၂၀၂၃ ဇူလိုင် ၂၈
အင်ဒိုနီးရှားအစိုးရ ရုံးစိုက်မယ့် မြို့တော်သစ်မှာ မြန်မာက ရင်းနှီးမြှုပ်သူတွေ လာရောက်ရင်းနှီးမြှုပ်နှံဖို့ ဖိတ်ခေါ်ထားတယ်လို့ ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှု ဦးစီးဌာန (DICA) က ပြောပါတယ်။
အင်ဒိုနီးရှားနိုင်ငံအစိုးရက လာမည့် ၂၀၂၄ ခုနှစ်တွင် ၎င်းတို့၏ လက်ရှိမြို့တော် ဂျကာတာ မှ မြို့တော်အသစ်ဖြစ်သော အရှေ့ကာလီမန်တန်ရှိ နူဆန်တာရာ (Nusantara) မြို့တော် သို့ တရားဝင်ပြောင်းရွှေ့ရန် စီစဉ်နေပြီး အဲဒီ မြို့တော်သစ် နူဆန်တာရာ (Nusantara) တွင် မြန်မာနိုင်ငံမှ စွန့်ဦးတီထွင် စီးပွားရေးလုပ်ငန်းရှင်များ သို့မဟုတ် ရင်းနှီးမြှုပ်နှံသူများ အား လာရောက်ရင်းနှီးမြှုပ်နှံရန် ဖိတ်ခေါ်ထားကြောင်း ဖော်ပြထားသည်။
အဆိုပါနူဆန်တာရာ (Nusantara)ရှိ ရင်းနှီးမြှုပ်နှံမှု စီမံကိန်းများနှင့် ပတ်သက်၍ မြန်မာနိုင်ငံမှ စိတ်ပါဝင်စားသည့် ရင်းနှီးမြှုပ်နှံသူ စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် အဆိုပါ စီမံကိန်းတာဝန်ရှိသူ၏ ဖုန်းအမှတ် +၆၂-၂၁-၂၇၀၉၉၁၀၀၊ အီးမေးလ် investasi@ikn.go.id နှင့် secretariat@ikn.go.id များသို့ တိုက်ရိုက်ဆက်သွယ်ဆောင်ရွက်နိုင်ကြောင်း DICA က ပြောပါတယ်။