အကြမ်းဖက် pdf များက အပြစ်မဲ့ ပြည်သူ ၇ ဦးအား သတ်ဖြတ်ခဲ့

၂၀၂၃ ဖေဖော်ဝါရီ ၁၂ 

ယမန်နေ့ည ၁၀ နာရီအချိန်ခန့်တွင် အကြမ်း ဖက် pdf ၂၅ ဦးခန့်သည် တနသာ်ရီတိုင်းဒေသကြီး၊ ပုလောမြိုနယ်၊ပလောက်မြို၊ကျောက်လုံးကြီးကျေးရွာ အုပ်စု၊အရှေ့ကုန်းရွာနေ အုပ်စုအုပ်ချုပ်ရေးမှူး၊ပြည်သု့စစ် ခေါင်းဆောင်၊ပြည်ခိုင်ဖြိုး ဥက္ကဌ လည်းဖြစ်သူ ဦးမြင့်အောင် ၏ နေအိမ်အတွင်းသို  ဝင်ရောက်လာပြီး ဘယ်မှာလဲမြင့်အောင်၊မြင့်အောင်ဘယ်မှာလဲဟု အော်မေးကာ မတွေ့သဖြင့် ဦးမြင့်အောင်၏ မိသားစု များအား သေနတ်များဖြင့်  ပစ်ခတ်ခဲ့ရာ မိသားစုဝင်(၇)ဦးစလုံး နေရာတွင်ပင် ပွဲချင်းပြီး သေဆုံးခဲ့ကြောင်း၊ သေဆုံးသူ မိသားးစုဝင်များမှာ ဒေါ်ကြင်နွဲ (၆၁) နှစ်(ဘ) ဦးအေးရှီ(ဦးမြင့်အောင်၏ဇနီး)၊မသန်းသန်းမော် (၄၁) နှစ်(ဘ) ဦးမြင့်အောင်(သမီး)၊မောင်နေထက်သိန်း(၁၇) နှစ်(ဘ) ဦးထွန်းထွန်းနိုင်(မြေး)၊မောင်ဇေယျာအောင်(၁၆) နှစ်(ဘ) ဦးဝင်းဇော် (မြေး)၊မောင်စိုးမင်းပိုင်(၁၃) နှစ်(ဘ) ဦးထွန်းထွန်းနိုင်(မြေး)၊ မမေဇင်ဖြူ (၉) နှစ်(ဘ) ဦးထွန်းထွန်းနိုင်(မြေး)၊မောင်သားသား(၁) နှစ်(ဘ) ဦးထွန်းထွန်းနိုင် (မြေး)တိုဖြစ်ကြောင်း သတင်းရရှိ ပါသည်။


အကြမ်းဖက် PDF များအ  ဖြင့် အပြစ်မဲ့ပြည်သူအပေါ် လူမဆံစွာ ရိုင်းစိုင်းရုပ်မာစွာ ရက်ရက်စက်စက် လူမျိုးတုံးသတ်ဖြတ်မှုများကို ကျူးလွန်လျက်ရှိကြောင်း သိသာထင်းရှားသော သာဓကဖြစ်စဥ်များဖြစ်ကြောင်း ပေါ်လွင်စေပါသည်။

Total Views ~ 283

ဆက်စပ်အကြောင်းအရာများ

စုစုပေါင်းကြည့်ရှုသူများ

43340

© 2022 - 2025 News. All Rights Reserved.