HIV, AIDS အခမဲ့ ဖြန့်ဝေရာ ကွန်ရက်ဖြစ်နေသည့် တော်လှန်ရေး

၂၀၂၅၊ ဇူလိုင် ၁၂

ကန့်လန့်ကာ နောက်ကွယ်
    ပြဇာတ်တစ်ပုဒ်ကိုပဲကြည့်ကြည့်၊ ရုပ်ရှင်တစ်ကားကိုပဲကြည့်ကြည့် ကျွန်တော်တို့ ပရိသတ်များဆိုသည်မှာ ဒါရိုက်တာနှင့် သရုပ်ဆောင်များပြသသည့် မြင်ကွင်းကိုသာ ရှုကြည့်ရရဲ့ မဟုတ်လား။ အချို့အရာများသည် စနစ်တကျ ဇာတ်ညွှန်းဆင်ထားခြင်းကို ဆိုလိုရင်းဖြစ်ပြီး ကန့်လန့်ကာ နောက်ကွယ်က ဖြစ်ရပ် များသည် ပို၍ စိတ်ဝင်စားဖွယ်ကောင်းလှ၏။ အထူးသဖြင့် တော်လှန်ရေးဟုဆိုဆို၊ အရေးတော်ပုံဟုပြော ပြော အတုအယောင် မျှော်လင့်ချက်များနှင့် မိတ်ကပ်လိမ်းထားသည့် ဇာတ်ဝင်ခန်း တစ်ခန်းထက် မပိုဘူးဆိုသည်ကို ပါးနပ်သူတို့က သဘော ပေါက်လွယ်ခဲ့ကြသည်။ တစ်နည်းအားဖြင့် ပါးနပ်သူတို့က သဘော ပေါက်လွယ်သူဟုဆိုလျှင် တုံးအသူတို့က နှစ်ကာလ ကြာမြင့်နေသည်အထိ သဘောမပေါက်နိုင်ခဲ့ကြ။ ထိုကဲ့သို့သူမျိုး များများရှိလေ တော်လှန်ရေးက လုပ်စား၍ ကောင်းသည်ကို သတိပြုသင့်၏။ ယခု ပြန်လည် ဖောက်သည်ချ ဝေမျှလိုသည့် တော်လှန်ရေးနောက်ကွယ်က ဇာတ်လမ်းသည် မြန်မာနိုင်ငံသူ၊ နိုင်ငံသားတိုင်းနှင့် တစ်နည်းမဟုတ်တစ်နည်း သက်ဆိုင်နေကြောင်း သည်အကြောင်းအရာကို ဖွင့်ချသူက တောင်းဆိုထားသည်။

တော်လှန်ရေးသမားတို့၏ HIV သံသရာ
    "CDM လုပ်သွားတဲ့ ဆရာဝန်လင်မယားလေးက ကျွန်တော့်ကို ဖုန်းဆက်တယ်။ အဲဒီမှာရှိနေတဲ့ အခြေအနေတွေကို ပြောပြတယ်။ လက်ရှိအခြေအနေမှာ PDF ပေါင်းများစွာ၊ အခု ကယားပြည်နယ်မှာဆို ဒီမောဆိုး အနောက်ခြမ်းမှာရှိတဲ့ ဆေးရုံတွေ၊ ဆေးခန်းတွေ ဖွင့်ထားတယ်။ PDF တွေပေါ့။ ဒီထဲကို ရောက်နေသူက ကျွန်တော့်ကို ရင်ဖွင့်သွားတယ်။ သူတို့သည်လည်းပဲ နောက်ဆုံး အခြေအနေပဲတဲ့။ ဘာကြောင့်လဲဆိုရင် ကယားပြည်နယ် ဒီမောဆိုး အနောက်ခြမ်း အခြေအနေမှာ လူငယ်လူရွယ်ပေါင်း များစွာ HIV, AIDS Positive ဖြစ်တဲ့သူတွေ များနေပြီ။ အဲဒီနေရာမှာ အရေအတွက်အားဖြင့် ထောင်နဲ့ချီပြီး ရှိတယ်" တော်လှန်ရေးကန့်လန့်ကာ နောက်ကွယ်က ဇာတ်လမ်းကို စတင်မိတ်ဆက်လာခဲ့သည်။ မိတ် ဆွေအနေဖြင့် စောဒက တက်နိုင်ပါသည်။ သူပြောတိုင်း ယုံကြည်ရမလား ဆိုသည်ကိုပေါ့။ ယုတ္တိရှိ၊ မရှိ သူပြောသည့်ဇာတ်လမ်းကို ဆက်ပြီးကြည့်ကြပါစို့။
    "ဘာကြောင့်မို့ ဘာဖြစ်လာလည်းဆိုရင် ပထမဆုံး သွေးထဲကနေ ဖြစ်တယ်။ သွေးလှူကြ၊ သွေးလှူကြဆိုတော့ လူတိုင်း သွေးလှူကြတယ်။ အဲဒီကတစ်ဆင့်ရယ်၊ နောက်တစ်ခုက Tattoo ထိုးကြတာ။ နောက်တစ်ဆင့်က KTV တွေဖွင့်ပြီး လိင်ပိုင်းဆိုင်ရာကိစ္စကနေတစ်ဆင့် အဲဒီသုံးဆင့်အပြင် နောက်ထပ် တစ်ဆင့်က မူးယစ်ဆေးဝါးကိစ္စ အဲဒီလေးဆင့်ကနေပြီး သူတို့ သွားတွေ့တယ်။ ဘာလို့လဲဆိုတော့ သူတို့က CDM ဖြစ်တော့ အမြဲတမ်း နေ့တိုင်း သွေးတွေပေ၊ သွေးတွေ ကိုင်နေရတယ်။ ခွဲစိတ်တဲ့လူတွေ၊ သူတို့မှာလည်း Very Sensitive Issue ဖြစ်ပြီး တအားနဲ့ကို စိုးရိမ်နေရတဲ့ အခြေအနေဖြစ်တယ်။ သူတို့ လင်မယားနှစ်ယောက်က အသက် (၂၈)နှစ်၊ (၂၉)နှစ် လောက်ပဲ ရှိသေးတာ။ သူတို့ ကြောက်နေပြီ။ သူတို့ ထွက်ပြေးမယ်ဆိုလည်း မရဘူး။ ဒီလိုအခြေအနေပါ။ သူတို့လည်း တစ်နေ့ ဘာဆိုတာ ကျွန်တော်တို့ မသိနိုင်တဲ့အတွက် အခု ဒီလက်ရှိအခြေအနေကို ပြည်သူတွေသိအောင် ပြောပြပေးပါလားဆိုပြီး ကျွန်တော့်ကို ဖုန်းဆက်လာတဲ့အတွက် အားလုံး မိဘပြည်သူကို ကျွန်တော် တစ်ဆင့်စကားပါးလိုက်ရခြင်း ဖြစ်ပါသည်"ဟုသည်ဖြစ် ရပ်ဆိုးကြီးနှင့် နိစ္စဓူ၀ ကြုံတွေ့နေရသည့် ဆရာဝန်ဇနီးမောင်နှံက သူတို့၏ နောက်ကွယ်က အခြေအနေများကို ရသည့်နည်းနှင့် ပြည်သူထံ ချပြရန် အားထုတ်ခြင်း ဖြစ်သည်ဟု ဆိုနိုင်ပါသည်။

တော်လှန်ရေးရပ်ဝန်းတစ်ခုလုံး ကူးစက်နေသည့် ရောဂါ
    ထွက်ပြေးလို့မရ၊ အထူးသဖြင့် ရုန်းထွက်၍ မရသည့် ဆရာဝန်ဇနီးမောင်နှံ၏ ထွက်ပေါက်သည် ဘာများ ဖြစ်နိုင်မည်နည်း။ ရောင်စုံမီးရောင်အောက်က မိတ်ကပ်အဖွေးသားနှင့် ကချေသည်က ဖျော်ဖြေ ရေးအတွက် ကြည့်၍ကောင်းမည် ဖြစ်သည်။ နံနက်မိုးသောက်၍ လိမ်းချယ်ထားသည့် မိတ်ကပ်လည်း ဖျက်၊ ရောင်စုံမီးများလည်း မရှိသောအခါ လက်ခွကြားက ဝဲçယားနာကို မျက်ဝါးထင်ထင် တွေ့မြင်ရသည့် ကချေသည်ကဲ့သို့ ပကတိ အရှိတရားကို အများပြည်သူသိစေချင်ရုံ သက်သက်သာ သူတို့ဇနီးမောင်နှံ ဆန္ဒရှိနေသည့်သဘော ဖြစ်၏။
    "သူတို့ အခြေအနေကတော့ သူတို့လည်း ဘယ်အချိန် Positive ဖြစ်မယ် မသိဘူးတဲ့။ သွေးတွေ ကိုင်နေရတာ ဒီမှာ သွေးတစ်ပုလင်းကို နှစ်သိန်းတဲ့။ ဘာလို့လဲဆို အကုန်လုံးကို သွေးလိုက်ဖောက်တယ်။ တချို့ ပိုက်ဆံမရှိတဲ့သူလည်း သွေးဖောက်ပြီးတော့ ဆေးရုံမှာ လာထားတယ်။ ပြီးရင် အဲဒီကမှတစ်ဆင့် သွေးပြန် သွင်းတယ်။ Tattoo ထိုးတဲ့ သူတွေကတစ်မျိုး၊ KTV တွေ ဖွင့်ပြီးတော့ လိင်ပိုင်းဆိုင်ရာ ဖျော်ဖြေရေး လုပ်ငန်းကလည်း ဒီလိုပဲ တစ်ဆင့်ကူးနေကြတယ်။ ဒီ့ထက်ပိုဆိုးတာက အသည်းရောင်အသားဝါ B ပိုးနဲ့ B ပိုးက လူတိုင်း နီးနီးလောက်ကို ပျံ့နေတယ်။ ဒီကိစ္စတွေနဲ့ပတ်သက်လို့ ပြောရင်လည်း လက်မခံကြဘူး။ ဒါဟာ တကယ့်ဖြစ်ရပ်ကြီး ဖြစ်နေတယ်။ ဒီဟာကလည်း ဒီနေရာတစ်ခုတည်း ဖြစ်တာမဟုတ်ဘူး။ ဟိုး ကရင်ပြည်နယ်ဘက်မှာလည်း ဒီလိုပဲဖြစ်တယ်။ ချင်းပြည်နယ်ဘက်မှာတို့၊ ရှမ်းမြောက်တို့၊ အညာဒေသ ဟိုဘက်အစွန်အဖျားတွေမှာ တော်တော် ဖြစ်ကြပါတယ်။ အဓိက HIV ပိုးများသလားဆိုတာ ထက် B ပိုး၊ C ပိုးလည်း များတယ်။ သူတို့ကို စမ်းသပ်တဲ့နေရာမှာ နှုတ်ခမ်းတွေဆို ပြာနေတယ်။ ပြီးရင် အသက်ရှူ တာကစပြီး တော်တော်ဆိုးဆိုး ရင်ဆိုင်နေရတယ်"ဟု အော့နှလုံးနာစရာ အဖြစ်အပျက်များကို ပြော ပြလေသည်။

မာဝီ အသာတကြည် ခွင့်ပြုထားသည်များ
    သည်ဖြစ်ရပ်၊ သည်အခြေအနေများကိုသည် ဇာတ်လမ်းဇာတ်အိမ်ထဲ ပါဝင်ကပြ အသုံးတော်ခံသူတိုင်း မသိကြသည်မဟုတ် သိသိကြီးနှင့် သေမထူး နေမထူးဇာတ် ခင်းနေသည့်ဟန် ဖြစ်နေပုံရ၏။
    "ကျွန်တော်တို့မှာလည်း သုတေသနတွေနဲ့ ဒါကြီးကို တင်ပြရင် အပြင်မပေါက်ကြားပါနဲ့။ ဒီလိုနဲ့ ကျွန်တော်တို့ လင်မယားနှစ်ယောက်လည်းပဲ ကုပေးနေရတာ။ ကျွန်တော်တို့လည်း နေ့လား၊ ညလား မသိဘူး။ ဆိုတော့ ဒီအကြောင်းတွေကို ဒီနေ့ မြန်မာပြည်မှာရှိတဲ့ မိဘပြည်သူတွေ၊ PDF ကို တကယ် အားပေးထောက်ခံတဲ့ မိဘတွေရော၊ PDF မှ PDF ချစ်တဲ့ မိဘတွေရော၊ ကိုယ့်သားသမီး ဏီၤ ဖြစ်နေတဲ့သူ အားလုံးကို ပေးသိစေချင်လို့ သူက တစ်ဆင့်စကား ပြောလိုက်တယ်။ ခင်ဗျားတို့ မယုံလို့ရှိရင် ခင်ဗျားတို့ သားသမီးတွေကို ဆေးစစ်ကြည့်လိုက် အဲဒီအခါကျရင် အဖြေထွက်သွားလိမ့်မယ်။ သူက ကျွန်တော့်ကို တော်တော်ခင်လို့ အသက်နဲ့ရင်းပြီး ရင်ဖွင့်တဲ့စကားတွေပါ။ ထပ်ပြောတာက လွိုင်ကော်မြို့ကို ပြန်လည် ထူထောင်တဲ့အခါ ပြန်ဝင်လာတဲ့ သူတွေကို သေချာဆေးစစ်ခိုင်းပါ။ သေချာစာရင်း ပြုစုကြပါ။ ဘာကြောင့် လည်းဆို ဒီမှာက လူတိုင်းနီးပါးက Positive ဖြစ်နေတယ်။ ဒီအခြေအနေမျိုးကို သက်ဆိုင်ရာ အကြီးအကဲတွေအထိ သူတို့အနေနဲ့ သိစေချင်တယ်။ နိုင်ငံအကျိုးစီးပွား ထိခိုက်မယ့်အရာမို့ သူတို့က သိစေ ချင်တာ။ အဲဒီမှာ စစ်သင်တန်းတက်ဖို့ လာတဲ့သူမှန်သမျှ Tattoo မကလို့ ဘာကြီးဖြစ်နေပါစေ ဆေးမစစ်ဘူးတဲ့။ သွေးပေါင်မချိန်ဘူး ချက်ချင်း သင်တန်းတက်ခိုင်းတာ။ အဲဒါကို ပြောပြတယ်။ ဆေးစစ်သင့်တယ်။ တစ်ယောက်နဲ့တစ်ယောက် ခွက်တစ်ခုတည်းမှာ ထမင်းအတူစားရင် တောင် သွားရောဂါပိုး ပါမလား၊ B ပိုး၊ C ပိုး ကူးမလား အဲဒီပိုးတွေရှိရင် CDM ဖြစ်နိုင်ခြေရှိတယ်။ ရောဂါဒဏ် မခံနိုင်မှာကြောက်လို့ ဒါကို တင်ပြတာတောင် ကျွန်တော်တို့၊ ကျွန်မတို့ အပြစ်ပြောခံရတယ်"ဟု မာဝီတို့၏ အသာတကြည်ခွင့်ပြုပြီး မသိချင်ယောင် ဆောင်ထားသည့် အခြေအနေနှင့် တိုင်းပြည်အကျိုးစီးပွား နှိုင်းယှဉ်ကာ CDM ဖြစ်သော် လည်း ပြောသင့်သည့်စကားကို ပြောသည်ဟု ဆိုနိုင်ပါသည်။


သူတို့၏ နောက်ဆုံးဆန္ဒလေလား
    သည်ဖြစ်ရပ်ကြီးကို နေ့စဉ် မြင်တွေ့နေရပြီး ရုန်းမထွက်နိုင်သည့် ဆရာဝန်ဇနီးမောင်နှံ၏ ခံစားချက်ကို နှလုံးသားရှိသူတို့ နားလည်ခံစားနိုင်ကြလိမ့်မည် ဖြစ်သည်။ ဆူးကြားထဲက ဘူးခါးဟု ဆိုမလား။ ကလေးငယ်တစ်ယောက် ပျော်ပျော်ရွှင်ရွှင်နှင့် ဆော့ကစားလိုက်သည့် ဆပ်ပြာပူဖောင်းတစ်လုံးလေလား။ အထိအရှမခံသည့် အခြေအနေဖြစ်နေသည်။ ရှေ့တိုးလျှင်ထမ်းပိုး၊ နောက်ဆုတ်လျှင်လည်းတုတ် ဆိုသကဲ့သို့ သူတို့၏ အခြေအနေသည်လည်း ဆုပ်လည်းဆူး စားလည်းရူး ဖြစ်နေလေသည်။ ဤအခြင်းအရာများကို အပြင်ကို မပေါက်ကြားစေရန် အထပ်ထပ် သတိပေးသည့်ကြားက မြေပြင်ပကတိ အရှိတရားကို သက်ဆိုင်ရာ တာဝန်ရှိသူများနှင့် မိဘ ပြည်သူများကို သိစေချင်သည့် ဆန္ဒသည် သေမထူးနေမထူးဘဝမှ နိုင်ငံ့သားကောင်း ပီသသွားချင်ယုံမျှသာဟု သူတို့ကို အသိအမှတ်ပြုမိပါ၏။
    "ဒီနေ့ ကိုယ့်သားသမီး PDF လေးတွေ၊ ခင် ဗျားတို့ရဲ့ ရင်သွေးလေးတွေ၊ ဒီရောဂါ ကပ်ဘေးကြီးဖြစ်အောင် ဒီငရဲတွင်းကြီးက ခင်ဗျားတို့ NLD နီပိတ်မှနီပိတ် သုံးဆောင်ကြမယ့် စားတော်ပွဲကြီးဆိုရင် ခင်ဗျားတို့ သားသမီးတွေ ကျည်ဆန်ထိမသေဘဲ ရောဂါသုံးမျိုး၊ Virus သုံးမျိုးက လောလောဆယ် ရောက်နေပြီ။ ခင်ဗျားတို့ ဒါကို ဘယ်လိုလုပ်ကြမလဲ။ ဒီကနေတစ်ဆင့် ခင်ဗျားတို့နေတဲ့ မြို့တွင်းမှာနေတဲ့ ခင်ဗျားတို့ ဆီကို ကူးစက်လာ မယ်ဆိုရင် ဘယ်လိုလုပ်ကြမလဲ။ ဒါကြောင့်မို့ ဒီဇနီးမောင်နှံက ခင်ဗျားတို့ကို တကယ် သတိပေးလိုက်ပြီ"ဟု ဆရာဝန် ဇနီးမောင်နှံ ရင်ဖွင့်ခဲ့သူက အများပြည်သူကို သိစေချင်ကြောင်း ပြောထား လေသည်။
    သည်ဖြစ်စဉ်ကို မြင်ရကြားရအပြီး ဝမ်းမသာ နိုင်ခဲ့သလို ထူး၍လည်း ဝမ်းမနည်းခဲ့ပါ။ ကိုယ့်လုပ် ရပ်နှင့်ကိုယ် ထိုက်သည့်အရာကို ရရှိကြရခြင်း မဟုတ်ပါလား။ သို့သော်လည်း မိမိလုပ်ရပ်ကြောင့် တစ်ပါးသူ မထိခိုက်စေရန်က လူသားဆန်သည့် စိတ်ဓာတ်နှင့် ဦးစားပေးရမည့်အရာ မဟုတ်ပါလား။
(ရွှေထီး ) 
(TREND News ဂျာနယ်အတွဲ(၄)၊ အမှတ်( ၂၅ ) တွင်ပါရှိသော ဆောင်းပါးအား တဆင့်ပြန်လည်မျှဝေခြင်းဖြစ်ပါသည်။ )

Total Views ~ 6

ဆက်စပ်အကြောင်းအရာများ

စုစုပေါင်းကြည့်ရှုသူများ

46731

© 2022 - 2025 News. All Rights Reserved.