ကချင်ပြည်နယ် ရေခဲတောင်ဒေသများတွင် ခရီးသွားလာရေးဆိုင်ရာ ရင်နှီးမြှုပ်နှံမှုများ ပြုလုပ်ရန် ထိုင်းနိုင်ငံကို ဖိတ်ခေါ်

၂၀၂၄ ၊ မတ် ၂၀
    မြန်မာနိုင်ငံ(မြောက်ပိုင်း) ကချင်ပြည်နယ်ရှိ ရေခဲတောင်တန်းခရီးစဉ် ဒေသသည် အာဆီယံအဖွဲ့ဝင်နိုင်ငံများအနက် တစ်ခုတည်းသော ထင်ရှားကျော်ကြားသည့် ခရီးစဉ်ဒေသတစ်ခုဖြစ်သဖြင့် ထိုင်းနိုင်ငံမှ စီးပွားရေးလုပ်ငန်းရှင်များ ယင်းဒေသသို့ လာရောက်ရေးနှင့် ခရီးသွားလုပ်ငန်းဆိုင်ရာ ရင်းနှီးမြှုပ်နှံမှုများ ဖိတ်ခေါ်ရေး ဆွေးနွေးခဲ့ ကြောင်း သိရသည်။
    ဟိုတယ်နှင့် ခရီးသွားလာရေးဝန် ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်သက်ခိုင်သည် ထိုင်းနိုင်ငံ Pearl Vaca-tions Co., Ltd  မှ CEO ဖြစ်သူ Mr. Komsan Tungthirasuk ဦးဆောင်သော ထိုင်းနိုင်ငံ၏ နာမည်ကျော်အနုပညာရှင်များနှင့် ခရီးသွား မှတ်တမ်းရိုက်ကူးရေးပညာရှင်အဖွဲ့အား မတ်လ ၁၈ ရက်က လက်ခံတွေ့ဆုံစဉ် အထက်ပါအတိုင်း ပြောကြားခဲ့သည်။
    အဆိုပါတွေ့ဆုံမှုတွင် ထိုင်းနိုင်ငံမှ ခရီးသွားဧည့်သည်များနှင့် နိုင်ငံတကာမှ  ခရီးသွားဧည့် သည်များ မြန်မာနိုင်ငံ၏ ခရီးစဉ်ဒေသများကို ပိုမိုသိရှိပြီး လာရောက်လည် ပတ်နိုင်ရန်အတွက် နှစ်နိုင်ငံပူးပေါင်း၍ ခရီးသွားမြှင့်တင်ရေးဆိုင်ရာ ကိစ္စရပ်များကို ဆောင်ရွက်သွားမည့်အခြေအနေ၊ ထိုင်း-မြန်မာ နှစ်နိုင်ငံ ခရီးသွားမြှင့်တင်ရေးအစီအ စဉ်များကို ရေးဆွဲပြီး ထိုင်းနိုင်ငံမှ ခရီးသွား ဧည့်သည်များအပြင် နိုင်ငံတကာမှ ခရီးသွား ဧည့်သည်များကိုလည်း ဖိတ်ခေါ်နိုင်ရေးဆွေး နွေးခဲ့ကြောင်း သိရသည်။
    ထို့အပြင် မြန်မာနိုင်ငံ(မြောက်ပိုင်း) ကချင်ပြည်နယ်ရှိ ရေခဲတောင်တန်း ခရီးစဉ်ဒေသသည် အာဆီယံအဖွဲ့ဝင်နိုင်ငံ များအနက် တစ်ခုတည်းသော ထင်ရှားကျော် ကြားသည့် ခရီးစဉ်ဒေသတစ်ခု ဖြစ်သဖြင့် ထိုင်းနိုင်ငံမှ စီးပွားရေးလုပ်ငန်းရှင်များ ယင်းဒေသသို့ လာရောက်ရေးနှင့် ခရီးသွားလုပ် ငန်းဆိုင်ရာ ရင်းနှီးမြှုပ်နှံမှုများ ဖိတ်ခေါ်ရေး၊ မြန်မာနိုင်ငံ၏ ခရီးစဉ်ဒေသများနှင့် ခရီးသွားဆွဲ ဆောင်ရာနေရာများကို ခရီးသွားမြှင့် တင်ရေးဗီဒီယိုများ ရိုက်ကူး၍ ဆိုရှယ်မီဒီယာ များမှတစ်ဆင့် ကျယ်ကျယ်ပြန့်ပြန့် မြှင့်တင် ဆောင်ရွက်နိုင်ရေး၊ ပြည်ပခရီးသွားမှတ်တမ်း ရိုက်ကူးရေးပညာရှင်များနှင့် ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ရေးဆိုင်ရာ ကိစ္စရပ်များကို  ဆွေးနွေးခဲ့ကြောင်း သိရသည်။
    အဆိုပါ ထိုင်းနိုင်ငံ Pearl Vacat-ions Co., Ltd မှ CEO Mr. Komsan Tungthirasuk ဦးဆောင်သော ထိုင်းနိုင်ငံ၏ နာမည်ကျော်အနုပညာရှင်များနှင့် ခရီးသွား မှတ်တမ်းရိုက်ကူးရေးပညာရှင်အဖွဲ့သည် နေပြည်တော်ရှိ မာရဝိဇယဗုဒ္ဓရုပ်ပွားတော် မြတ်ကြီးနှင့် ခရီးသွားဆွဲဆောင်ရာနေရာများ၊ မန္တလေးမြို့ရှိ ခရီးစဉ်ဒေသ များနှင့် ခရီးသွား ဆွဲဆောင်ရာ နေရာများကို ခရီးသွားမြှင့်တင်ရေး ဗီဒီယိုများ သွားရောက်ရိုက်ကူးသွားမည်ဟု သိရသည်။

Total Views ~ 150

ဆက်စပ်အကြောင်းအရာများ

စုစုပေါင်းကြည့်ရှုသူများ

43463

© 2022 - 2025 News. All Rights Reserved.