Breaking

ခရီးသွားရာသီ ပုဂံရှိဟိုတယ် ရာခိုင်နှုန်း ၅၀ ဖွင့်လှစ်ထား၊ ကုန်ဈေးနှုန်းကြီးမြင့်မှု အခက်အခဲတချို့ရှိ နေသော်လည်း အခန်းခဈေးနှုန်းကို ထိန်းပြီးလည်ပတ်နေ 

၂၀၂၃ စက်တင်ဘာ ၃
    ခရီးသွားရာသီအမီ ပုဂံရှိ ဟိုတယ်အာလုံး၏  ရာခိုင်နှုန်း ၅၀ ဖွင့်လှစ်ထား ပြီဖြစ်ကြောင်း မြန်မာနိုင်ငံဟိုတယ်လုပ်ငန်းရှင်များအသင်းမှ သိရသည်။ 
    "အခု လောလောဆယ်ကတော့ ဟိုတယ်တွေကတော့ အဆင်သင့် ဖြစ်နေပါပြီ။ ရှိသမျှ ဟိုတယ်အားလုံးရဲ့ ရာခိုင်နှုန်း ၅၀ ဖွင့်ထားပါတယ်။ အားလုံးအပြည့်အစုံ Full facilities ပေါ့။ ကျန်တဲ့ဟို တယ်တွေကတော့ wait and see ပေါ့။ ဖွင့်မယ်ဆိုလည်း ဖွင့်လို့ရတယ်။ ဒါပေမဲ့ မဖွင့်သေးဘဲနဲ့ ပြင်ဆင်ရင်း စောင့်နေတာတွေလည်းရှိတယ်"ဟု မြန်မာနိုင်ငံ ဟိုတယ်လုပ်ငန်းရှင်များအသင်း (ပုဂံဇုန်)ဥက္ကဋ္ဌ ဦးဇော်ဝိတ်က ပြောသည်။
    မန္တလေးတိုင်းဒေသကြီး၊ ညောင် ဦးမြို့နယ်ရှိ ပုဂံရှေးဟောင်းယဉ်ကျေးမှု နယ်မြေအတွင်းတွင် ဟိုတယ်အလုံးပေါင်း ၁၆၀ ခန့်ရှိနေပြီး ဟိုတယ်အားလုံး၏ ရာခိုင်နှုန်း ၅၀ ဖြစ်သည့် ဟိုတယ်အလုံးရေ ၈၀မှာ ခရီး သွားရာသီအမီ ဖွင့်လှစ်ထားခြင်း ဖြစ်သည်။ထို့အပြင် လုပ်ငန်းရှင်များအနေဖြင့် ကုန် ဈေးနှုန်းကြီးမြင့်မှု အခက်အခဲတချို့ ရှိနေ သော်လည်း အခန်းခဈေးနှုန်း မတက်စေရန် ထိန်းပြီး လုပ်ကိုင်လည်ပတ် ဆောင်ရွက် နေကြောင်း ဦးဇော်ဝိတ်က ပြောသည်။ 
    ''ပုဂံက လောလောဆယ်တော့ လျှပ်စစ်မီးမှန်လာတယ်။ အရင်ထက်စာလို့ရှိရင် မီးကောင်းသွား တယ်ပေါ့။ နောင်တော့ ဘယ်လိုပုံစံပေးမလဲ မသိသေးဘူး။ အခု လောလောဆယ်ကတော့ ကောင်း နေတယ်။အဓိကကတော့ ကုန်ဈေးနှုန်းတွေ ကြီးနေတဲ့ ဒဏ်တော့ ခံကြရတယ်။ ဟိုတယ်သုံးပစ္စည်း တွေ ဈေးတက်နေတယ်။ နောက်တစ်ခါဟိုတယ်သုံး အစားအသောက်နဲ့ ပတ်သက်တဲ့ ပစ္စည်းဈေး တွေက နှစ်ဆ၊ သုံးဆ တက်နေတယ်။ ဒါပေမဲ့ ဟိုတယ်တွေကတော့ အခန်း ခဈေးနှုန်းကိုတော့ အတတ်နိုင်ဆုံး ထိန်းပြီးတော့ လုပ်နေကြပါတယ်။ ဈေးသိပ်ပြီးတော့ မတင်ကြပါဘူး"ဟု ၎င်းက ဆက်ပြောသည်။
    ပြီးခဲ့သည့် ၂၀၂၂ ခုနှစ် သြဂုတ်လအတွင်းက လက်ရှိကာလတွင် ပုဂံဒေသသို့ ခရီးသွား ဝင်ရောက်မှုများ နည်းပါးနေသည့်အပြင် လျှပ်စစ်မီး ပုံမှန်မရရှိခြင်းနှင့် စက်သုံးဆီဈေးနှုန်း မြင့်တက် နေမှုကြောင့် ပုဂံဟိုတယ်ဇုန်ရှိ ဟိုတယ်များ ဖွင့်လှစ်ရန် အခက်အခဲများရှိခဲ့ကြောင်း သိရသည်"လျှပ် စစ်မီးကြောင့်တော့ အခက်အခဲမရှိတော့ပါ ဘူး။ အဲဒီလိုတော့ မရှိတော့ပါဘူး"ဟု ဦးဇော်ဝိတ်က ပြောသည်။
    ပြည်တွင်းခရီးသွား ဝင်ရောက်မှု အခြေအနေအရ တည်းခိုခန်း၊ စည်ပင်သာယာ၊ ဘုန်ကြီးကျောင်းတို့တွင် တည်းခိုသူများ ရှိနေကြ၍  စာရင်းဇယား အတိအကျမသိရ ဟုဆိုသည်။ ပြီးခဲ့သည့် ပွင့်လင်းရာသီတွင် ပြည်တွင်းခရီးသွား လေးသိန်းဝန်းကျင်ရှိပြီး ပြည်ပခရီးသွား ထောင်ဂဏန်းသာရှိမည်ဟု ၎င်းက ခန့်မှန်းထားသည်။ ယခု ပွင့်လင်းရာသီတွင်လည်း ပြည်တွင်းခရီးသွားများ ပုံမှန်လာနေကြမည်ဖြစ်ပြီး ပြည်ပခရီးသွား ဝင်ရောက်မှု အခြေအနေမှာလည်း နိုင်ငံ တော်၏ မူဝါဒအပေါ်မူတည်ကာ ဝင်ရောက် လာလိမ့်မည်ဟု မျှော်လင့်ကြောင်း မြန်မာ နိုင်ငံ ဟိုတယ်လုပ်ငန်းရှင်များအသင်း (ပုဂံ ဇုန်)ဥက္ကဋ္ဌ ဦးဇော်ဝိတ်က ပြောသည်။ 

Total Views ~ 185

ဆက်စပ်အကြောင်းအရာများ

ဆက်စပ်အကြောင်းအရာများ

စုစုပေါင်းကြည့်ရှုသူများ

44994

© 2022 - 2025 News. All Rights Reserved.