ်ရေးနှင့်မသက်ဆိုင်သည့် အပြစ်မဲ့ ရဟန်းသံဃာများ၊ ပြည်သူများနှင့် ဝန်ထမ်းများကို အကြမ်းဖက် တိုက်ခိုက် သတ်ဖြတ်ခြင်းများ မကြာခဏပြုလုပ်လျက် ရှိသကဲ့သို အရပ်ဘက်မော်တော်ယာဉ် များကိုလည်း အကြောင်းမဲ့ မိုင်းဆွဲတိုက်ခိုက်ခြင်းများ ပြုလုပ်လျက်ရှိခြင်းကြောင့် အပြစ်မဲ့ပြည်သူများ ထိခိုက်ဒဏ်ရာရရှိခြင်းနှင့် သေဆုံးခြင်းများဖြစ်ပေါ်လျက်ရှိပါသည်။

မိဘပြည်သူများအနေဖြင့် စစ်ရာဇဝတ်မှုများ ကျူးလွန်လျက်ရှိသော PDF အကြမ်းဖက်များ၏ လှုပ်ရှားမှုသတင်းများ ရရှိပါက နီးစပ်ရာ လုံခြုံရေးအဖွဲများနှင့် တာဝန်ရှိသူများထံ ဆက်သွယ်သတင်းပေးကြပါရန် တိုက်တွန်းနှိးဆော်လိုက်ရပါသည်။

Total Views ~ 173

ဆက်စပ်အကြောင်းအရာများ

စုစုပေါင်းကြည့်ရှုသူများ

43337

© 2022 - 2025 News. All Rights Reserved.