သဲသဲလှုပ် ရုပ်ရှင်ဇာတ်ကား မကြာမီ ရုံတင်မည်

2023 ၊ ဇူလိုင် ၂၅

ပရိသတ်က ရယ်စရာ ဟာသဇာတ်ကားများကိုသာ ဦးစားပေးကြည့်ရှုခဲ့စဉ်ကရိုက်ကူးခဲ့သည့် "သဲသဲလှုပ်"ရုပ်ရှင်ဇာတ်ကား မကြာမီ ရုံတင်ပြသတော့

မည်ဖြစ်ကြောင်း ဒါရိုက်တာ ကျော်ဇောလင်း(အတွေးပုံရိပ်)က သမ္မတရုပ်ရှင်ရုံတွင် ဇူလိုင် ၂၅ က ပြုလုပ်သည့် သဲသဲလှုပ်ဇာတ်ကားမိတ်ဆက်ပြသပွဲ အခမ်းအနား၌ ပြောကြားခဲ့သည်။

"သဲသဲလှုပ်ဇာတ်ကားက ရယ်စရာ ဇာတ်ကားလေးတွေကိုပဲ ရိုက်ကူးရတဲ့အချိန်၊ ပရိသတ်ရော ၊ ထုတ်လုပ်သူရော၊ ရုံပိုင်ရှင်အကုန်လုံးက ရယ်စရာကားလေးတွေကိုပဲဦးစားပေးရိုက်ကူးခဲ့တဲ့ အချိန်ကာလတစ်ခုတုန်းက ရိုက်ကူးခဲ့တဲ့ ဇာတ်ကားလေးပါ။ဝတ္တုကလည်း နာမည်ရခဲ့တဲ့ ဝတ္တုကောင်းတစ်ပုဒ်ပါ။ အချိန်ကာလနဲ့ ဖြည့်စွက်ပြီးတော့ ရယ်စရာ အချစ်ဟာသကားလေးဖြစ်အောင် ဖန်တီးထားပါတယ်။

။သဲသဲလှုပ်ဇာတ်ကားက ကောင်လေးကလည်း ကောင်မလေးကို သဲသဲလှုပ်ချစ်တယ်။ ကောင်မလေးကလည်း ကောင်လေးကို သဲသဲလှုပ်ချစ်တယ်။အဓိကတော့အချစ်ပေါ့။တားဆီးမရအောင်ချစ်နေတဲ့အပေါ်မှာ လက်ခံပေးရမယ်ပေါ့။မိဘတွေ အနေနဲ့လည်း သားသမီးကို ကောင်းစားစေချင်တယ်။ဒါပေမဲ့လည်း သူ့ဖူးစာပါလာရင် အဲ့ဒီဖူးစာကိုတော့ ရှောင်လွှဲလို့မရဘူးပေါ့။အဲ့အပေါ်မှာ မူတည်ပြီးတော့ အချစ်နဲ့ ရယ်စရာပုံစံလေးဖန်တီးထားတာပါ။ ဟု ပြောကြားခဲ့သည်။

သဲသဲလှုပ် ရုပ်ရှင်ဇာတ်ကားရိုက်ကူးရာတွင် ပြင်ဦးလွင်ကို အဓိကထားရိုက်ကူးခဲ့ပြီး ရန်ကုန်ရိုက်ကွင်းအနေဖြင့် အနည်းငယ်ပါဝင်ရိုက်ကူးထားကာ စိတ်ထဲရှိသမျှ အရာများကို လွတ်လွတ်လပ်လပ် ရိုက်ကူးဖန်တီးထားကြောင်း၊ ပါဝင်သည့် သရုပ်ဆောင်များကိုလည်း လွတ်လွတ်လပ်လပ်ရွေးချယ်ရိုက်ကူးခွင့်ရရှိခဲ့ကြောင်း၊အဆိုပါ ဇာတ်ကားကြီးအား လပ်ကီး ယဆဲဗင်းရုပ်ရှင်ထုတ်လုပ်ရေးမှ မအေးအေးဝင် စီစဉ်ကာ၊ ဝတ္တု မဟာဆွ၊ဇာတ်ညွှန်း ကိုကျော် နှင့် ဒါရိုက်တာ ကျော်ဇောလင်း၏ (အတွေးပုံရိပ်) မှ ဖန်တီးထားခြင်းဖြစ်သည်။

"ကျွန်တော်တို့က အဆိပ်အတောက်မရှိတဲ့ ဖျော်ဖြေရေးတစ်ခုကိုဖန်တီးနေတာဖြစ်ပါတယ်။ကျွန်တော်တို့ ဈေးကွက်အခြေအနေ၊ ပတ်ဝန်းကျင်အခြေအနေအခြေအနေအရပ်ရပ်ပေါ်မှာ မူတည်ပြီးတော့ ဖန်တီးခဲ့ကြတာဖြစ်ပါတယ်။အဲ့ဒါကြောင့် ပြသတဲ့အချိန်တိုင်းမှာ ဘယ်အချိန်ပဲ ပြပြပရိသတ်အတွက်ဖြစ်အောင် ဖန်တီးထားကြပါတယ်။ ကျွန်တော်တို့ အခုချိန်မှာ ရုပ်ရှင်ရုံတွေပေါ်မှာ ဇာတ်ကားကောင်းတွေ အဆင်ပြေမယ့်ဇာတ်ကားကောင်းတွေနဲ့ ပရိသတ်လက်ခံမယ့် ဇာတ်ကားတွေကို ရွေးချယ်ပြီးတော့ ပရိသတ်တွေကို ဖိတ်ခေါ်

နေပါတယ်။ ပရိသတ်တွေအနေနဲ့လည်း အခြားခြားသော ဖျော်ဖြေရေးနေရာတွေမှာ စည်းကားနေသလို ရုပ်ရှင်ရုံတွေမှာလည်း စည်းစည်ကားကားဖြစ်စေချင်ပါတယ်။ဒါမှလည်း ရုပ်ရှင်လောကကိုမှီခိုစားသောက်နေတဲ့ ရုပ်ရှင်လောကသား အများစုအတွက် စားဝတ်နေရေး ပညာရေး၊ ကျန်းမာရေး ကအစပြန်ပြီးတော့ အဆင်ပြေလာမှာ ဖြစ်ပါတယ်။အဲ့ဒါကြောင့် ကျွန်တော်တို့ကို တစ်ခေါက်ပြန်ပြီးတော့ အားပေးကြပါအုံးလို့ ဖိတ်ခေါ်ချင်ပါတယ်။"ဟု ၎င်း ကဆက်လက်ပြောကြားခဲ့သည်။

အဆိုပါ သဲသဲလှုပ် ရုပ်ရှင် ဇာတ်ကား မိတ်ဆက်ပြသပွဲတွင် ပါဝင်သရုပ်ဆောင်ထားသည့်အကယ်ဒမီနေတိုး၊ကျော်ထက်ဇော်၊အကယ်ဒမီ စိုးမြတ်သူဇာ၊ ရွှေမှုံရတီ၊ယွန်းရွှေရည် စသည်တို့အပြင် ရုပ်ရှင်အစည်းအရုံးမှ တာဝန်ရှိသူများ၊ ရုပ်ရှင်ထုတ်လုပ်သူများနှင့်အတူ ဒါရိုက်တာမိုက်တီး၊ ဒါရိုက်တာဝိုင်း၊ ဒါရိုက်တာညိုမင်းလွင် တို့အပြင် အနုပညာရှင်ပေါင်းများစွာ တက်ရောက်အားပေးခဲ့ကြောင်း သိရသည်။

Total Views ~ 196

ဆက်စပ်အကြောင်းအရာများ

ဆက်စပ်အကြောင်းအရာများ

စုစုပေါင်းကြည့်ရှုသူများ

43560

© 2022 - 2025 News. All Rights Reserved.