ရန်ကုန်၊ စက်တင်ဘာ ၂၅
မြန်မာနိုင်ငံအတွင်း ရာဂီမုန်တိုင်းနှင့် ဆက်စပ်ဖြစ်ပွားသော ရေဘေးကြောင့် ရေဘေးဒဏ်သင့်ခဲ့ရသည့်ဒေသများ၌ ကူညီကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေး လုပ်ငန်းများ ဆောင်ရွက်ရန်အတွက် စေတနာရှင်၊ အလှူရှင်များက အလှူငွေများပေးအပ်လှူဒါန်ခြင်းမှာ နိုင်ငံ၏ ဝန်တစ်စိတ်တစ်ပိုင်းကို တာဝန်ယူလိုက်ခြင်းဖြစ်ကြောင်းနိုင် ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောကြားသည်။
ကူညီကယ်ဆယ်ရေးနှင့်ပြန်လည် ထူထောင်ရေးအတွက် အလှူရှင်များက အလှူငွေပေးအပ်လှူဒါန်းပွဲကို စက်တင်ဘာလ ၂၁ ရက်က နေပြည် တော် မြို့တော်ခန်းမ၌ပြုလုပ်ရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက်၍ အလှူငွေများလက်ခံပြီး ကျေးဇူးတင်စကား ပြောကြားရာတွင် အထက်ပါအတိုင်း ထည့်သွင်းပြော ဆိုခဲ့ခြင်း ဖြစ်သည်။
နိုင်ငံတော်အစိုးရအနေဖြင့် ရေဘေးကူညီကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများအတွက် ငွေကျပ်ဘီလီယံ ၃၀ သုံးစွဲရန်လျာထားပြီး ယခုလှူဒါန်းသည့် စေတနာရှင်၊ အလှူရှင်များ၏ အလှူငွေများဖြင့်လည်း ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ သဘာဝဘေးဒဏ်ဆိုသည်မှာ ဖြစ် ပွားပြီးပါက အမြန်ဆုံးပြန်လည် ထူထောင်မှုပြုလုပ်ရန် လိုအပ်မည်ဖြစ်ကြောင်း ပြောကြားသည်။
"ဒီနေ့လှူတဲ့ ပိုက်ဆံက ၃၁ ဘီလီယံကျော်ဟာ နည်းတဲ့ပိုက်ဆံမဟုတ်ပါဘူး၊ ကျွန်တော် တော်တော်ကြီးကို ကျေးဇူးတင်ပါတယ်။ ကျွန်တော်တို့လည်း ငွေသုံးရတာနဲ့ ပတ်သက်လို့ရှိရင်၊ အရမ်းသုံးလို့လည်း မရပါဘူး၊ အရမ်းသုံးလို့ရှိရင် ဘတ်ဂျက်မှာလည်း သွားပြီးတော့ အများကြီး စကားပြောပါတယ်။ ဒါကြောင့် ဒီနေ့လှူဒါန်းတဲ့ဟာက နိုင်ငံရဲ့ဝန်တစ်ခုကို တစ်စိတ်တစ်ပိုင်းတာဝန်ယူပေးလိုက်တာလည်း ဖြစ်ပါတယ်။ ကျွန်တော်မှတ်ထားပါမယ်။ ဒီဟာနဲ့ပတ် သက်ပြီးတော့ မှတ်ထားပါမယ်။ ကျွန်တော် တကယ်မျှော်လင့်တုန်းက သုံး၊ လေး ဘီလီယံလောက်ပဲ မျှော်လင့်ပါတယ်၊ ထပ်လောင်း ပြောရလို့ရှိရင် သဒ္ဓါတရား ထက်သန်စွာနဲ့ ဒီနေ့ငွေတွေ လာလှူပေးကြတဲ့ အလှူရှင် များ၊ လူပုဂ္ဂိုလ်များ၊ အဖွဲ့အစည်းများအား လုံးကို ထပ်လောင်းပြီးတော့ ကျေးဇူးတင်ကြောင်း ပြောပါရစေ"ဟု နိုင်ငံတော်စီမံ အုပ် ချုပ်ရေးကောင်စီဥက္ကဋ္ဌကပြောသည်။
ရေဘေးဒဏ်သင့်ခဲ့ရသည့် ဒေသများ၌ ကူညီကယ်ဆယ်ရေးနှင့် ပြန်လည်ထူ ထောင်ရေး လုပ်ငန်းများ ဆောင်ရွက်ရန်အတွက် စေတနာရှင်၊ အလှူရှင်များက စုစုပေါင်းအလှူငွေ ငွေကျပ်သန်း ပေါင်း ၃၂၂၃၀ (ငွေကျပ် ၃၂ ဒသမ ၂ ဘီလီယံ)ကျော် လှူဒါန်းထားကြောင်း သိရသည်။ ထူးမြတ်