၂၀၂၃ ၊ စက်တင်ဘာ ၃
အွန်လိုင်းစနစ်ဖြင့် ရောင်းချသည့် လုပ်ငန်းများအနေဖြင့် အောက်တိုဘာ ၂ ရက်မှစတင်ကာ လျှောက်ထားနိုင်ပြီး မှတ်ပုံတင် လျှောက်ထားသူများအနေဖြင့် ၂၀၂၃ ခုနှစ် ဒီဇင်ဘာလ ၃၁ ရက်ထိ မှတ်ပုံတင်ကြေး ကင်းလွတ်ခွင့်ပြုသွားမည်ဖြစ်ကြောင်း အောက်တိုဘာ ၂ ရက်တွင် ကျင်းပသည့် မြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ်တွင် ကျင်းပသည့် အွန်လိုင်း စနစ်ဖြင့်ရောင်းချခြင်း (Online Sale)လုပ်ငန်းများ မှတ်ပုံတင်ခြင်းအတွက် အသုံးပြုမည့် eComReg စနစ်ရှင်း လင်းတင်ပြခြင်းအခမ်းအနားမှ သိရသည်။
စီးပွားရေးနှင့် ကူးသန်းရောင်းဝယ် ရေးဝန်ကြီးဌာန၊ ကုန်သွယ်ရေးဦးစီးဌာန၊ ဒုတိယညွှန်ကြား ရေးမှူးချုပ် ဦးသိန်းထွန်းဦးက "အွန်လိုင်းကနေပြီးတော့ လွယ်လွယ်ကူကူ မှတ်ပုံတင်နိုင်ဖို့အတွက် Ecommerce စနစ်ကို ရေးဆွဲခဲ့ပါတယ်။ ဒီလို ရေးဆွဲတဲ့ နေရာမှာလည်းပဲ အွန်လိုင်းက ဈေးရောင်းတဲ့ သူတွေ အခက်အခဲမရှိစေဖို့နဲ့ အွန်လိုင်းကနေ ဝယ်ယူသုံးစွဲတဲ့သူတွေအတွက်လည်း အခက်အခဲမရှိစေ ဖို့အတွက် ပညာရှင်တွေရဲ့ အကြံပြုချက်တွေကိုလည်း ထည့်သွင်းခဲ့ပါတယ်။ အွန်လိုင်းစနစ်နဲ့ ရောင်း ချခြင်းဖြစ်တဲ့ လုပ်ငန်းတွေမှာ မှတ်ပုံတင်တဲ့ လုပ်ငန်းတွေအပေါ်မှာ မူတည်ပြီးတော့ မှတ်ပုံတင်နိုင်ဖို့ အတွက် ကုန်ပစ္စည်း၊ ဝန်ဆောင်မှုအုပ်စုပိုင်း ဆိုပြီးတော့ စနစ်မှာ ထည့်သွင်းထားပါတယ်။ အဲဒီအတွက် User Guide ကိုလည်း ထုတ်ပြန်ပေးထားပြီး ဖြစ်ပါတယ်။ မှတ်ပုံတင်မှာလည်း အလွယ်ကူဆုံးဖြစ်အောင် ဘယ်သူဆို အသုံးပြုနိုင်မယ့် စနစ်အဖြစ် ရေးဆွဲထားတာဖြစ်ပါတယ်။ မှတ်ပုံတင်ကြေးကိုလည်း အခက်အခဲမရှိစေမယ့် နှုန်းထားကို သတ်မှတ်ထားပါတယ်။ ၂၀၂၃ ခုနှစ် ဒီဇင် ဘာလ ၃၁ ရက်အထိကို ကနဦးကာလအဖြစ် သတ်မှတ်ပြီးတော့ မှတ်ပုံတင်ကင်းလွတ် ခွင့်ထုတ်ပေးထားမှာ ဖြစ်ပါတယ်။ မှတ်ပုံ တင် သက်တမ်းကို နှစ်နှစ်လို့ ဖော်ပြပေးထားပါတယ်။ အဲဒီ သတ်မှတ်မှတ်ပုံတင်ကြေးနဲ့ အွန်လိုင်း Restragition ဖောင်ကြေးကို ပေးသွင်းရမယ်လို့လည်း ဖော်ပြပါရှိပါတယ်။ ဒါပေမယ့် ၂၀၂၃ ဒီဇင်ဘာ ၃၁ ရက်ထိ မှတ်ပုံတင်ခွင့်ပြုထုတ်ပေးမှုတွေကိုတော့ မှတ်ပုံ တင်ကြေးကင်းလွတ်ခွင့်နဲ့ ထုတ်ပေးထားမှာ ဖြစ်ပါတယ်"ဟု ပြောကြားခဲ့သည်။
အဆိုပါ မှတ်ပုံတင်ကြေး ကင်း လွတ်ခွင့်ကို ဒီဇင်ဘာလ ၃၁ ရက်အထိကို သက်တမ်းခြောက်လ သတ်မှတ်ထားခြင်းဖြစ် ကြောင်း၊ အွန်လိုင်းစနစ်ဖြင့် ရောင်းချသူများ အနေဖြင့် မှတ်ပုံတင်ရာတွင်လည်း လိုအပ်သည့် အထောက်အထားများ ပူးတွဲတင်ပြရန် လိုအပ်သော်လည်း မှတ်ပုံတင်သူအနေဖြင့် အခက်အခဲ မရှိစေရန်အတွက် ပထမအဆင့် ထုတ်ပေးမှုတွင် ပူးတွဲလိုအပ်ချက်အနေဖြင့် အွန်လိုင်း Sales ၏ လိုဂိုအား မှတ်ပုံတင်ရမည်ဖြစ်ကြောင်း သိရသည်။
"တင်ပြတဲ့သူရဲ့ ရပ်ကွက်ထောက် ခံချက်ရယ်၊ ရဲစခန်းထောက်ခံချက်ရယ် ပူးတွဲတင်ပြမှုတွေနဲ့ ထုတ်ပေးသွားမှာ ဖြစ်ပါတယ်။ မှန်ကန်တဲ့ အထောက်အထားတွေ ဖြစ်ဖို့အတွက် လျှောက်ထားသူရဲ့ အွန်လိုင်း Sales ပိုင်ရှင်ကနေပြီးတော့ တာဝန်ယူရမှာဖြစ်ပါတယ်။ အွန်လိုင်းစနစ်နဲ့ ကုန်စည်နဲ့ ဝန်ဆောင်မှုတွေ သိရှိထားဖို့ အွန်လိုင်းစနစ်နဲ့ ရောင်းချခြင်းလုပ်ငန်းကို မှတ်ပုံတင်ခြင်းသာ ဖြစ်ပါတယ်။ မှတ်ပုံတင်ထားတဲ့ အတွက်ကြောင့် ကိုယ်ရောင်းချမယ့် ကုန် ပစ္စည်းပဲဖြစ်ဖြစ်၊ ဝန်ဆောင်မှုလုပ်ငန်းပဲဖြစ် ဖြစ် အခြားလိုက်နာရမယ့်ကိစ္စတွေကို ကျော်လွန်ပြီး ရောင်းချဖို့ ခွင့်ပြုပေးတာ မဟုတ်ပါဘူး။ မှတ်ပုံတင်ထားတဲ့သူက ရောင်းချတဲ့ ကုန်ပစ္စည်းဝန်ဆောင်မှုတွေကို သက်ဆိုင်ရာ ဌာနတွေ၊ အဖွဲ့အစည်းရဲ့ ကန့်သတ်မှုတွေ၊ ထုတ်ပြန်မှုတွေ၊ လိုအပ်ချက်တွေကို မဖြစ်မနေ လိုက်နာဆောင်ရွက်ရမှာ ဖြစ်ပါတယ်"ဟု ၎င်းက ဆက်လက်ပြောကြားခဲ့သည်။
အွန်လိုင်းစနစ်ဖြင့် ရောင်းချခြင်း လုပ်ငန်းများအနေဖြင့် မှတ်ပုံတင်လက်မှတ် လျှောက်ထားလို သူများသည် ရုံး၊ ဌာနများသို့ လူကိုယ်တိုင်လာရောက် ဆောင်ရွက်ရန် မလိုအပ်ဘဲ www.ecomreg.gov.mm မှတစ်ဆင့် အွန်လိုင်းစနစ်ဖြင့် ၂၀၂၃ ခုနှစ် အောက်တိုဘာလ၂ ရက်မှစတင်၍ လျှောက် ထားဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း သိရသည်။